Tuesday, April 30, 2013

720pHD၊ 1080i HD၊ 1080pFull HD နှင့်4K Ultra HD တို့၏ကွာခြားချက်များ

720pHD၊ 1080i HD၊ 1080pFull HD နှင့်4K Ultra HD တို့၏ကွာခြားချက်များ

မူလပထမHD နည်းပညာတွင် မျက်နှာပြင်၏ ပုံထွက်သိပ်သည်းဆမှာ အလျားလိုက် လိုင်းပေါင်း 72 0 ရှိပြီး Progressive Scanning နည်းပညာကို အသုံးပြုပါတယ်။ ဒါကြောင့်လည်း720p HD ဆိုပြီး ဖြစ်လာတာပါ ။

နောက်တဆင့်ကတော့ 720pထက် ပုံထွက် အနည်းငယ် ပိုမိုကောင်းမွန်တဲ့ 1080i HD ပဲဖြစ်ပါတယ်။ဒီမှာတော့ Interlaced Scanning နည်းပညာကိုအသုံးပြုထားပြီး မျက်နှာပြင်ရဲ့ ပုံထွက်သိပ်သည်းဆမှာ အလျားလိုက် လိုင်းပေါင်း 1080ရှိပါတယ်။

အဲဒီနောက်မှာတော့ပိုမိုကောင်းမွန်တဲ့ Progressive Scanning ကို အသုံးပြုပြီး မျက်နှာပြင်ရဲ့ ပုံထွက်သိပ်သည်း ဆမှာ အလျားလိုက် လိုင်းပေါင်း 1080ရှိတဲ့ မျက်နှာပြင်တွေကို ဖန်တီးနိုင်ခဲ့ပြီး 1080pFull HD ဆိုပြီး ဖြစ်လာခဲ့ရပါတယ်။

အခြေခံအားဖြင့်တော့ ပုံထွက်သိပ်သည်းဆဟာ မိမိအသုံးပြုတဲ့ မျက်နှာပြင် အရွယ်အစားပေါ်မူတည်ပြီးပြောင်းလဲသွားမှာ ဖြစ်ပါတယ်။ဥပမာအားဖြင့် 720p HD ပုံထွက်ကို လက်မ၆၀ တီဗီပေါ်မှာကြည့်ရင် ပုံထွက်ကြည်လင်ပြတ်သားမှုအပိုင်းမှာ အတန်အသင့် ဝေဝါးမှု ရှိနိုင်ပေမယ့် ၃၂ လက်မတီဗီမှာ ပြောင်းကြည့်လိုက်ရင် ပုံထွက်ပိုမို ကောင်းမွန်လာမှာ ဖြစ်ပါတယ်။မျက်နှာပြင် သေးသွားတာနဲ့အမျှသိပ်သည်းဆ ပိုများလာပြီးပုံထွက်လည်း ပိုမိုကြည်လင် ပြတ်သားလာမှာ ဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့Progressive Scanning နဲ့ Interlaced Scanning နည်းပညာ ၂ခုရဲ့ ကွာခြားချက်ပါပဲ။ Progressive Scanning နည်းပညာဟာ Interlaced Scanning နည်းပညာနှင့် နှိုင်းယှ ဉ်လျှင် လှုပ်ရှားနေတဲ့ ရုပ်ပုံတွေကို ချိန်ထိုးပြသရာမှာများစွာပိုမို တည်ငြိမ်မှုရှိပြီး ဝေဝါးမှု မရှိအောင် ဆောင်ရွက်ပေးနိုင်လို့ ပုံထွက်ဟာ ပိုမိုကြည်လင် ပြတ်သားပါတယ်။အထူးသဖြင့် ဒေါင့်ဖြတ် (သို့) ထောင်လိုက် အနေအထား လှုပ်ရှားနေတဲ့ ရုပ်ပုံတွေမှာ သိသာပါတယ်။

လတ်တလော ကာလအတွင်းမှာ တစ်ဟုန်ထိုးတိုးတက်လာတဲ့ နည်းပညာအသစ်ကတော့4K Ultra HD ပဲ ဖြစ်ပါတယ်။ 4K Ultra HD ရဲ့ ပုံထွက်သိပ်သည်းဆဟာ 1080p Full HD ထက် ၄ ဆ သာလွန် ကောင်းမွန်တဲ့အတွက် အရွယ်အစား အဆမတန် ကြီးမားတဲ့ လက်မ၇၀ အထက်မျက်နှာပြင်တွေကို ဖန်တီးနိုင်တော့မှာ ဖြစ်ပါတယ်။

ဒါပေမယ့် လက်ရှိအချိန်မှာ4K နည်းပညာသုံးပစ္စည်းတွေဟာ ဈေးအဆမတန် ကြီးမြင့်နေသေးပါတယ်။Sony နဲ့ Samsung တို့လို နာမည်ကြီးကုမ္ပဏီတွေက ထုတ်လုပ်တဲ့ ၈၄လက်မ 4K တီဗီ တစ်လုံးဟာ ဒေါ်လာ သောင်းဂဏာန်းအထိ ဈေးရှိနေပါတယ်။

ပုံထွက်သိပ်သည်းဆနှင့် အခေါ်အဝေါ်

720p - HD 1080i - HD 1080p Full HD 4K - Ultra HD =======================

No comments:

Post a Comment