ကျပ် ၁၅၀၀တန် CDMA ရှိ ကဒ်ပေါင်း၁ သန်းရောင်းပြီးမှ GSM ကဒ်များရောင်းမည်
အေပြီ ၂၆ရက် ၂၀၁၃
လက်ရှိ အများပြည်သူကို ကျပ် ၁၅၀၀ နဲ့ ရောင်းချပေးနေတဲ့ တပ်မတော်ပိုင် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (အမ်အီးစီ)ရဲ့ စီဒီအမ်အေဆင်းကတ် အရေအတွက် ၁ သန်း အဆင်သင့်ရှိတယ်လို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းဆက်သွယ်ရေး အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ဒီဗွီဘီကို ပြောပါတယ်။
လက်ရှိ ၁ လကို ဆင်းကတ် အခုရေ၃ သိန်းခွဲ ရောင်းဖို့ လျာထားပေမယ့် ညွှန်ကြားချက်ရရင် ရသလို အရေအတွက်ကို တိုးပြီး ရောင်းချပေးသွားနိုင်တယ်လို့ဆိုပါတယ်။
လောလောဆယ် ကြေညာထားချက်အရ အမ်အီးစီရဲ့ စီဒီအမ်အေ ဆင်းကတ်
၁သန်းကို ၃လ အတွင်း ရောင်းချပေးပြီး နောက်ပိုင်းမှာ မြန်မာ့ဆက်သွယ်ရေးရဲ့ ဂျီအက်စ်အမ် ဆင်းကတ်တွေကို ဆက်ပြီး ရောင်းချပေးမယ်လို့ သူကပြောပါတယ်။
လက်ရှိ မိုဘိုင်းဖုန်းဆင်းကတ်တွေကို ကျပ်ငွေ ၁၅၀၀ နဲ့ ပြည်သူတွေကို မဲဖောက်ရောင်းချပေးနေပေမယ့်ဝယ်လိုအားများတဲ့အတွက် ပြင်ပပေါက်ဈေး ကျပ် ၃သောင်းကနေ ၆သောင်းကြားအထိဈေးပေါက်နေကြောင်း စုံစမ်းသိရပါတယ်။
No comments:
Post a Comment