Saturday, April 6, 2013

ZTE သည်ဆက်သွယ် ရေးဝန်ကြီးဌာနသို့ ဆက်သွယ်ရေးဝါယာကြိုးများရောင်းချခဲ့ရာ ကမ္ဘာ့ပေါက်ဈေးထက် ၁၀ဆ ဈေးကြီးပြီးရောင်းခဲ့သည် ။

ZTE သည်ဆက်သွယ် ရေးဝန်ကြီးဌာနသို့ ဆက်သွယ်ရေးဝါယာကြိုးများရောင်းချခဲ့ရာ ကမ္ဘာ့ပေါက်ဈေးထက် ၁၀ဆ ဈေးကြီးပြီးရောင်းခဲ့သည် ။

ဆက်သွယ်ရေးဝန်ကြီးဦးသိန်းထွန်း(ဗိုလ်မှုးချုပ်ဟောင်း) နေအိမ် အကျယ်ချုပ်ဖြင့် စစ်ဆေးခံနေရသည်။ ကန်ဒေါ်လာ၂သန်းပါသော လက်ဆွဲအိတ်တခု သူ၏နေအိမ်တွင် သိမ်းဆည်းရမိသည်ဟု ဆိုသည်။

ယခင်ဆက်သွယ်ရေးဝန်ကြီးဖြစ်သူ ဦးသိန်းဇော်(ယခု ကချင်ပြည်နယ်ဝန်ကြီး)လည်းစစ်ဆေးခံရသည်ဟု ဆိုသည်။ ထိပ်ပိုင်းလူကြီး၆၀အနက် ၂၀မှာ ယာယီထိန်းသိမ်းခ ထားရသည်။

တရုပ်ကုမ္ပဏီ Huawei and ZTE တို့ က အလွန်အမြက်စွန်းရှိသော ဆက်သွယ်ရေးကန်ထရိုက်များရရန်ကြိုးစားကြနေကြပါသည်။

၂၀၀၄ခုနှစ်က ZTEသည် ဆက်သွယ်ရေးဝန်ကြီးဌာနသို့ ကန်ဒေါ်လာသန်း၁၅၀ချေးငှားပြီးဆက်သွယ်ရေးဝါ ယာကြိုးများရောင်းချခဲ့ရာ ကမ္ဘာ့ပေါက်ဈေးထက် ၁၀ဆ ဈေးကြီးပြီးရောင်း ခဲ့သည်။

ဆက်သွယ်ရေးကန်ထရိုက်များအတွက် ထူးကုမ္ပဏီအုပ်စု အီလိုက်နှင့်ရက်လင့် တို့လည်း စစ်ဆေးခံနေရသည်။

ယခင် စီမံဘဏ္ဍာဝန်ကြီးဦးလှထွန်းကခြစားမှုများကို စီစစ်နေသည်။ဦးလှထွန်းသည် သမ္မတဦးသိန်းစိန်နှင့်နီးစပ်သူဖြ စ်သည်။

ယခင် ငါးလုပ်ငန်းဝန်ကြီး ဦးမောင်မောင်သိန်းလည်းစစ်ဆေးခံရ ပြီးနောက် အထက်တန်းအရာရှိဦးခင်ကိုလေးသည် ချက်ချင်းတာဝန်မှရပ်နားခံရသည်။

ယခု ငါးလုပ်ငန်းဝန်ကြီး ဦးအုန်းမြင့်ပြင်သစ်နိုင်ငံသွားမည့်ခရီး စဉ် ဖြက်သိမ်းခံရပြီးကချင်ငြိမ်းချမ်းရေးအရာရှိအဖြစ် တာဝန်ပြောင်းခံရသည်။ပြင်သစ်ကုမ္ပဏီနှင့် မဖေါ်ပြနိုင်သောကိစ္စရှိသည်ဟု သိရသည်။

ပြည်ထဲရေးဝန်ကြီးဗိုလ်ချုပ်ကိုကိုစစ်ဆေးခံရပြီး၊ သူ့ကိုယ်ရေးအရာရှိမှာ တာဝန်မှရပ်နားခံရသည်။

စိုက်ပျိုးရေးဝန်ကြီးဦးမြင့်လှိုင်လည်းမြန်မာနိုင်ငံနှင့် မသင့်လျှော်သော ဈေးကြီး သည့် ဟိုက်ဘရစ်ဆန်စက်များ တင်သွင်းမှုနှင့်ပတ်သက်ပြီး စစ်ဆေးခံနေရသည်။

အတိုက်အခံ အင်အယ်ဒီပါတီပြောဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ခြစားမှုထင်ရှားလျှင် ပြစ်ဒဏ်ချရန်လိုသည်ဟု ဆိုသည်။

ကြံခိုင်ရေးပါတီ ဥက္ကဌဦးဌေးဦးမှာ ခြစားမှုကိစ္စအတွက် အင်အယ်ဒီပါတီ အဆိုပြုချက်ကိုပယ်ချလိုက်သည်။သူတို့သည် ခြမစားပါ။

ခြစားမှုကို တိုက်ဖျက်နေသူများဖြစ်သည်ဟု ဆိုသည်။ ကြံခိုင်ရေးပါတီတွင် ယခင်အစိုးရ အရာရှိဟောင်းများစွာ ရှိသည်။

Pyay Chit Thu ခြစားမှုခင်းများနှင့်မြန်မာထိပ်တန်းအရာရှိကြီးများ -

No comments:

Post a Comment