အရောင်( ၉)ရောင် နှင့် စိတ်သဘောထား
အရောင်တွေမှာ မူလအခြေခံအရောင်(၃) ရောင် ရှိပါတယ်။ အဲဒါတွေက“အနီရောင် ၊ အ၀ါရောင် နဲ့အပြာရောင်” တို့ဖြစ်ပါတယ်။အဲဒီ(၃)ရောင်ကို ခရမ်း ၊အညို၊ အစိမ်း၊ အနက် နဲ့မီးခိုးရောင်တွေ ရအောင် ရောစပ်လိုက်တယ်ဆိုပါစို့။ အဲဒီတော့ အရောင် (၈)ရောင် ရပါတယ်။
ဒီအထဲမှာ မပါလို့ မရတဲ့ အရောင်ကတော့ “အဖြူရောင်” ပါဘဲ။ အမှန်ကတော့ “အဖြူရောင်” ဟာ (အရောင်မဲ့)ပါ။Non Colour ဖြစ်ပေမယ့် သူ့မှာလည်း“အင်အား”ရှိတော့ မဖော်ပြလို့မရပါ ဘူး။
အဲဒီတော့ အထက်က အရောင် (၉)ရောင် တွေထဲမှာ သင်အကြိုက်ဆုံး နဲ့မကြိုက်ဆုံးအရောင်ကနေ သင့်စိတ်နေသဘောထားကို ဖော်ပြပါလိမ့်မယ်။
တစ်ချို့အရောင်တွေကတော့ အမြဲတမ်း ကြိုက်တာ/မကြိုက်တာ မဟုတ်ဘဲ အခြေအနေ တစ်ခုကြောင့် ကြိုက်တာ/မကြိုက်တာလည်းဖြစ်လာတာ ရှိတတ်ပါတယ်။လက်ရှိ ပစ္စုပ္ပန် အပြောင်းအလဲ ဖြစ်ရပ် တစ်ခုခုနဲ့ ဆိုင်လာတတ်ပါတယ်။
တိုက်ဆိုင်မှု ရှိ/မရှိ ကြည့်ကြရအောင် . . .
(၁-က)သင်အကြိုက်ဆုံးအရောင်က “အနီရောင်” ဖြစ်နေမယ်ဆိုရင်– သင်ဟာ စိတ်အားထက်သန်မှုများမယ်။ စိတ်မြန်ကိုယ်မြန် ရှိမယ်။ဒေါသထွက်လွယ်မယ်။လိင်စိတ် ပြင်းထန်မယ်။လူမျိုးစွဲ/၀ါဒစွဲ ရှိမယ်။လူမှုရေး ကိစ္စတွေမှာ တက်ကြွစွာ ဆောင်ရွက်တတ်တယ်။ အသစ်အဆန်းတွေအပေါ်မှာ အမြဲတမ်းစိတ်ဝင်စားမယ်။ တုန်းတိုက်ကျားကိုက် လုပ်ချင်တဲ့စိတ် ရှိတယ်။ဘ၀မှာ အမှားတွေမကြာခဏလုပ်တတ်တယ်။
(၁-ခ)တကယ်လို့သင်မကြိုက်ဆုံးအရောင်က “အနီရောင်”ဖြစ်နေမယ်ဆိုရင်တော့ သင့်မှာ အတွင်းကျိတ်ခံစား နေရတဲ့ စိတ်ဒုက္ခတစ်ခု အမြဲလိုရှိနေတတ်တယ်။ကျန်းမာရေး မကြာခဏချို့ယွင်းတတ်မယ်။စိတ်ဓာတ် တက်ကြွမှု နည်းမယ်။အားအင်ကုန်ခန်းနေသလို ခံစားနေရတတ်တယ်။ထင်ပေါ်ကျော်ကြားမှုကို မနှစ်သက် တတ်ကြဘူး။အမြဲတမ်းသုန်မှုန်နေတဲ့ မျက်နှာထားမျိုး ရှိတတ်တယ်။ပေါင်းရသင်းရ ခက်မယ်။
