Saturday, April 27, 2013

မိုဘိုင်းဖုန်းကိုင်သူများသတိထားရန် ရောဂါ

မိုဘိုင်းဖုန်းကိုင်သူများသတိထားရန် ရောဂါ

ယနေ့က လူတော်တော်များများ မိုဘိုင်းဖုန်း ကိုင် ပြီဆိုတော့ မိုဘိုင်းဖုန်းနဲ့ပက်သက်တဲ့ ရောဂါအကြောင်းလေး ပြောရတာပေါ့။ပထမ စပြောချင်တာက စိတ်ရောဂါလေးပါ။ ဖုန်းမရှိရင်မနေနိုင်တဲ့ စိတ်ရောဂါလေးပေါ့။

သူငယ်ချင်း တစ်ယောက်ရှိတယ်။ထိုင်နေရင်း အသံတစ်ခုခု ကြားရင် သူ့ဖုန်းချည်း ထင်နေတယ်။မဟုတ်ရင်တောင် ဘယ်သူ့ဖုန်းလည်းလို့ တောင် သူက ထထမေးတတ်တယ်။ သူနဲ့ ခင်မင်မှု သိပ်မရှိတဲ့ လူတွေနဲ့တွေ့ဆုံတဲ့အခါ သို့မဟုတ် လူကြီးတွေနဲ့ တွေ့ခဲ့အခါ အရှက်ပြေ ကိုင်စရာ တစ်ခုအနေနဲ့ ဖုန်းကို ထုတ်ထုတ် ကလိပါတယ်။ဘာရယ်လို့လည်း မဟုတ်ပါဘူး။ဖုန်းScreen က Appစာမျက်နှာကို ဟိုပြောင်းဒီပြောင်းလုပ်၊Phone Log ကိုကြည့်၊Message ကိုဝင်ကြည့်။ကြာတော့လည်း ပြောစရာ ဖြစ်လာ တာပေါ့။

တစ်နေ့ အိမ်မှာ အလုပ်လုပ်ရင်းလာအိပ်ဖြစ်တော့လ မအိပ်ခင် ဖုန်းမျက်နှာပြင် တစ်ကြည့်ကြည့်၊ ဖုန်းကိုလည်း လက်နဲ့ လှမ်းကောက်လို့အနီးဆုံးခေါင်းအုံးဘေးမှာ ထားအိပ်ရှာပါတယ်။ကိုယ်တောင် သူဖုန်းကလိတာ တွေ့တိုင်းကိုယ့်ဖုန်းကိုယ်ကလိချင်စိတ်ပေါ်ပြီး ကလိမိပါသေးရဲ့ ။ ဒါကလည်း ချောင်းဆိုးရင် တစ်ယောက် လိုက်ဆိုးသလိုပဲ တစ်ယောက်က ဖုန်းကလိတာတွေ့ရင် လိုက်ကလိနေချင်တာမျိုးက အများအားဖြင့် ဖြစ်တတ်ပါတယ်။

ဖုန်းကို အင်တာနက်လည်း လျှောက်ရော ရောဂါက စိုးပါလေရော။ကားစောင့်နေရင်းလည်းFacebook ဖွင့်တယ်။လမ်းလျှောက်နေ ရင်းလည်းFacebook ဖွင့်တယ်။စကားပြောနေရင်းလည်းFacebookဖွင့်တယ်။ လူကြားထဲ နေရ ထိုင်ရက် ကြပ်လာရင်လည်း Facebook ဖွင့်တယ်။တစ်ခုခု စောင့်ရတာ ပြင်းရင်လည်း Facebook ဖွင့်တယ်။

ဒီတော့ ဖုန်းဘေလ်မြန်မြန်ကုန်။ဖုန်းဘေလ်စောစော ကုန်တော့လည်း မနေနိုင်ပါဘူး။ငွေမရှိတောင် စာရေးသူဆီက ချေးလို့ဖုန်းကဒ်ကို တစ်နာရီမခြား ပြန်ဖြည့်ပြီးသူ့ဖုန်းနဲ့ လုပ်နေကျအလုပ်တို့ လုပ်ပါတယ်။ နောက်တော့ သူ့မှာ ဖြစ်လာတာကဘယ် အလုပ် လုပ်လုပ် နမော်နမဲ့ နိုင်သလို ဖြစ်လာပြီးကားနောက်ကျတာမျိုး၊ အလုပ် နောက်ကျတာမျိုး၊ဖုန်းဘေလ်မဖြည့်ရပဲ တစ်ရက်လောက် နေ တဲ့ အခါ စိတ်ဓာတ်ကျနေတာမျိုးတို့ ကြုံနေရှာတယ်။မျက်နှာကမရွှင်မလမ်းနဲ့။ဒီတော့ အင်တာနက် မှာ စာရှာဖတ်ကြည့်တဲ့အခါ ဖုန်း တစ်ရက်ပျောက်လို့မနေနိုင်တာတို့၊ဖုန်းကို ကိုယ်ခွဲလို သဘောထားအသုံးပြုနေတာမျိုးကစိတ်ရောဂါတစ်မျိုးလို့ သိလိုက်ရပါတယ်။

