မြန်မာပြည်တွင် အွန်လိုင်းစတိုးတစ်ခု ဖန်တီး လုပ်ကိုင်ရန် ကုန်ကျစရိတ်
အွန်လိုင်းစတိုး၊မားကတ် ပြုလုပ်လိုသူများအတွက် စာ ရေးသူမှ အကြံပေး၊ ကူညီတွက်ချက်ပေးထားခြင်း ဖြစ်ပါတယ်။
ကုန်ကျစရိတ် (Capital) ကို အကြမ်းဖျင်းတွက်ပြရုံလေးပါ။ အွန်လိုင်းစတိုးတစ်ခု လုပ်ငန်းဘယ်လိုလည်ပတ်မလည်း ဆိုတာ မပါသေးပါဘူး။ဘယ်လို ဝန်ဆောင်မှုပေးမယ်၊ ဘယ်လို လုပ်ကိုင်ရမယ်၊ ဘယ်လို နည်းဗျူဟာ နဲ့ ရှေ့  ဆက်ရမယ်၊ ဘယ်လို နည်းပညာသုံး ဝဘ်ဆိုဒ်ရှိရမယ်။လုပ်ငန်းဆွဲရမယ် ဆိုတာ နောက်မှဆက်လက် ရေးသားပါ့မယ်။
အွန်လိုင်းဈေးရောင်းဈေးဝယ် ဝဘ်ဆိုဒ် တစ်ခုဖြစ်လာဖို့အတွက် အဓိက လိုအပ်ချက်က ဝဘ်ဆိုဒ်ပါပဲ။ နည်းပညာပိုင်းအရ လုံခြုံရေး အဆင့်မြင့်မြင့် ထားရှိတဲ့ဝဘ်ဆိုဒ်မျိုးလိုအပ်ပါတယ်။ E-Commerceဖြစ်တဲ့အတွက်Security က အရေးကြီးပါတယ်။ဒီတော့ လိုအပ်ချက်များကိုတစ်ခုချင်းဆီ ရေးချရမယ်ဆိုရင် --
၁။လုပ်သားအင်အား
- ဝဘ်ဆိုဒ်နည်းပညာပိုင်းကို တာဝန်ယူထိန်းသိမ်းပေးမည့် အိုင်တီကျွမ်းကျင်လုပ်သား(Developer) - ၂ဦးထက်မနည်း
- ဝဘ်ဆိုဒ်တွင် အချက်အလက် Data များအား အချိန်နှင့်တပြေးညီတင်ပေးနေနိုင်မည့်Data Entry Team –၃ ဦးထက်မနည်း
-ပြည်တွင်း၊ပြည်ပ လက်လီရောင်းသူ၊လက်ကားရောင်းသူ စီးပွားရေးလုပ်ငန်းရှင်များနှင့်ကြားခံ ဆက်သွယ် လုပ်ဆောင်ပေးမည့်တာဝန်ခံ -၂ ဦး(ပြည်တွင်း၊ ပြည်ပ)
- ဝဘ်ဆိုဒ်အား လူအများသိရှိ၍ အသုံးပြုလာစေရန်၊ ဈေးကွက်တွင် လူသိများလာစေရန် ကြော်ငြာ မြင့်တင်ပေးမည့် Marketing Team- ၂ ဦး
-ရောက်ရှိလာသော ပစ္စည်းများအား အိမ်အရောက် လိုက်လံပို့ဆောင်ဝန်ဆောင်မှု ပေးနိုင်မည့် Delivery Person -၃ ဦး(ထက်မနည်း)
- ယင်းဝန်ထမ်းအားလုံးကို ဦးစီးဦးဆောင် စီမန်ခန့်ခွဲ ပေးနိုင်မည့် တာဝန်ခံ အရာရှိ - ၁ ဦး
- လုပ်ငန်းစဉ်အားလုံးကို အထက်က စောင့်ကြည့်ညွန် ကြားပေးမည့် အရာရှိချုပ် - ၁ဦး
စုစုပေါင်း လုပ်သားအင်အားလိုအပ်ချက် - ၁၄ဦး (ထက်မနည်း)
ဌာန အားဖြင့် - Tech. Dpt,Data EntryDpt, Marketing Dpt, Customer Service Dpt, Management Dpt.
