Saturday, April 6, 2013

မန်မာ့ဆက်သွယ် ရေးလောကထဲဗိုဒါဖုန်းလာတော့မည်

မြန်မာ့ဆက်သွယ် ရေးလောကထဲဗိုဒါဖုန်းလာတော့မည် ==============================

Sunday ,April 07, 2013

ပြီးခဲ့တဲ့ ၂၀၀၀ပြည့်နှစ်များဆီက မန်ယူအသင်းကိုစပွန်ဆာ ပေးခဲ့သော ကမ္ဘာအကြီးဆုံးဆက်သွယ်ရေးကုမ္ပဏီတစ်ခုဖြစ်သော ဗိုဒါဖုန်းကုမ္ပဏီသည်မြန်မာနိုင်ငံ တွင် ဆက်သွယ်ရေးလုပ်ငန်းလုပ် ရန်အတွက် တရုတ်ကုမ္ပဏီများနှင့် ပူးပေါင်းကာလိုင်စင် ၂ ခုအားလေလံဆွဲရန်ရှိနေသည်ဟု သတင်းရရှိသည်။ အိုင်ရမ်လူမျိုးကုမ္ပဏီပိုင်ရှင် များဖြစ်သောMr. Soros နှင့်DenisO’Brien တို့က “ဆက်သွယ် ရေးကဏ္ဍဖွံ့ဖြိုးလာမှုက မြန်မာ စီးပွားရေးကို လှုံ့ဆော်ပေးနေသလိုပါပဲ”ဟု ဆိုသည်။ကမ္ဘာအချမ်း သာဆုံးပုဂ်္ဂိုလ် (၃၀)တွင် စာရင်း ပေါက်သောအဆိုပါပုဂ်္ဂိုလ်တို့က ကန်ဒေါ်လာ ၁၈.၂ ဘီလီယံသုံးစွဲရန်အတွက် ပြင်ဆင်ထားသည် ဟုသိရသည်။ လာမည့်ဇွန်လအတွင်း၁၅နှစ်စာစာချုပ်ကိုရရှိရန်အတွက် ကြေညာမည်ဟုလည်းဆိုသည်။“ကမ္ဘာဆက်သွယ်ရေး ဈေးကွက်မှာ မြန်မာနိုင်ငံကအသစ်တစ်ခုပါပဲ”ဟု ၎င်းကဆိုသည်။

No comments:

Post a Comment