မြတ်စွာဘုရားဟောကြားခဲ့သော ယခုဘဝမှာ ကောင်းသောအခြေအနေတွေနဲ့ ချမ်းသာသုခ ပေးစွမ်းနိုင်သောအချက်လေးချက်-
♠ကြိုးပမ်းအားထုတ်မှု
♠ အလေအလွင့် မရှိအောင် ထိန်းသိမ်းမှု
♠ မိတ်ကောင်းဆွေကောင်းရှိမှု
♠ ဝင်ငွေထွက်ငွေ မျှမျှတတသုံးစွဲမှု
ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ ဟောကြားတော်မူသော မြတ်ဗုဒ္ဓဒေသနာနှင့် ယနေ့ကမ္ဘာ တရားတော် မှကောက်နှုတ်ချက်။
♣ဥဋ္ဌာနသမ္ပဒါ (ကြိုးပမ်းအားထုတ်မှု )
ကိုယ်လုပ်တဲ့ လုပ်ငန်းနဲ့ ပတ်သက်ပြီးကြိုးကြိုးစားစား တက်တက်ကြွကြွ လုပ်ကိုင်ရမယ်။အဲဒီလို ကြိုးစားတဲ့နေရာမှာ -
(၁) ဒက္ခ = လုပ်ငန်းကျွမ်းကျင်မှု ရှိရမယ်။ (၂) အနလသ = ဇွဲကောင်းမှု ရှိရမယ်။ (၃) ဥပါယဝီမံသ = နည်းပညာရှိရမယ်။
အဲဒီသုံးရပ်ပေါင်းစပ်ထားတဲ့ ကြိုးပမ်းအားထုတ်မှုရှိရမယ်။
♣ အာရက္ခသမ္ပဒါ (အလေအလွင့် မရှိအောင် ထိန်းသိမ်းမှု )
အလုပ်လုပ်ပြီး ရလာတဲ့ ပစ္စည်းကို ရန်သူမျိုးငါးပါးထဲက တစ်ခုခုနဲ့မှ မပျက်စီးရအောင်အလေအလွင့် မရှိရအောင် သေချာစောင့်ရှောက်မှု ဆိုတဲ့ " အာရက္ခသမ္ပဒါ" တရားရှိဖို့ လိုတယ်။
♣ ကလျာဏမိတ္တတာ (မိတ်ကောင်းဆွေကောင်း ရှိမှု )
စီးပွားရေးနဲ့ ပတ်သက်ပြီးအကြံပေးမည့်ပုဂ္ဂိုလ် အကျင့်စာရိတ္တကောင်းတဲ့ ပုဂ္ဂိုလ် အသိပညာရှိတဲ့ ပုဂ္ဂိုလ် ကိုယ်ကျင့်တရားေ ကာင်းတဲ့ပုဂ္ဂိုလ် အဲဒီလို မိတ်ကောင်းဆွေကောင်းတွေရှိဖို့လည်းလိုအပ်တယ်။
♣ သမဇီဝိတာ (ဝင်ငွေထွက်ငွေမျှမျှတတ သုံးစွဲမှု )
ရလာတဲ့ စည်းစိမ်ဥစ္စာ ကိုယ်ထုတ်လုပ်တဲ့ပစ္စည်းကိုယ်ရဲ့ ဝင်ငွေထွက်ငွေ နဲ့ ပတ်သက်လာလို့ရှိရင် စာရင်းဇယားခိုင်ခိုင်မာမာထားပြီးတော့ ဝင်ငွေ နဲ့ ထွက်ငွေ အမြဲတမ်းမျှမျှတတ ဖြစ်နေဖို့ အရေးကြီးတယ်။
ကောလိယတိုင်းကက္ကရပတ္တုမြို့မှ ဒီဃဇာဏု အမျိုးသားမှ မြတ်စွာဘုရားအား မေးမြန်းခြင်းကိုဆရာတော် ဟောကြားပြထားသော တရားတော်ဖြစ်ပါသည်။ ဗုဒ္ဓဘာသာဝင်များသည် မြတိစွာဘုရားဟောကြားသည့်အတိုင်း လိုက်နာဆောင် ရွက်ပါက ယခုဘဝတွင်လည်းလောကီအကျိုးထူးများ ရှိနိုင်ပါကြောင်းတင်ပြအပ် ပါသည်။
No comments:
Post a Comment