ယင်းစိတ်ရောဂါကအထက်ကဖော်ပြပါအတိုင်းပဲ စိတ်ဓာတ်ကျခြင်း(Depression) ကို ဖြစ်စေပြီး မေ့မေ့လျော့လျော့လညးဖြစ်စေပါတယ်။အလုပ်လည်း ပျက်ပါတယ်။ဒီတော့ ဖုန်းစွဲတဲ့ ဖုန်းရောဂါလဏ္ခာ များက

-၁၀ မိနစ်တစ်ခါဖုန်းမျက်နှာပြင် ကြည့်မိရင်

-သူငယ်ချင်းနဲ့ စကားပြောရင်းဖုန်းခဏခဏကြည့်မိရင်

-သီချင်းသံ ကြားတိုင်းမိမိဖုန်းကမြည်သည်ဟု ထင်နေရင်

-ဖုန်မမြည်လဲ မြည်တယ်လို့ထင်နေရင်

-တစ်နေ့လုံး ဖုန်းမပြောပဲ မနေနိုင်ရင်

-ခဏတိုင်းMessage ဝင်ဝင်စစ်နေရင်

-သူများဖုန်းကလိတာတွေ့တိုင်းကိုယ့်ဖုန်းကို ကလိလာမိတာ အကြိမ်များရင်

--

ရောဂါပျောက်ရန်

ရှင်းပါတယ်။ဖုန်းကလိတဲ့အကြိမ်ကိုလျော့နိုင်လေကောင်းလေပါပဲ။ဖုန်းပြောတဲ့ အချိန်လျော့နိုင်လေကောင်းလေးပါပဲ။လူများကြားရှက်သလို၊ ရွံ့သလို ဖြစ်တဲ့အခါဖုန်းထုတ်ကြည့်မယ့်အစား တည်တည်နေလိုက်တာမျိုးတို့ လုပ်ကြည့်ပေါ့။ အရှင်းဆုံး ကတော့ ဖုန်းကို မေ့မေ့လျော့လျော့လောက် ထားနိုင်တာပါပဲ။( မေ့တော့မထားခဲ့နဲ့လေ။တော်ကြာ အရေးကြီးဖုန်းများလွဲနေအုံးမယ်။သွားလေရာ ဖုန်း တစ္ဆေအကပ်ခံရသလိုထင်မနေစေဖို့ ဖြစ်ပါတယ်။)အပြင်မှာ တွေ့ဖို့ ပိုလွယ်တဲ့ သူငယ်ချင်းကို ဖုန်းဆက်တာထက် အပြင်မှာ သွားတွေ့လိုက်တာမျိုး၊ ဖုန်းနဲ့ ဆော့မယ့် ဂိမ်းအစားအပြင်မှာ ဘောလုံးကန်တာမျိုး၊Gym စော့တာမျိုး၊ ရေကူးတာမျိုး၊ သူငယ်ချင်းနဲ့ ပျော်ပွဲစား ထွက်တာမျိုး၊ သီချင်းနားထောင်တာမျိုးတို့ လုပ်တာ မျိုးတို့ ပိုကောင်းပါတယ်။တစ်ခါတစ်လေကျတော့လည်း ဘာမှမလုပ်ပဲစိတ်ငြိမ်၊ ရုပ်ငြိမ်နေပေါ့။တိတ်ဆိတ်နေတဲ့ အခါ တစ်ခါခါကျဖုန်းကလိချင်စိတ်ပေါက်နေတာလေး လျော့အောင်ပေါ့။

စာဖတ်သူတို့ထဲမှာလည်းဖုန်းစွဲ၊ ဖုန်းမခွဲမခါ စိတ်ရောဂါလေး ရှိနေရင် ဒီစာလေး ရှဲလို့ မျှဝေပေးနိုင်ပါတယ်။

No comments:

Post a Comment