Motorola Phone X ရဲ့သတင်းအစအနများ
Google ကနေ ပိုင်ဆိုင်ထားတဲ့ဖုန်းထုတ်လုပ်သူဖြစ်တဲ့ Motorola ဟာ အခု ထွက်ရှိလာတဲ့ သတင်းပေါက်ကြားမှုတွေ မှန်ကန်ခဲ့မယ်ဆိုရင် Smartphone သရဖူကို အရယူတော့မယ့်ပုံ တွေ့ရပါတယ်။
အခုနှစ် Novemberမှာ ထွက်ရှိလာမဲ့ X Phone လို့အမည်ရတဲ့ဖုန်းဟာ အရည်အသွေးပိုင်းမှာ အလွန်အမင်းကြီးကိုကောင်းမွန်နေတာ တွေ့ရပါတယ်။
PhoneArena ဆိုက်မှာ ဖော်ပြထားချက်အရ X Phone မှာ 2GHz Snapdragon 800 processorပါဝင်မယ်လို့ ဆိုပါတယ်။ဒါဟာ လက်ရှိ Smart Phone တွေအားလုံးထပ် ပိုမြန်ပြီး (4K video တွေကိုပြသနိုင်မဲ့ Processor ဖြစ်ပါတယ်။),
4000mAh battery ဆိုတာဟာလည်း လက်ရှိ Smart Phone Battery တွေရဲ့ ၂ဆနီးပါးလောက် ဖြစ်နေပါတယ်။ နောက်ပြီးSapphire Glass screen ကိုလည်း ထည့်သွင်းထားမယ် ဆိုပါတယ်။ဒါဟာ လက်ရှိ အမာကြောဆုံး အသုံးအများဆုံးGorilla Glassထက် ၃ဆ ပို မာကြောမှာ ဖြစ်ပါတယ်။
Motorola အမြင့်ပိုင်းဖုန်းတွေ အတိုင်း ရေစိမ်ခံပြီး carbon fibre နဲ့ ပြုလုပ်ထားတဲ့ ကြောပြင်ပါဝင်မှာဖြစ်ပါတယ်။ ဒီအချက်အလက်တွေဟာယုံရခက်လောက်အောင်ကို အကောင်းလွန်နေသလိုဖြစ်နေတယ် မဟုတ်ပါလား။
ဒါ့အပြင် တခြားသတင်းတွေအရ customisible device မိမိကိုယ်တိုင် ပြင်ဆင်လို့ရတဲ့Smartphone တစ်လုံးလည်း ဖြစ်မယ်လို့ ဆိုပါတယ်။ ကားတစ်စီးကို မ၀ယ်ခင် မိမိစိတ်ကြိုက် အစိတ်အပိုင်းတွေကို ပြင်ဆင်ပြောင်းလဲတပ်ဆင်နိုင်မဲ့ ပုံစံမျိုးပါ။ Motorola ရဲ့အကြံပေးGuy Kawasaki ကလည်းသူ့ရဲ့ G+Page မှာ အဆိုပါသတင်းကို သေချာစေလောက်တဲ့ စကားတွေ ပြောခဲ့ပါတယ်။Customisible Porsche ကားတစ်စီးလို သင့်ရဲ့ ဖုန်းကို စိတ်ကြိုက်တက်ဆင်ရရင် မကောင်းဘူးလားလို့မေးခွန်းထုတ်ခဲ့ပါတယ်။
No comments:
Post a Comment