Saturday, April 6, 2013

"HTC One အကြောင်းပြောရအောင်

"HTC One အကြောင်းပြောရအောင်"

ငွေရောင်တောက်ပနေတဲ့ အလျူမီနီယံ ကိုယ်ထည် ၊ မိမိနှစ်သက်ရာ ကဏ္ဍတွေ ထည့်ထားတဲ့ Live Home Screen ၊ကိုယ့်ဘ၀ရဲ့ အမှတ်တရ ဓာတ်ပုံ မှတ်တမ်း၊ အသံကြည်လင်ပြတ်သားတဲ့ အပေါ်နဲ့အောက် စပီကာ .. စတာတွေ နဲ့ HTC One ဖုန်းအသစ်လေးဟာ သင့်ဘ၀အတွက်ကောင်းမွန်တဲ့ စမတ်ဖုန်းတစ်လုံးအဖြစ် အတွေ့ အကြုံအသစ်တွေ ပေးဖို့လာပါပြီ ။

ဒီဇိုင်း.. 4.7 လက်မ (1080p) LCD display လေးထောင့်အပြား အလျူမီနီယံ အလွှာပါးပါး သတ္တု ၊ဖန်သားမျက်နှာပြင် ၊ ပိုလီမာအမျိုးအစားပလပ်စတစ် တို့ နဲ့ ဖက်စပ် ပြုလုပ်ထားပါတယ်။

ပါဝင်တဲ့အရာများ.. 1.7GHz quad-core Snapdragon600 processorနဲ့  Android OS, v4.1.2(Jelly Bean) ကို အသုံးပြုထားပြီး version 4.2.2အထိUpgrade လုပ်နိုင်ပါတယ်။ Li-Po 2300mAh ဘထ္ထရီ ၊ 2GB RAM သုံးထားပြီးMemory 32 GB နဲ့  64GB နှစ်မျိုးထွက်ရှိပါတယ်။

ကင်မရာ အရည်အသွေး.. 4 megapixelsရှိ ဖုန်းကင်မရာ ဖြစ်ပါတယ်။ရိုက်ပြီး ထွက်လာမဲ့ ပုံ ဆိုဒ်က 2688 x1520 pixels ရှိပါတယ်။ auto focus နဲ့LED flash အသုံးပြုလို့ ရပါတယ်။

Video Playerမှာ 469 Pixel ရှိ ကြည်လင်ပြတ်သားမှုကို တွေ့ ရမှာ ဖြစ်ပါတယ်။ စပီတာ နှစ်ခု ပါတဲ့ အတွက် အသံ ထွက်ရှိ မှုနှုန်းမှာလည်းကျယ်လောင်ပြီးကြည်လင်မှုကို ခံစားရမှာ ဖြစ်ပါတယ်။

BlinkFeed Feature လို့ အမည်ပေးထားတဲ့ Screen display ကတော့ Home Screen ကို လက်ချောင်းလေးများနဲ ထိတွေ့ ရင်း ဖြတ်ခနဲ ရွေ့ လျားမှုကို ခံစားရမှာပါ ။

အရောင်ရွေးချယ်မှုအနေနဲ့ခဲရောင် (သတ္တူရောင် ) နဲ အနက်ရောင် နှစ်မျိုးထုတ်လုပ်မှာ ဖြစ်ပြီးApril 13 ရက်နေ မှာတော့ စင်္ကာပူမှာ 32GB Version ကိုစင်္ကာပူဒေါ်လာ $968နဲ့  64GB version ကို $1068 ဆိုပြီး စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။ချွင်းချက်အနေနဲ အနက်ရောင် ကတော့ မေလမှ ဖြန့်ချီမယ်လို့ဆိုထားပါတယ်။

HTC one ကတော့ ယခုထွက်ရှိလာမဲ့ Samsung 4 ကိုတောင် ယှဉ်ပြိုင်နိုင်ဖွယ် ရှိတယ်လို့  သတင်းစကားများအရ သိရပါတယ်။

No comments:

Post a Comment