အွန်လိုင်းတွင် ဒုတိယ ဘဝပိုင်ဆိုင်သူများအတွက် သိမှတ်စရာ
Virtual World လို့ခေါ်ပါသတဲ့လေ။Virtual World ဆိုတာ ကွန်ပြူတာ မှာဖန်တီးထားတဲ့ ဒုတိယကမ္ဘာလေးပါတဲ့။ခုအွန်လိုင်းမှာ ဒီစာကို ဖတ်တယ်။ ပြီးတော့ ကွန်းမင့်ဝင်ပေးသွားတယ်။ဟုတ်ကဲ့။အဲဒါ virtual world မှာ ဖြစ်တဲ့ အရာတွေပါ။
ဂိမ်းနဲ့ ဥပမာပေးရင် ပိုပေါက်လွယ်ပါတယ်။WOW ဆော့တယ်ဆိုပါစို့။ကိုယ်ကဟီးရိုးတစ်ကောင်ကိုင်ပြီးပွဲပြီးတဲ့ အထိ စွဲစွဲမြဲမြဲဆော့တယ်။ဟုတ်ကဲ့။ယင်းဟီးရိုးဟာ ကိုယ့်ရဲ့  ဒုတိယ ကမ္ဘာက ကိုယ်ခွဲ ဖြစ် ပါတယ်။ အွန်လိုင်းဂိမ်းတွေဆော့တယ်။အပြင်မှာ တကယ်မတွေ့ရပဲ အွန်လိုင်းမှာ ခင်တယ်။စကားပြောတယ်။ ယင်းပြုလုပ်ချက်များက Virtual World မှာပဲ ဖြစ်ပျက်သွားခြင်း ဖြစ်ပါတယ်။အွန်လိုင်းမှာ မာဖီးယား ဂိမ်းဆော့တယ် ပိုက်ဆံခိုးတယ်။လူသတ်တယ်။အပြင်မှာကျ တကယ်ဘယ်ဟုတ်မလဲလေ။
Gtalk မှာ စကားပြောတယ်။မိန်းကလေးလား၊ ယောင်္ကျားလေး လား မေးတယ် ။တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်ကျူတယ်။အွန်လိုင်းမှာ ရည်းစားထားတန်းတွေ ကစားတယ်။တကယ် လည်း ဖြစ် တယ်။ဟုတ်ကဲ့။အပြင်မှာ မတွေ့မချင်းအွန်လိုင်းမှာ ချစ်သူတွေဖြစ်ကြတာဟာလည်း Virtual World မှာ ဖြစ်ပျက်ခြင်း သာ ဖြစ်ပါတယ်။
ဒါကြောင့်ပဲ အွန်လိုင်းမှာ စကားပြောကောင်းလို့၊ ဓာတ်ပုံအတင်လှလို့ အပြင်မှာ တွေ့ဖို့ချိန်းတဲ့အခါစိတ်ထဲမှာ ထင်ထားတဲ့ ပုံပန်းသဏ္ဍန် မဟုတ်တာမျိုးတွေ ကြုံရတာပဲလေ။ ဒါအရှင်းဆုံးပဲ။စာရေးသူ ကရေးလိုက်ရင် ဆုံးမစကားအမြဲပါတော့ မဆုံးမပဲ မနေနိုင်သလိုလို။ ဒီလိုလေးပါ။
Virtual World ဟာ ကိုယ့်ရဲ့ ဘဝ အစစ်အမှန်မဟုတ်ပါဘူး။Facebook ဟာ ကိုယ့်ဘဝ အစစ်အမှန် မဟုတ်ပါဘူ။ Gtalk ဟာကိုယ့်ဘဝ အစစ်အမှန်မဟုတ်ပါ့ဘူး။သူ့ဘဝ အစစ်အမှန်လည်း မဟုတ်ပါဘူး။G talkမှာ စကားပြောကောင်းတိုင်းအပြင်မှာ တွေ့ဖို့ဇွတ်မချိန်းပါနဲ့။ Facebookမှာ ပုံတင်လှတိုင်း အပြင်မှာ လှတယ် မထင်ပါနဲ့။အပြင်မှာ လှတိုင်းလည်း အွန်လိုင်းမှာ ရှိချင်မှရှိမယ်။ရှိလည်း တိတ်တိတ်နေကောင်းနေမယ်။
