Apple iPhone5S ဇူလိုင်လတွင်ဖြန့်မည် Thursday, 04 April 2013
iPhone 5S ထုတ်မည့်ရက်ကို ဂျပန်နိုင်ငံမှ နည်းပညာဝက်ဘ်ဆိုက် တစ်ခုဖြစ်သည့် MacFan.com တွင် အတိအကျ ဖော်ပြထားကြောင်းတွေ့ ရသည်။
Apple ကုမ္ပဏီသည် မျိုးဆက်သစ်iPhone 5S ကို ဇွန်လ ၂ဝ ရက်နေ့တွင် ထုတ်မည်ဖြစ်ပြီး၊ဇူလိုင်လတွင် ဈေးကွက်များ သို့ဖြန့်ချိမည်ဖြစ်ကြောင်း ရေးသားထားသည်။
စက်တင်ဘာလအတွင်းတန်ဖိုးနည်းအိုင်ဖုန်းများကို ထုတ်မည်ဟုကြေညာ ထားသဖြင့် ဇူလိုင်လတွင်ထွက်မည်ဆိုသော iPhone 5S သတင်းမှာ ခိုင်လုံဖွယ်ရှိကြောင်းElectronista တွင်လည်း ဖော်ပြထားသည်။
နှစ်စဉ်ပုံမှန်ပြုလုပ်သည့် ကမ္ဘာ့ဆော့ဖ်ဝဲထုတ်လုပ်သူများညီလာခံ (WWDC) တွင် အိုင်ဖုန်းများကိုပုံမှန်ထွက်ရှိသည့် အချိန်၌ထုတ်မည်ဟုပြောခဲ့သဖြင့် ဇူလိုင်လဟု ခန့်မှန်းခြင်ြး ဖစ်နိုင်ကြောင်းCNET သတင်းကဆိုသည်။
Apple ကုမ္ပဏီ၏လုပ်ငန်းစဉ်တွင်ယခုနှစ် အောက်တိုဘာလမတိုင်မီ iPad, iPad Mini,iPod Touch အသစ်များကို ထုတ်ဝေရန်ရှိကြောင်း ထုတ်ပြန်ထား သည်။
No comments:
Post a Comment