iPhone ကိုထိုးဖောက်မြင်ပလက်စတစ်နှင့် တွေ့မြင်နိုင်ချေ Sunday, 07 April 2013
ဒီဇိုင်နာ Nickolay Lammက စိတ်ကူးယာဉ်ဖန်တီးထားတာလေးသာ ဖြစ်ပါတယ်။Apple က ဖန်တီးတာ မဟုတ်ပါဘူး။
iPhone ရဲ့  နောက်ဘက် အတွင်းပစ္စည်းများမြင်နေရအောင် ပလပ် စတစ် shell အသုံးပြုထားမှုကိုယခုလို မြင်တွေ့ရပါတယ်။၁၉၉၈ခုနှစ် iMac ကွန်ပြူတာတုန်းက ဒီဇိုင်းလို ဖြစ်ပါတယ်။ စိမ်းပြာရောင် (Bondi blue) ပလပ်စတစ်အခွံနဲ့ Apple ဟာ သူ့ရဲ့  ထူးထူးခြား ခြားလှပသော iMac ကိုထုတ်လုပ်ဖြန့်ချိခဲ့ပါတယ်။
ယခုလည်းiPhone ကိုသာ ယင်းကဲ့သို့ ပလပ်စတစ် အခွံနဲ့သာ လုပ်မယ် ဆိုရင် ဘယ်လိုလှမှာဖြစ်ကြောင်းဒီဇိုင်နာက Rendering လုပ်ပြီး ဖော်ပြထားချက်မျှသာ ဖြစ်ပါတယ်။လက်ရှိApple ရဲ့ iPhone စီးရီးမှာ အသုံးပြုတဲ့ Shell material အများစုက အလူမီနီယံ ဖြစ် ပါတယ။် အလူမီနီယံသတ္တုရဲ့  အကြမ်းခံမှုကြောင့် iPhone ရဲ့  အကြမ်းခံမှုဟာ လူသိများပါတယ်။ယခုကတော့ ပလပ်စတစ် အခွံနဲ့ ဖြစ်ပါတယ်။
လာမယ့် iPhone6 က ဘယ်လိုထွက်လာမယ်ဆိုတာ ဘယ်သူမှ မသိသေး ပါဘူး။ ဒီဇိုင်းအားဖြင့်ပြောင်းလဲမှု သိပ်မရှိဘူးလို့သာ သတင်းထွက်ပါတယ်။ နောက်ခွံအတွက် ဘယ်လို Material အသုံးပြုမယ် ဆိုတာတော့ မသိသေး ပါဘူး။ ဒီဇိုင်နာ Nickolay ရဲ့  iPhone ဒီဇိုင်းကတော့ လူကြိုက်များလျက်ရှိကြောင်းသိရပါတယ်။
No comments:
Post a Comment