၇၂ ဒေါ်လာတန် Nokia Asha2 10 ဖုန်း (Hands OnReview)
၇၂ ဒေါ်လာ ဆိုတော့ မြန်မာပြည်ရောက်လာလည်း၇ သောင်းဝန်းကျင်ပဲ ပေါက်ဈေးရှိမယ့်ဖုန်းဖြစ် ပါတယ်။ လက်ထဲမှာ ၇ သောင်းရှိရင် စဉ်းစားမိတာကဈေးသက်သာ Android စမတ်ဖုန်းတွေလေ။အများအားဖြင့်ကတော့ တရုတ်ဖြစ်ပေါ့။ဒီတစ်ခါNokiaလေး လှည့်စဉ်းစားကြည့်ရအောင်။
OS
Nokia Lumiaတွေလို ကမ္ဘာ့ဈေးကြီးဖုန်းက Windows Phone8 OS ကိုသုံနိုင်စရာ အကြောင်းမရှိပါဘူး။Nokia ကသူ့ ကီးဘုတ်ဖုန်းတွေ မှာ အသုံးပြုဖို့အဆင်ပြေမယ့် OS ကို အသုံးပြုမှာပါ။အခြေခံကတော့ Java ပဲ ဖြစ်မှာပေါ့။
Processor
၇သောင်းထဲ ရင်းပြီး2GHzတော့ မလိုချင်သင့်ဘူးလေ။ သူက 1GHz နီးနီးတော့ ရှိမှာပါတဲ့။ဒီလောက်ဆို ကီးဘုတ်ဖုန်း တစ်လုံးခပ်မြန်မြန် အသုံးပြုရဖို့ ထောက်ပံ့ပေးနိုင်လောက်မှာပါ။
Memory
Internal ဘယ်လောက်လည်းသေသေချာချာ မသိရသေးပါဘူး။အများစု ကတော့ 2GBလောက်ထိ ပါမယ်လို့ ဆိုပါတယ်။အကြီးမားဆုံး ထူးခြားချက်ကတော့ SD ကဒ်64GB ထပ်ထည့်နိုင်ခြင်းဖြစ်ပါတယ်။ Portable Media Player, Hard Disk တစ်မျိုးဆောင်ရသလို ဖြစ်မတဲ့လေ။
ကင်မရာ
2MP ပဲရှိပါတယ်။သိပ်မျှော်လင့်လို့ မရပါဘူး။flash မပါပါဘူး။သုံးပျော်ရုံလေးပဲ ထည့်ထားပေးတာပါ။နိုကီယာက Lumia တို့လို ဖုန်းမှာတောင် iPhone,Sony, HTC, Samsung တို့ကို ပင်ပင်ပန်းပန်း လိုက်ဖိုက်နေရတာ ဈေးသက်သာ ကီးဘုတ်ဖုန်းမှာ ပါမယ့် ကင်မရာ အတွက် မျှော်လင့်ချက် မထားစေချင်ပါဘူး။အလင်းရောင် ကောင်း ချိန် မှာတော့ ပုံကောင်းကေင်းထွက်ဖို့အာမခံ ပါတယ်။
မျက်နှာပြင်
၂.၄ လက်မ အရွယ်အစားက 320x240resolution ပေးနိုင်ပါတယ်။သူ့ဆိုက်သူ့ဂိုက်နဲ့ကတော့ အံကိုက်ပါပဲ။ ဒီတော့ Resolution ခပ်ကောင်းကောင်းဗီဒီယိုတွေ မထည့်မိစေဖို့ လိုအပ်ပါတယ်။
App
