Thursday, April 4, 2013

တရုတ်ပြည်မှ ကမ္ဘာ့အရှည်ဆုံးအမြန်ရထားလမ်း Friday, April 5, 2013


တရုတ်ပြည်မှ ကမ္ဘာ့အရှည်ဆုံးအမြန်ရထားလမ်း Friday, April 5, 2013

တရုတ်နိုင်ငံ မြောက်ဘက်စွန်းက ပေကျင်းမြို့ ကနေ တရုတ်နိုင်ငံ တောင် ဘက်ကျတဲ့ ကွမ်ကျိုး(Guangzhou) မြို့ အထိကို ဖောက်လုပ်ထားတဲ့အမြန်ရထားလမ်းဖြစ်ပါတယ်။

စုစုပေါင်း မိုင်ပေါင်း ၁၄၂၈ မိုင်ရှိ ပြီးတစ်နာရီ ၁၈၆ မိုင်နှုန်းနဲ့ မြန်မြန် သွားမှာ ဖြစ်ပါတယ်။ဒီတော့အရင်က နာရီ ပေါင်း၂၀ ကြာတဲ့ ခရီးကို ၈နာရီ နဲ့ မောင်းနှင်မှာ ဖြစ်ပါတယ်။ဒီအတွက် ဈေးကလည်းသိပ်မသက်သာ ပါဘူး။ခရီးစဉ် အစအဆုံးအတွက် ရထားစီး ခရီးစရိတ်က အမေရိကန် ဒေါ်လာနဲ့ တွက်ရင် ၁၃၉ ဒေါ်လာလောက် ရှိပါတယ်။

သို့ပေမယ့်လေယာဉ်စီးပြီးခရီးသွားတာနဲ့ စာရင် သက်သာနေပါသေးတယ်။ရထားကို နေ့ဘက်ပဲ ပြေးဆွဲစေပါတယ်။ညဘက် ပြေးဆွဲရင် အန္တရာယ်များ တဲ့အတွက် Day Service သီးသန့်ပေးတဲ အမြန်ရထားလိုင်း ဖြစ်ပါတယ်။သို့ပေမယ့် Overnight Service ပေးနိုင်ဖို့လည်း ကြိုးစားနေတယ်လို့ဆိုပါ တယ်။

ယင်းပေကျင်း-ကွမ်ကျိုး အမြန်ရထားလမ်းဟာ ကမ္ဘာ့ အရှည်ဆုံးအမြန်ရထားလမ်း (World’sLongest High Speed Railway)အဖြစ် မှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိရပါတယ်။ --Ref:mazefacts ColayOnline:Automobile

No comments:

Post a Comment