Virtual World နဲ့ Real World ကိုထပ်တူနီးပါးခံစား၊ သိမြင် ထားခြင်းက မှားယွင်းတဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။အွန်လိုင်းမှာ စကားပြောကောင်းလို့ အပြင်မှာ ခေါ်တွေ့မိပြီးဒုက္ခရောက်ရတာတွေ၊ရာဇဝတ်မှု ဖြစ်ရတာတွေကကမ္ဘာမှာတင်မကမြန်မာပြည်မှာ ပါ ဖြစ်လာပါပြီ။
မိတ်ဆွေ တစ်ယောက်လည်းအွန်လိုင်းကနေ အသက် ၂၇ အရွယ်အကို တစ်ယောက်နဲ့ခင်ပါတယ်တဲ့။ဒါတောင် ကောင်မလေးမဟုတ်ဘူးနော်။ ဘဲဘဲချင်းခင်ကြတာ။ သဘောရိုးပါပဲ။သူ့ထက် အသက်ကြီးပြီးစကားပြော ကောင်းတော့ သင်ယူစရာလေးများ ရှိမယ်လို့အထင်နဲ့ အွန်လိုင်းမှာ တွေ့တိုင်း တိုင်ပင်သတဲ့လေ။အပြင်မှာလည်း တွေ့ပြီး သင်တန်းအကြောင်းတွေ၊အလုပ်ကိစ္စ အကြောင်းတွေ ပြောဖြစ်သတဲ့။မိတ်ဆွေ သစ် တိုးတယ် ဆိုပြီးပျော်နေလေရဲ့ ။တစ်နေ့ကျ ပိုက်ဆံ ၃သိန်းချေးပြီး ပြန်ကိုပေါ်မလာတော့ပါဘူး။ ဒီတော့ ကျနော် ပြောလိုက်ပါတယ်။မင်းအရင်ဘဝ က ပေးဖို့ရှိတဲ့ အကြွေးလို့ပဲမှတ်လိုက်တော့လို့။
အချို့ကျတော့လည်းအမှန်အကန်ပါ။ အွန်လိုင်းမှာတွေ့ကျပြီး ပရဟိတအတူတူလုပ်ဖို့ချိန်းရာကတကယ် ကောင်းရာနိုးနိုးတွေဖြစ်သွားကြတယ်လေ။စာရေးသူ ကိုယ်တွေ့ပေါ့။ပရဟိတတင်မကပဲ အခြားသော လုပ်ငန်းကိစ္စ အတူတူလုပ်လို့ရမယ့် လူအချို့ နဲ့တွေ့ဆုံပြီးအပြင်မှာလည်း တကယ်တွေ့ဆုံ ပါတယ်။တကယ်လည်းအလုပ်ဖြစ် ပါတယ်။ အွန်လိုင်းမှာ ကုမ္မဏီတစ်ခုကို လျှောက်တယ်။အလုပ် လုပ်ပေးတယ်။ဘဏ်ကနေ ငွေလွှဲပေးတယ်။ဒါတွေက အပြင်မှာ မတွေ့ပဲ အွန်လိုင်းမှာပဲ ဖြစ်သွားတာလေ။
မြန်မာပြည်မှာ Home Based Job, Virtual World Job သိပ်မဖြစ် ထွန်းသေးတာ အဲဒါပဲလေ။ Virtual World အပေါ်မှာ ယုံကြည်မှု၊ခံယူချက် ထားပုံချင်းမတူကြဘူး။ ဥပမာ ခုနေကုမ္မဏီတစ်ခုကို အင်တာနက်မှာ ဆက်သွယ်ပြီး အွန်လိုင်းကနေ အလုပ်လုပ်မယ်။ ပိုက်ဆံကို ဘဏ်ကနေလွှဲပေးသွားပြောရင် ငြင်းမှာက အမှန်ပါပဲ။ Virtual World ပေါ်က လုပ်ဆောင်ချက် အပေါ် အချက်ကျကျသိမြင်ဖို့ လိုသေးတယ်လေ။