(၂-က)သင်အကြိုက်ဆုံးအရောင်ဟာ “အ၀ါရောင်” ဖြစ်နေမယ်ဆိုရင်– သင်ဟာ ပိုမိုကောင်းမွန်တဲ့ ဘ၀တစ်ခုကို အမြဲမျှော်လင့်နေတတ်တယ်။တင်းတိမ်ရောင့်ရဲမှု နည်းမယ်။ လူ့ဘ၀မှာ အဆင့်အတန်းမြင့်မြင့် နေလိုစိတ်ရှိတတ်တယ်။ဘ၀နောင်ရေးအတွက်ပူပင်တတ်တဲ့ စိတ်မျိုးရှိမယ်။အပြောင်းအလဲကို နှစ်သက်ပြီးမကြာခဏ အပြောင်းအလဲ လုပ်တတ်တယ်။စိတ်ကူးနည်းနည်း ယဉ်တတ်တဲ့ စိတ်မျိုးရှိမယ်။အနည်းငယ် ၀ါကြွားတတ်ပြီးအဆင့်အတန်း ခွဲခြားလိုတဲ့ စိတ်မျိုး ရှိတတ်တယ်။သြဇာပေးလိုစိတ် များမယ်။
(၂-ခ)သင်မကြိုက်ဆုံးအရောင်က “အ၀ါရောင်” ဖြစ်နေမယ်ဆိုရင်တော့ သင်ဟာ အထီးကျန် ဆန်တဲ့ စိတ်ရှိမယ်။ လောကကြီးမှာ ဘာမှ အဓိပ္ပါယ်မရှိပါဘူးဆိုတဲ့ယူဆချက်တွေ ၀င်နေတတ်တယ်။ဘ၀ကို နေရထိုင်ရတာ မပျော်မရွှင်ဖြစ်နေတတ်တယ်။ လူစုလူဝေးတွေကိုရှောင်ဖို့ကြိုးစားနေလိမ့်မယ်။အခြားလူတွေ ပျော်ရွှင်နေကြတာကိုတောင်မှ မနှစ်မသက် ဖြစ်နေတတ်တယ်။
(၃-က)သင်အကြိုက်ဆုံး အရောင်က “အပြာရောင်” ဖြစ်နေမယ်ဆိုရင်သင်ဟာ စိတ်အေးချမ်းမှု ၊ တည်ငြိမ်မှုကို လိုလားသူဖြစ်မယ်။အနှောင့်အယှက်ကင်းကင်းနဲ့ ကိုယ့်ဟာကိုယ် အေးအေးချမ်းချမ်းနေလိုတတ်တယ်။ဒါပေမယ့် အထီးကျန်ဆန်တာမျိုးလည်း မဟုတ်ဘူး။ အားလုံးနဲ့တော့ သဟဇာတ ဖြစ်လိုပါတယ်။ ရန်လိုစိတ် နည်းမယ်။ရသမျှနဲ့ တင်းတိမ် ရောင့်ရဲဖို့ ပိုမိုလွယ်ကူတယ်။ကံအကျိုးပေးကို ယုံကြည်တယ်။
(၃-ခ)သင်မကြိုက်ဆုံးအရောင်က “အပြာရောင်” ဖြစ်နေရင်တော့ သင်ဟာ လူမှုဆက်ဆံရေးပိုင်းမှာ ယုံကြည်မှု အားနည်းနေတတ်တယ်။တစ်ဖက်သားအပေါ်မသင်္ကာမှု များနေတတ်တယ်။ကိုယ့်အိမ်ထောင်ဘက်အပေါ်တောင်မှ မကြာခဏမသင်္ကာဖြစ်တတ်တယ်။ကိုယ့်စိတ်နဲ့ကိုယ် ပင်ပန်း နေတတ်တယ်။မိမိနေအိမ် ၊မိမိ အလုပ်ခွင်မှာ စိတ်ဓာတ်ကျစရာတွေချည်းလို့သာ မြင်နေတတ်တယ်။ တစ်ခါတစ်ခါ လူတွေနဲ့ ဝေးရာကိုထွက်သွားချင်စိတ်၊ ရိပ်သာတစ်ခုမှာ တရားအားထုတ်ချင်စိတ်တွေ ပေါ်နေတတ်တယ်။ စိတ်ကျရောဂါဖြစ်နိုင်တဲ့ အမှတ်လက္ခဏာဖြစ်တယ်။
(၄-က)သင်အကြိုက်ဆုံးအရောင်ဟာ “ခရမ်းရောင်” ဖြစ်နေမယ်ဆိုရင်တော့ သင်ဟာ စိတ်ကူးယဉ်တတ်တယ်။ လက်တွေ့လုပ်ဆောင်မှုထက် စိတ်ကူးယဉ်မှုက ပိုများနေတတ်တယ်။တန်ခိုးရှင်တွေကိုယုံကြည်တတ်တယ်။ ဘာသာရေးယုံကြည်ချက် ပြင်းထန်မယ်။ ဘ၀ကို လက်တွေ့ကျကျရင်ဆိုင်ဖို့ထက်ကောင်းတာတွေချည်းဖြစ်လာဖို့ မျှော်လင့်ချက် ထားနေတတ်တယ်။ဗေဒင်၊ နတ်၊ ဂမ္ဘီရလောကတွေအပေါ်မှာ ယုံကြည်အားထားစိတ် များတတ်တယ်။ တစ်ခါတစ်ခါ ကလေးဆန်တဲ့ စိတ်ထားမျိုးတွေရှိတတ်တယ်။
