အသစ်အဆန်းကိုင်ချင်သူများအတွက် ဈေးသက်သာ Guophone N7100
Samsung Galaxy Note 2နဲ့တောင် သူသယောင် ရှိတဲ့ အသွင်အပြင် မို့ Note 2 လို့တော့ မထင်လိုက်ပါနဲ့။ Samsung Product လည်း မဟုတ်ပါဘူး။
အွန်လိုင်းမှာ အရောင်းသွက်နေတဲ့စမတ်ဖုန်း တစ်မျိုးဖြစ် ပါတယ်။ဈေးသက်သာ ဖုန်းဖြစ်ပါတယ်။မျက်နှာပြင် ၅.၃ လက်မ၊Android4.0 OS သုံးစမတ်ဖုန်း ဖြစ်ပြီးRAM 512 ပဲ ရှိပါတယ်။ Internal Memory ကတော့ 2GB ပါ။ SD ကဒ်က 32GB လည်းထည့်နိုင်ပါသေးတယ်။
ကင်မရာ ကတော့ သိပ်အကောင်းကြီးဖြစ်တဲ့ ဖုန်း မဟုတ်ပါဘူး။ရှေ့ နဲ့ နောက် နှစ်ခုလုံးပါပေမယ့် နှစ်ခုလုံးရဲ့  ကင်မရာက 2MP အတူတူတွေချည်းဖြစ်ပါတယ်။ဒီတစ်ခုက သူ့ရဲ့  ထူးခြားချက်ပါ။ ဖန်သားပြင်က VWGA Screen ဆိုတော့ AMOLED တို့လောက် မကောင်းတာတော့ သေချာပါတယ်။
အနှစ်ချုပ်ကြည့်လိုက်ရင် သူ့Specificationတွေက အမြင့်ဖုန်းတွေကိုလည်းသိပ်မမှီ၊အနိမ့်ဖုန်းတွေထက်လည်း သာနေပါတယ်။ ဒီတော့ ဈေးကိုကြည့်ရအောင် ..
အမေရိကန် ဒေါ်လာ ၁၁၅.၄၃ ဒေါ်လာပဲ ရှိပါတယ်။မြန်မာငွေနဲ့ တွက်ရင် တစ်သိန်းဝန်းကျင်ပါပဲ။တကယ်ရောက်ရင်တောင် ၁ သိန်း၂ သောင်းထက် မပိုနိုင်ပါဘူး။ဒါဆိုရင် သူ့ဟာနဲ့သူလေးတော့တန်တဲ့ ဖုန်းတစ်လုံး ဖြစ်နေပါပြီ။ အာမခံချက် ၁နှစ်ပေးထားပါတယ်။ဖုန်းနဲ့ပက်သက်တဲ့ အသေးစိတ် အချက်အလက်ကို အောက်ပါလခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။ --http://www.ahappydeal.com/product-125107.h tml?lkid=8175&utm_source=faceb ook&utm_medium=facebook_Tec&ut m_campaign=wangjun&buffer_share=5cb4c
No comments:
Post a Comment