စွမ်းအားမြင့်ဘက်ထရီ ထုတ်လုပ်နိုင်ပြီ
၁၈.၄.၂၀၁၃၊ ကြာသပတေးနေ့
အခု အသစ် ထုတ်လုပ် လိုက်နိုင်တဲ့ ဘက်ထရီ အသစ်ဟာ ယာဉ်တွေနဲ့ လျှပ်စစ်သုံးပစ္စည်းတွေကို အားဖြည့်ရာမှာ အပြောင်းအလဲကြီးတရပ် ဖြစ်နိုင်တယ်လို့ဒီဘက်ထရီကို ထုတ်သူတွေကပြောကြားလိုက်ပါတယ်။
3D လျှပ်ခေါင်းကို အသုံးပြုထားတဲ့ ဒီ ဘက်ထရီ အသေးစားဟာ ဈေးကွက်မှာ ရောင်းနေတဲ့ ဘက်ထရီထက် အဆပေါင်းများစွာ သေးငယ်မှာ ဖြစ်တယ်လို့ အမေရိကန် ပြည်ထောင်စု အီလီနွိုက်စ် တက္ကသိုလ်က သိပ္ပံ အဖွဲ့တခု ကနေ ပြောပါတယ်။
ဒါမှမဟုတ် ဈေးကွက်ကဘက်ထရီအရွယ် ထုတ်မယ်ဆိုရင်တော့စွမ်းအားအများကြီးပိုရှိမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
အားပြန်ဖြည့်ရာမှာလည်းအခုနည်းပညာတွေထက်ကို အဆ ၁၀၀၀ ပိုမြန်မယ်လို့ ပြောပါတယ်။
ဒါပေမယ့် ဒီဘက်ထရီတွေ နဲ့ ပတ်သက်ပြီးအန္တရာယ် ရှိမရှိဆိုတာကိုတော့ မသိရသေးပါ။
No comments:
Post a Comment