(၄-ခ)သင်မကြိုက်ဆုံးအရောင်က “ခရမ်းရောင်” ဖြစ်မယ်ဆိုရင်တော့သင်မျှော်လင့်ထားတာတွေ၊ စိတ်ကူးယဉ်ထားတာတွေ ဖြစ်မလာလို့ စိတ်ဓာတ်အရမ်းကျ နေချိန် ဖြစ်နေတတ်တယ်။ဘ၀မှာ ကိုယ်ဖြစ်ချင်တိုင်း မဖြစ်ရဘူး ၊သူဖြစ်ချင်သလိုဖြစ်တာဘဲဆိုတဲ့ ခံယူချက်မျိုးဝင်လာတဲ့ အချိန်ဖြစ်တယ်။များသောအားဖြင့် ခရမ်းရောင်ကို မုန်းနေတဲ့ လူတွေဟာ “အိပ်မက် နဲ့ လက်တွေ့” ကွာခြားချက်ကို သိမြင်လာပြီးစိတ်ဓာတ်ကျဆင်းနေတဲ့ သူတွေဖြစ်နေတတ်တယ်။
(၅-က)သင်အကြိုက်ဆုံးအရောင်ဟာ “အညိုရောင်” ဖြစ်နေမယ်ဆိုရင်တော့ သင့်မှာ ရုပ်ပိုင်းဆိုင်ရာ အဆင်မပြေမှု (ကျန်းမာရေး၊ငွေကြေး ၊အလုပ်အကိုင်)တစ်ခုခု ရှိတတ်တယ်။ ဒီအဆင်မပြေမှုကနေ လွတ်မြောက်ဖို့ ကြိုးစားနေသူလည်း ဖြစ်တတ်တယ်။ ကျန်းမာရေး၊ ငွေကြေး၊ စီးပွား၊ အလုပ်အကိုင် တစ်ခုခု အဆင်မပြေဖြစ်နေရင် အညိုရောင်ကို (နဂိုက မကြိုက်ရင်တောင်မှ) ကြိုက်လာတတ်တယ်။ဘ၀အတွက် မျှော်လင့်ချက်တွေ ထားနေပေမယ့်စိတ်ထဲက ယုံကြည်မှု မရှိဘူးဖြစ်နေတတ်တယ်။ဘ၀ကို အရှုံးပေးချင်နေတဲ့သင်္ကေတ ဖြစ်နေတတ်တယ်။
(၅-ခ)သင်မကြိုက်ဆုံးအရောင်က “အညိုရောင်” ဖြစ်မယ်ဆိုရင်တော့– သင်ဟာ OverConfidence ဖြစ်နေသူ ဖြစ်တတ်တယ်။ ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးမယ်။ ကိုယ်ဘာလုပ်လုပ်အောင်မြင်လိမ့်မယ်လို့ ထင်နေတတ်တယ်။ ကိုယ့်ရဲ့ ကျန်းမာရေးကိုလည်းသိပ်ကောင်းတယ်လို့ ထင်မြင်တတ်တယ်။စားချင်ရာစား၊ သွားချင်ရာသွား ၊လုပ်ချင်ရာ လုပ်နေတတ်တယ်။ ဘာသာရေးကိစ္စတွေ ၊ဗေဒင် နဲ့ဂမ္ဘီရပညာရပ်တွေအပေါ်မှာ ယုံကြည်မှု အလွန်နည်းမယ်။ပစ္စုပ္ပန်မှာ လက်တွေ့ကျကျ လုပ်ဆောင်မှုကို ပိုမိုယုံကြည်တတ်ကြတယ်။
