Thursday, April 25, 2013

၁၅၀၀တန် Sim Card များ ပျောက်ဆုံးပါကပြန်လည် လျှောက်ထားနိုင်

၁၅၀၀တန် Sim Card များ ပျောက်ဆုံးပါကပြန်လည် လျှောက်ထားနိုင်

Thursday 25th April 2013

၂၀၁၃ခုနှစ် ဧပြီလ ၂၄ရက်နေ့မှာ စတင် ရောင်းချတဲ့ MEC Tel အမှတ်တံဆိပ်ပါCDMA- 800MHz၁၅၀၀ တန် တန်ဖိုးနည်းဆင်းကဒ် ပျောက်ဆုံးပါကမြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း တိုင်းဒေ သကြီး ၊ ပြည်နယ် မန်နေဂျာရုံး များမှာ ပြန်လည် လျှောက်ထား နိုင်တယ်လို့ သိရပါတယ်။ အဲ့ဒီလို MEC Tel CDMA -800MHz မိုဘိုင်း တယ်လီဖုန်းကတ် ပျောက်ဆုံးပါက ကျပ် နှစ်သောင်း ပေး သွင်းပြီး ပြန် လည် လျှောက်ထား ရမှာဖြစ်ပြီး MECTel မိုဘိုင်း တယ်လီဖုန်း ကတ်ပျက်စီးပါက တိုင်းဒေသကြီး၊ ပြည်နယ် မန်နေဂျာရုံး များမှာ အခမဲ့ လျှောက်ထားရယူနိုင် တယ်လို့ သိရပါတယ်။

အဆိုပါတန်ဖိုးနည်း CDMA -800 MHz မိုဘိုင်း တယ်လီဖုန်း စနစ်ဟာ လက်ရှိ မိုဘိုင်း တယ်လီဖုန်းများ လိုပဲ အထွက် ခေါ်ဆိုမှု အတွက် တစ်မိနစ် ၅၀ ကျပ်ဖြစ်ပြီး အ၀င် ခေါ်ဆိုမှုအတွက် ငွေပေးဆောင်ရန် မလိုဘူးလို့ သိရပါတယ်။ အဆိုပါတန်ဖိုးနည်း CDMA-800 MHz မိုဘိုင်း တယ်လီဖုန်း များအား ကြိုတင် ငွေဖြည့်ကဒ် အသုံးပြုပြီး ပြည်တွင်း၊ ပြည်ပသို့ ဖုန်းဆက်သွယ် ပြောဆို နိုင်တာ ဖြစ်ပြီး ပြည်ပသို့ တယ်လီဖုန်းခေါ်ဆိုလိုပါက MEC Tel အမှတ် တံဆိပ်ပါနိုင်ငံခြားငွေသုံး ကြိုတင် ငွေဖြည့်ကဒ် များကို အသုံးပြု ခေါ်ဆိုနိုင် တယ်လို့ သိရပါတယ်။

အင်တာနက် အသုံးပြုမှု အတွက် ငွေကောက်ခံတဲ့ နှုန်းမှာမူ ယခင် CDMA-800 MHz မိုဘိုင်း တယ်လီဖုန်း များကဲ့သို့ တစ်မိနစ် အသုံးပြုခ၄ ကျပ် ဖြစ်ပါတယ်။ အင်တာနက် အသုံးပြု လိုပါက သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း တိုင်းဒေသကြီး၊ ပြည်နယ် မန်နေဂျာရုံးများမှာ အင်တာနက် စနစ် ဆက်သွယ်မှု ကနဦး တပ်ဆင်ခကျပ် တစ်သောင်း ပေးသွင်း လျှောက်ထား နိုင်တယ်လို့ သိရပါတယ်။ MEC Tel အမှတ် တံဆိပ်ပါ တန်ဖိုးနည်း CDMA-800MHz မိုဘိုင်း တယ်လီဖုန်း စနစ်ဟာမြန်မာနိုင်ငံမှာ ရေဒီယို စခန်းပေါင်း ၂၈၂ ခန်းရှိပြီး အဆိုပါရေဒီယို စခန်းများရဲ့ နယ်နိမိတ် အတွင်းမှ ပြည်တွင်း၊ ပြည်ပသို့ တယ်လီဖုန်း ခေါ်ဆိုမှုများ ပြုလုပ်နိုင်ပြီး၊ ရေဒီယို စခန်းများရဲ့ နယ်နမိတ် များအတွင်း အပြန်အလှန် ယူဆောင် အသုံးပြု နိုင်တယ်လို့ သတင်း ရရှိပါတယ်။

No comments:

Post a Comment