၂။နေရာ
အဆင့်မြင့်ရုံးခန်းနှင့် ရောက်လာသော ပစ္စည်းများအား ယာယီ သိမ်းဆည်းထားပေးနိုင်မည့်စတိုးခန်း(ဂိုထောင်) တစ်ခု။
၃။ရုံးပစ္စည်း
- နိုင်ငံတကာနှင့် တပြေးညီဆက်သွယ်ပေးနိုင်သည့် အင်တာနက်လိုင်း(အနီးစပ်ဆုံးအားဖြင့်) ဖိုက်ဘာ အင်တာနက်လိုင်း
-၁၄ ဦးအတွက် ကွန်ပြူတာ ၁၄ လုံး - ပရင်တာ ၂လုံး - ရုံးဖုန်း -၃ လုံး - လုံလောက်သော စားပွဲ၊ကုလားထိုင်
အားလုံးအတွက် ကုန်ကျစရိတ် တွက်ချက်ခြင်း (၆ လစာ တွက်ချက်ခြင်း)
စတိုခန်းအသေးပါ ရုံးခန်းတစ်ခု (ကွန်ဒို) ၆လ အငှားတန်ဖိုး) -သိန်း၆၀ ဝန်းကျင်
ဖိုက်ဘာအင်တာနက် နှင့် တယ်လီဖုန်းဘေလ်ကုန်ကျစရိတ် -သိန်း၂၀ ဝန်းကျင်
ဈေးကွက်ကြော်ငြာနှင့် မာကဲတင်းကုန်ကျစရိတ် -သိန်း၂၀ ဝန်းကျင်
ဝန်ထမ်းလစာ -သိန်း၂၀၀ ဝန်းကျင်
ပစ္စည်းအသယ်အပို့ယာဉ် -သိန်း၇၀ ဝန်းကျင်
မျော်လင့်မထားသောကုန်ကျစရိတ်များအတွက် အရန်ငွေ -သိန်း၂၀ ဝန်းကျင်
ကွန်ပြူတာ ၁၄ လုံး -သိန်း၇၀
Web Server and Service -သိန်း၃၀
စုစုပေါင်း ကုန်ကျစရိတ် -သိန်း၄၉၀ ဝန်းကျင်
၆လ ပြည့်လျှင်- -------------- -------
၆လ လုပ်ငန်းစဉ် ပြီးဆုံးသည့်အခါ လုပ်ကိုင်ခဲ့သည့ ပရောဂျက်တွင် ရင်းနှီးမြှုပ်နှံထားသူ အားလုံးတွေ့ဆုံဆွေးနွေ၍ ရှေ့ ဆက် လုပ်ဆောင်ရန် သင့်မသင့်နှင့် ဆက်လက်ရင်းနှီြး မှုပ်နှံရန် စိတ်ကူးရှိမရှိ တိုင်ပင်ဆွေးနွေးခြင်း၊ရှယ်ယာတိုးခြင်း၊ လျော့ခြင်း အစရှိသဖြင့် လုပ်ငန်းအတွက် ဆုံးဖြတ်ချက် ချရန် လိုအပ်သည်။
လုပ်ငန်းကို ဆက်လက်လည်ပတ်ရန် ဆုံးဖြတ်လျှင်-------------
နောက်ထပ် ၆လအတွက် ရင်းနှီးမြှုပ်နှံမည့် ပမာဏကို ခေတ်ကာလအရပြန် လည်တွက်ချက်ရန် လိုအပ်သည်။၆ လ အတွင်း နိုင်ငံရေး၊စီးပွားရေးအခြေအန ပြောင်းလဲမှုများကြောင့် မျှော်မှန်းထားသည်ထက် ပိုကုန်ခြင်း၊ လျော့ကုန်ခြင်းများ ရှိလာနိုင်သဖြင့်ပထမ ၆လက အသုံးပြုသည့် ၄၉၀သိန်းကို အခြေခံ၍ပြန်လည် တွက်ချက် ရင်းနှီးမည်။
၆လ စီမံကိန်းဖြင့် လုပ်ကိုင်ကာ ကုန်ကျစရိတ်အသက် သာဆုံးနှင့် အကျိုးသက်ရောက်မှုမျးများရှိရန် ကြိုးပမ်းဖို့ အထူးလိုအပ်သည်။
အထက်ပါ တွက်ချက်မှုထက် ပိုပြီးငွေအဆပိုနည်းနည်းသုံးပြီး လုပ်မယ်ဆိုလည်း လုပ်လို့ရပါတယ်။ လုပ်သားအင်အား နည်းနည်းနဲ့ လုပ်ကိုင်နေတဲ့ အွန်လိုင်းစတိုးတွေလည်း ကမ္ဘာမှာတင်မကမြန်မာပြည်မှာ လည်း ရှိနေပါတယ်။အွန်လိုင်း စတိုးများလာလေလေ မြန်မာပြည် မှာ ဈေးရောင်းဈေးဝယ်စနစ် ပြောင်းလဲပြီးသက်သာ လာနိုင်တာမို့ အကြမ်းဖျင်းရေးထားတဲ့ Estimated Capital Plan လေးကို မျှဝေ ပေးလိုက်ရပါတယ်။ --အောင်ခမ်း(TSJ team) -http://blog.techspace.com.mm/
No comments:
Post a Comment