AppFeature ဖုန်းလေးပါ။ ဂိမ်းapp အတော်များများ သုံးပျော် စေဖို့ ရည်ရွယ်တဲ့ ဈေးသက်သာဖုန်းလေးလည်း ဖြစ်ပါသတဲ့လေ။သို့ပေမယ့် ကီးဘုတ်ဖုန်း ဖြစ်နေတော့ ဘယ် ဂိမ်းများကောင်းကောင်း ဆော့နိုင်မလဲလို့ စဉ်းစားစရာတွေ ဖြစ် ရပါတယ်။တစ်ခု အပြည့်အဝ ထောက်ပံ့တာကတော့ Facebookပါ။Facebookအသုံးပြုဖို့ ပေါ့ပေါ့ပါးပါးနဲ့ လွယ်ကူမယ့် ဖုန်းလေးဖြစ်ပါ တယ်တဲ့။BuiltinBrowser ပါပြီး InternetSurfing မှာလည်းပေါ့ပေါ့ ပါးပါး လိုက်နိုင်သတဲ့လေ။You tube ကိုတော့ resolution နိမ့်နိမ့်နဲ့ ကြည့်လို့ရအောင် လုပ်ပေးထားပါတယ်။
Music
Nokia ကသီချင်းအပိုင်းမှာလည်းအကောင်းအပြောခံရတဲ့ ဖုန်းလေးပါ။ဆောင်းဗောက်ကောင်းပြီး Music အတွက် app များထည့်သွင်းထားပေး တဲ့အတွက် သီချင်း၊ဂီတ နားထောင်ဖို့အတွက် အကောင်းဆုံးစက်တစ်လုံး ဖြစ်လာမှာပါ။
အကြမ်းခံမှု
နိုကီယာကကမ္ဘာ့အကြမ်းခံမှုဖုန်းစာရင်းမှာ နံပါတ် ၁ ယူလာ တာလေ။ကီးဘုတ်ဖုန်းဆိုရင် အကြမ်းခံမှုမှာပြောနေ၊မေးနေ စရာတေင် မလိုတော့ပါဘူး။ ကီးဘုတ်များလည်း တည်ဆောက်ဖွဲ့ စည်းပုံ ကျစ်လစ်မှု ရှိပါတယ်။
ဆက်သွယ်မှု ကွန်ရက်
GSM ပဲရမှာပါ။ 3G ရပြီး လိုင်းဆွဲအားကောင်းစေမယ့် ဖုန်းလေးဖြစ် ပါတယ်လို့ဆိုပါတယ်။ဆင်းမ်ကဒ် နှစ်ကဒ် ထည့်လို့ရတဲ့ ဖုန်းအမျိုးအစား ဖြစ်ပါတယ်။နိုင်ငံခြားမှာကျ သုံးကြတယ်လေ။မိသားစုနဲ့ ဆက်သွယ်ဖို့အတွက် ကဒ်တစ်ခုသုံးပြီး စီးပွားရေး အတွက် ကဒ်တစ်ခု ထားတာမျိုးပေါ့။နောက်လည်းမြန်မာပြည်မှာ ဖြစ်လာမယ် ထင်ပါတယ်။Wi-Fi ပါတယ်။Bluetoothပါဝင်ပါတယ်။
ဖြန့်ချိမည့်ရက်
ဇွန်လမှာ ဖြန့်ချိမှာ ဖြစ်ပါတယ်တဲ့။လက်ထဲမှာ ငွေ ၇သောင်း ရှိနေပြီးဈေးသက်သာ Android ဖုန်းတွေကို အယုံအကြည်မရှိဘူးဆိုရင်Nokia Asha210 ကိုအလှည့်ပေးနိုင်ပါတယ်။ သူက အာမခံချက် အပြည့်ရမှာပါ။ ဥရောပ ထွက်ဖုန်းလည်းဖြစ်တော့ ပစ္စည်း အပိုင်းမှာ စိုးရိမ်စရာ မရှိပါဘူး။
စာဖတ်သူတို့ ရွေးချယ်စရာ ဖုန်းအသစ်လေးတစ်ခု အဖြစ် မိတ်ဆက် ပေးလိုက် ရပါတယ်။
No comments:
Post a Comment