(၆-က)သင်အကြိုက်ဆုံးအရောင်ဟာ “အစိမ်းရောင်” ဖြစ်နေမယ်ဆိုရင်တော့ – သင့်ဟာ ကိုယ်တော်တဲ့ တတ်တဲ့ ပညာရပ်/အရည်အချင်းတွေကို ဖော်ပြနိုင်စွမ်း ရှိသူတွေဖြစ်တယ်။ လူတွေ ချီးမွမ်းတာကိုလည်း နှစ်သက်တတ်တယ်။ဘ၀မှာ မျှော်လင့်ချက် ရည်မှန်းချက်တွေ ပြင်းထန်တယ်။အောင်မြင်တဲ့ ဘ၀ကို ခုံမင်တယ်။အမြဲတန်းထိပ်ဆုံးမှာ နေလိုစိတ်ရှိတယ်။ အစိမ်းရောင် “အနု”ကတော့ အေးချမ်းသာယာတဲ့ ဘ၀ကိုလည်းခုံမင်တတ်ပြီးစိတ်ထားလည်းနူးညံ့တတ်တယ်။ တရားမျှတမှုကို ပိုလိုလားတယ်။အစိမ်းရောင် “အရင့်” ကတော့ စိတ်ထားကြမ်းတမ်းပြီးကိုယ်လိုချင်တာကို မရ/အရ ယူတတ်တယ်။မရိုးမသားပြုတတ်တယ်။
(၆-ခ)သင်မကြိုက်ဆုံးအရောင်က “အစိမ်းရောင်” ဖြစ်မယ်ဆိုရင်တော့– “အစိမ်းရင့်” အရောင်ကို ကြိုက်တဲ့ လူနဲ့ စရိုက်ခြင်း သွားတူနေပြန်တတ်ပါတယ်။ထင်ပေါ်ကျော်ကြား မှုကို လိုလားမယ်။လူသိအောင်လုပ်မယ်။ ကိုယ်ဖြစ်ချင်တာကို မဖြစ်ဖြစ်အောင်လုပ်လိုစိတ်ရှိတယ်။ တရားမျှတစိတ် နဲ့ကိုယ်ခြင်းစာစိတ်နည်းမယ်။ကတိက၀တ် မတည်တတ်ဘူး။ရက်စက်စရာရှိရင် ပြတ်ပြတ်သားသား ရက်စက်တတ်တယ်။ ရိုးသားဖြောင့်မတ်မှု နည်းလိမ့်မယ်။
(၇-က)သင်အကြိုက်ဆုံးအရောင်ဟာ “အနက်ရောင်” ဖြစ်နေမယ်ဆိုရင်တော့ – သင်ဟာ အများနဲ့ဆန့်ကျင်ပြောဆို လုပ်ကိုင်ဖို့ဝန်မလေးသူဖြစ်တတ်တယ်။ခေါင်းမာတတ်တယ်။ သူတစ်ပါးကို အပြစ်တင်ဖို့ ရှုံ့ချဖို့ ၀န်မလေးသူ ဖြစ်တတ်တယ်။ဘာကိုမှ လေးလေးနက်နက် မယုံကြည်တတ်ဘူး။မိမိကိုယ်ကို အထင်ကြီးစိတ်လည်းအလွန်များသူဖြစ်တတ်တယ်။ဒါပေမယ့် ခက်တာက အနက်ရောင်ကို သိပ်ကြိုက်တဲ့ လူတွေဟာ ဘာလုပ်လုပ် သိပ်အဆင်မပြေတတ်ဘူး။ အခက်အခဲများတယ်။ဒါပေမယ့် အောင်မြင်မိရင်တော့ အကြီးအကျယ် အောင်မြင်တတ်တယ်။
(၇-ခ)သင်မကြိုက်ဆုံးအရောင်က “အနက်ရောင်” ဖြစ်မယ်ဆိုရင်တော့– သင့်မှာ အကောင်းမြင်ဝါဒရှိတယ်။ ဆိုးဝါးတဲ့ အဖြစ်အပျက်တစ်ခုမှာတောင်မှ အကောင်းဖက်က ရှုမြင်တတ်တယ်။ကြင်နာ သနားလွယ်တတ်တယ်။ အနက်ရောင်ကိုလုံးဝမကြိုက်သူတွေဟာ ဘ၀မှာ အခက်အခဲ ပြဿနာတွေ နည်းပါးလေ့ရှိတယ်။အဆင်ပြေတဲ့ ဘ၀တစ်ခုကို ရနေသူတွေဟာ အနက်ရောင်ကို ကြိုက်ခဲလှတယ်။နဂိုက အနက်ရောင် မကြိုက်ဘဲရုတ်တရက်အနက်ရောင်ကို ကြိုက်လာတာဟာ “ဘေးဥပဒ်”တစ်ခု ကြုံရတော့မယ့် နိမိတ်ဖြစ်နေတတ်တယ်။
