Thursday, April 4, 2013

အိုင်းစတိုင်းကပေးသော သင်ခန်းစာ


အိုင်းစတိုင်းကပေးသော သင်ခန်းစာ

အိုင်းစတိုင်းဟာအသက် ၄ နှစ်သားအထိစကားမပြောပါဘူး။ အသက် ၇ နှစ်သားအထိ စာမဖတ်တတ်ပါဘူး။ ကျောင်းဆရာမကလည်းသူ့ကိုဥာဏ်ထိုငုးတဲ့ သူ အဖြစ် သတ်မှတ်ခဲ့ပါတယ်။

အိုင်းစတိုင်းဟာငယ်စဉ်ကတည်းက အသက်ကြီးတဲ့ အချိန်အထိ ပါလာတဲ့ အားနည်းချက် တွေ ရှိပါသေးတယ်။ စာကြာကြာမဖတ်နိုင်ပါဘူး။စာကြာကြာဖတ်မိရင်အားလုံးကို ပြန်မမှတ်မိနိုင်လောက်အောင် မှတ်သားမှုမှာ အားနည်းချက် ရှိပါတယ်။ကိစ္စအရာတိုင်းကိုသာမန်လူ တွေထက် နှေးကွေးစွာ ဖြေရှင်းတတ်သူဖြစ်ပါတယ်။ တွေးခေါ်ဆုံးဖြတ်မှုမှာ နွေးသူလို့ အကြမ်းဖျင်းမှတ်ယူနိုင်ပါတယ်။သင်္ချာတစ်ဘာသာပဲ အောင်ပြီး အခြားဘာသာများ ကျရှုံးမှုကြောင့်ကောလိပ်ကျောင်းတက်ခွင့် ဆုံးရှုံးခဲ့သူလည်းဖြစ်ပါတယ်။

သင်္ချာညံ့တယ်လို့ ထင်ထားခဲ့ကြပေမယ့်ဂျီသြမေတြီ မှာ ဆရာတစ်ဆူလိုတော်လာပြီးရူပဗေဒဆိုင်ရာ တွေးခေါ်မှုမှာလည်းအသစ်အဆန်းများ ရှိတယ်ဆိုတာ သိမြင်လာခဲ့ပါတယ်။နောက်ဆုံးရူပဗေဒမှာ ဆရာတစ်ဆူ ဖြစ်လာပြီး နိုဘယ်လ်ဆုကြီးဆွတ်ခူးနိုင်ခဲ့ပါတယ်။ဒါကြောင့် ယနေ့တိုင်ကမ္ဘာက လေးစားရတဲ့ သိပ္ပံ ပညာရှင် တစ်ဦးဖြစ်ပြီး လူသေပေမယ့် သူ့နာမည်ကတော့ ကမ္ဘာ တည်သရွေ့  ကျန်ရှိနေအုံးမှာဖြစ်ပါတယ်။ ---------------

သင်ခန်းစာ - လူတိုင်းမှာ ပင်ကိုယ်အရည်ချင်းကိုယ်စီ ရှိပါတယ်။စာမေးပွဲတစ်ခါကျလို့၊ အမှတ်လေးနည်းလို့ ၊ လုပ်ငန်းခွင်မှာ ကျဆုံးမှု တစ်ခုကြုံလို့ ငါဟာ လူပျော့လူညံ့ပါ လား၊ငါသူတို့လောက် မတော်ပါလား လို့မှတ်ယူရင်တော့ မှားသွားပါမယ်။ယင်းကဲ့သို့တွေးမြင်ယုံကြည်၊ ကောက်ချက်ချမှုကြောင့်လည်းသူတစ်ဦး တစ်ယောက်ရဲ့  ဥာဏ်ရည်ဟာ ကွန့်မြူးမှု နိမ့်ပါးလာခြင်း ဖြစ်ပါတယ်။

ဘဝမှာ အမြင့်မားဆုံးအောင်မြင်မှုကို လိုချင်သူဟာ အပြောမှာ နိမ့်ချပေမယ့် အတွေးမှာ စိတ်ဓာတ်ကို အဆုံးစွန်ထိ မြင့်တင်ထားရမှာ ဖြစ်ပါတယ်။ --အောင်ခမ်း(TSJ team) --http://blog.techspace.com.mm

No comments:

Post a Comment