Sunday, April 21, 2013

၁၅ဝဝ ကျပ်တန် CDMA-800 MHz ဆင်းကတ်သုံး မိုဘိုင်းလ်ဖုန်းများ MECTel အမှတ် တံဆိပ်ပါ ကြိုတင် ငွေဖြည့် ကတ်ဖြင့်သာ အသုံးပြု နိုင်မည်

၁၅ဝဝ ကျပ်တန် CDMA-800 MHz ဆင်းကတ်သုံး မိုဘိုင်းလ်ဖုန်းများ MECTel အမှတ် တံဆိပ်ပါ ကြိုတင် ငွေဖြည့် ကတ်ဖြင့်သာ အသုံးပြု နိုင်မည်

ရန်ကုန် ဧပြီ ၁၉

ငွေကျပ်၁၅ဝဝ တန်ဖိုးသတ်မှတ်ထားသောCDMA-800MHz ဆင်းကတ်များကို တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရ အဖွဲ့များ၏ကြီးကြပ်မှုဖြင့်

ဧပြီ၂၄ရက်မှ စတင်ရောင်းချပေးမည် ဖြစ်ကြောင်းမြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ အသိပေးထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

မကြာမီရက် အတွင်း စတင် ရောင်းချမည့်MECTel အမှတ်တံဆိပ်ပါCDMA-800MHzဆင်းကတ်များသည် လက်ရှိမိုဘိုင်းလ်တယ်လီဖုန်း ဈေးကွက်တွင်ရောင်းချလျက် ရှိသောCDMA-800 MHz ငွေဖြည့်ကတ်များဖြင့် အသုံးပြု၍မရကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ အသိပေးကြေညာချက်တွင် ဖော်ပြ ထားသည်ကိုတွေ့ရသည်။

MECTel တံဆိပ်ပါDMA-800 MHz ဆင်းကတ်များအသုံးပြုသောမိုဘိုင်းလ် တယ်လီဖုန်းများသည် အသစ်ထုတ်လုပ် ရောင်းချမည့် MECTel အမှတ် တံဆိပ်ပါငွေဖြည့်ကတ်များဖြင့်တယ်လီဖုန်း ဆက်သွယ် ပြောဆိုခငွေ ဖြည့်တင်းမှသာဆက်သွယ် အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။ အဆိုပါMECTel အမှတ်တံဆိပ်ပါCDMA-800MHzမိုဘိုင်းလ်ဖုန်းငွေဖြည့်ကတ် များကို ပြည်နယ်နှင့် တိုင်းဒေသကြီးများ အလိုက် ကိုယ်စားလှယ်အရောင်း ဆိုင်ကြီးများနှင့်၎င်းတို့၏ အရောင်းဆိုင်ခွဲများတွင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Ref & Credit to www.myawady.com.mm

No comments:

Post a Comment