(၈-က)သင်အကြိုက်ဆုံးအရောင်ဟာ “မီးခိုးရောင်” ဖြစ်နေမယ်ဆိုရင်တော့ သင့်မှာ Stress တစ်ခုခု ရှိနေတတ်တယ်။သောက မအေးရတတ်တဲ့ ဘ၀မျိုးကို ရင်ဆိုင်နေရတတ်တယ်။ အရာရာကို ငြီးငွေ့ စိတ်ဓာတ်ကျနေတတ်တယ်။အနာဂါတ် မျှော်လင့်ချက်တွေ ကင်းမဲ့ နေတတ်တယ်။ လူမှုရေးလုပ်ငန်းတွေမှာ ပါဝင်လိုစိတ်မရှိဘဲ ရှောင်နေတတ်တယ်။အခန်းကျဉ်းလေးထဲ မှာဘဲ “အောင်း” နေချင်တဲ့ စိတ်မျိုးဝင်နေတတ်တယ်။ Depression ကို ကိုယ်စားပြုတဲ့ အရောင်လို့သတ်မှတ်တယ်။
(၈-ခ)သင်မကြိုက်ဆုံးအရောင်က “မီးခိုးရောင်” ဖြစ်မယ်ဆိုရင်တော့သင်ဟာ နေရာတစ်ကာ ၀င်ပါတတ်တဲ့ “ကိုဖိုးပါ” ဖြစ်နေတတ်ပြန်ရော။သင့်ကို လိုလားသည်ဖြစ်စေ ၊ မလိုလားသည်ဖြစ်စေသင်ဟာ ဟိုစပ်စပ် ဒီစပ်စပ် ၀င်ပါနေရမှ ကျေနပ်နေတတ်တယ်။ကိုယ့်ကိုယ်ကို အရေးပါအရာရောက်သူအဖြစ်လည်း ယူဆထား တတ်တယ်။နောက်လိုက်မလုပ်လိုဘဲ ခေါင်းဆောင်နေရာ ၊ လူမြင်သူမြင်နေရာရောက်အောင် ကြိုးစား အားထုတ်ချင်စိတ်ရှိမယ်။လုပ်ငန်းရှင်ဖြစ်ရင်တော့ လက်အောက်လူတွေအပေါ်မှာ အမြဲတမ်းစိတ်တိုင်းမကျ ဖြစ်နေသူ ဖြစ်လိမ့်မယ်။
(၉-က)သင်အကြိုက်ဆုံးအရောင်ဟာ “အဖြူရောင်” ဖြစ်နေမယ်ဆိုရင်တော့ သင်ဟာ လူအများရဲ့ဂရုစိုက်မှု ၊ အထင်ကြီးမှုကို လိုလားသူဖြစ်တယ်။ဟန်ဆောင်ကောင်းတ တ်တယ်။အပြင်ဖက်မှာ လူကြီးလူကောင်း ဆန်ပေမယ့် အတွင်းစိတ်က တစ်မျိုးဖြစ်နေတတ်တယ်။အမိန့် နာခံတတ်တယ်။ဆရာသမား ၊အထက်လူကြီးကို ချစ်ကြောက်ရိုသေတတ်ကြတယ်။အဖြူရောင် ကြိုက်တဲ့သူတိုင်းဟာ အပြင်ပုံပန်းသဏ္ဍန်နဲ့ အတွင်းစိတ်နဲ့ဟာ တစ်ခုနဲ့တစ်ခု ဟန်ချက်မညီတဲ့ သူတွေ ဖြစ်တတ်တယ်။
(၉-ခ)သင်မကြိုက်ဆုံးအရောင်က “အဖြူရောင်” ဖြစ်မယ်ဆိုရင်တော့သင်ဟာ ရည်မှန်းချက် ကြီးတယ်။ ရှေးရိုးဆန်တယ်။Antique ပစ္စည်းတွေကို နှစ်သက်တတ်တယ်။စုဆောင်းထိမ်းသိမ်းတတ်တယ်။ တိရိစ္ဆာန်လေးတွေကို ချစ်တတ်တယ်။အလုပ်တစ်ခုကို အောင်မြင် အပြီးသတ်အောင် ဆောင်ရွက်တတ်တယ်။ ဇွဲကောင်းတယ်။အခြေအနေနဲ့ အချိန်အခါကို ကောင်းစွာ နားလည်သူတွေဖြစ်တယ်။မိတ်ကောင်းဆွေကောင်းတွေ ဖြစ်တယ်။
No comments:
Post a Comment