Thursday, April 4, 2013

AmazonKindle Phone လာတော့မလား



AmazonKindle Phone လာတော့မလား

Kindle Readerတွေ ထုတ်လုပ်ပြီးTabletလောကမှာ နေရာရနေတဲ့ Amazon က 4.7in smartphone တွေကို ပြုလုပ်နေတယ်လို့စက်မှုပစ္စည်းတွေ ထုတ်လုပ်တဲ့ အသိုင်းအ၀ိုင်းကသတင်းတွေ ကြားနေရပါတယ်။

ဒါဟာ ပထမဆုံးအကြိမိ Kindle Phone တွေ အကြောင်း ကြားရတာတော့ မဟုတ်ပါဘူး။ကောလဟလတွေ အရ AmazonPhone တွေဟာ Android OS ကိုသုံးထားပြီး ဈေးကလည်းUS$100-200အတွင်းလောက်ပဲ ရှိမယ်လို့ ဆိုပါတယ်။Kindle Fire Readerတွေကဲ့သို့ပဲ ဈေးသက်သာတဲ့ Smart Phone ဖြစ်လာမယ်လို့ ယူဆရပါတယ်။

ဈေးသက်သာတဲ့ အဆင့်မြင့် Kindle Phone တွေ မှာ ဘာတွေ ပါဝင်မယ်၊ဘယ်တော့ထွက်မယ် စတဲ့အသေးစိတ် အချက်အလက်တွေကတော့စိတ်ဝင်စားဖို့ကောင်းတဲ့ Mystery အနေနဲ့ပဲ ရှိနေပါသေးတယ်။

တရုတ်ပြည်မှာ ဖြစ်ပွားနေတဲ့ Foxconn စက်ရုံပြဿနာတွေက လည်းKindle Phone တွေဟာ မျှော်မှန်းထားတာထက် နောက်ကျနိုင်တဲ့ အကြောင်းအရင်းဖြစ်နေပါတယ်။

No comments:

Post a Comment