Virtual World ကကိုယ့်ရဲ့  ဒုတိယဘဝ ဆိုပေမယ့်တန်ဖိုး ထားစေချင်ပါတယ်။အချို့ ကတန်ဖိုးမထားပါဘူး။ဒါကြောင့် Cyber Bulling တွေ ဆက်တိုက် ဖြစ်လာရပါတယ်။ အပြင်မှာသာ ဘာမှ မဟုတ်တာ။အွန်လိုင်း ကနေ လှမ်းပြီး ရန်ရှာတာမျိုး၊ မိန်းကလေး တစ်ယောက် ဂုဏ်သိက္ခာ ကျဆင်းအောင် လုပ်တာမျိုး အစရှိသဖြင့် ဒီခေတ်မှာ ဖြစ်ပျက်နေတာကို တစ်ခုချင်းပြောနေရင် ကုန်မှာတောင် မဟုတ်ပါဘူး။ Virtual World မှာလည်း ရိုးသားဖို့လိုအပ်ပါတယ်။ရိုးသားပြီးမှန်ကန်သော စကား(စာ) ရေးသားခြင်း၊ မျှဝေခြင်း၊ပြော ဆိုခြင်း၊ဆက်သွယ်ခြင်းတို့သာ ပြုလုပ်စေချင်ပါတယ်။ဒါမှသာ Virtual World ကိုအခြေခံလို့ ကိုယ့်အတွက် ရလာမယ် အကျိုးအမြတ်တွေ များစွာ ရှိလာမှာ ဖြစ်ပါတယ်။
တကယ်လည်း ရရှိပါတယ်။အနီးစပ်ဆုံးဥပမာ ပေးပါမယ်။ ယခု စာရေးနေသူ ကိုယ်တိုင် Virtual World ပေါ်မှာ အလုပ်လုပ်နေရပါတယ်။အလုပ်နဲ့ထိုက်တန်တဲ့ Payment တစ်ခုကို ပြန်ရပါတယ်။အကြောင်းကတော့ Virtual World ပေမယ့်စာရေးသူကတန်ဖိုးထားတယ် လေ။ အွန်လိုင်းမှာဆိုပေမယ့် Off line Face to Face နဲ့ မထူးမခြားနား ဖြစ်အောင် အနီးစပ်ဆုံးညှိယူတယ်။ ပြောဆိုတယ်။Productivity ကောင်းအောင် လုပ်တယ်။ သူ့အတွက်လည်းအကျိုးရှိ၊ ကိုယ့်အတွက်လည်းအကျိုးရှိ။ အွန်လိုင်းမှာ တွေ့ဆုံလို့ လုပ်ငန်းကိစ္စပြောချင်လို့၊Personal အရခင်ချင်လို့ ချည်းကပ်မှုတွေတိုင်းကိုခေါင်းကော့ ရင်မော့ ထိပ်တိုက်တွေ့ဆုံရဲပါတယ်။လုပ်ကိုင် ရဲပါတယ်။ယင်းကဲ့သို့ လုပ်ကိုင်၊ အသုံးပြုနေသူတွေ ကမ္ဘာပေါ်မှာ တစ်ပုံကြီးပါ။ ဒုတိယ ဘဝ၊ဒုတိယ အသက်ကို ကောင်းကောင်း အသုံးချလို့ အောင်မြင်သွားသူ များလည်းကမ္ဘာပေါ်မှာ အများကြီး ရှိနေပါတယ်။
စာဖတ်သူတို့ အနေနဲ့လည်းVirtual World မှာ လုပ်ဆောင် ချက်ကောင်းများပြုလုပ်လို့ ကောင်းကျိုးများ ပြန်လည် ရရှိနိုင်ကြ ပါစေ။ -အောင်ခမ်း (TSJ team)
No comments:
Post a Comment