Thursday, April 25, 2013

Samsung Galaxy S4 ဝယ်မယ်ဆိုရင်

Samsung Galaxy S4 ဝယ်မယ်ဆိုရင်

(customer လမ်းညွှန် Review)

လက်ရှိ ကမ္ဘာ့အကောာင်းဆုံး ဖုန်းများ စာရင်းမှာ ထိပ်တန်း အဖြစ် ပါဝင်နေတဲ့ S4 ဖြစ်ပါတယ်။ နိုင်ငံတကာ Phone Rating မှာလည်း ကြယ်ငါးပွင့်အပြည့် ရတယ် ဆိုတော့ မျက်နှာပန်းအတော်လှနေတဲ့ ဖုန်းလေးပါ။ ဒါဆိုရင် စာဖတ်သူ ဝယ်မှာလား။ Stuff Magazine မှလည်း ကြယ်ငါးပွင့် အဆင့် Rating ပေးထားပါတယ်။

ကြယ်ငါးပွင့်လုံးပေးရအောင် သူက ဘာတွေထူးခြားသလဲ။ဟုတ်ကဲ့ တစ်ချက်ချင်း ရှင်းရမယ်ဆိုရင် -----

(ပုံမှာတော့ HTC နဲ့ ယှဉ်ပြထားပါတယ်။ စာမှာတော့ S4သီးသန့်ပါ)

ဈေးနှုန်း

တိတိကျကျ ဆိုရင် လန်ဒန်မှာ ဗြိတိန်ပေါင် ၅၈၀ပေါက်ပါတယ်။ ဒေါ်လာနဲ့ ပြန်တွက်တော့ ၈၈၅ဒေါ်လာ။ အဲဒါ 16GB ပါ။ မြန်မာပြည်မှာဆို ပေါက်ဈေး မြန်မာကျပ် ၈ သိန်းအထက်မှာဆိုတော့ ဒီဈေးနဲ့ ဒီလောက်ရတာ တန်ပါတယ်။ iPhone 5 နဲ့ ဈေးက နင်လားငါလားပါပဲ။ ဈေးကတော့ iPhone 5 နဲ့ တူပါပြီ။ ပစ္စည်းအရည်အသွေး ကျတော့ S4 ကကောင်းရင်တော့ S4ကိုင် ကြမှာပါပဲ။ 32 GB လည်း ဝယ်ကိုင်နိုင်သူ ရှိလာမှာပါ။

ကင်မရာ

ကင်မရာက13 MP ရှိပါတယ်။ 13 MP ကို Samsung Galaxy S3 မှာကတည်းက ချပြရင်တော့ လူချီးမွမ်း အတော်လေး များမယ့် ဖုန်းပါ။ ခုက နောက်ဆုံးပေါ် ဖုန်းတိုင်း 13MP တွေချည်း လုပ်နေပြီး Sony နောက်ထွက်မှာ Ultra Pixel တွေချည်းသုံးမှာ ဖြစ်ပါတယ်။ ကင်မရာ Pixel အပိုင်းမှာကျ Sony, HTC တို့က ဦးဆောင်နေသလို ရှိပါတယ်။သို့ပေမယ့် Samsung Galaxy S4 ရဲ့  13MP ကလည်း စိတ်ကျေနပ်မှု ရရှိစေမှာပါ။ သူက အခြားသော App ပေါင်းများစွာနဲ့ ကင်မရာကို မြင့်တင်နိုင်သေးတယ်လေ။ Flash Light ပါမယ်။Autofocusပါမယ်။ Stay shot ပါမယ်။ ယနေ့ ဒစ်ဂျစ်တယ် ကင်မရာ တစ်လုံးမှာ ပါသမျှ အားလုံးနီးပါး ပါနေတော့ S4ကို ကင်မရာတစ်လုံး ကိုင်ရသလို ကိုင်ရမှာ ဖြစ်ပါတယ်။ ရှေ့ မှာလည်း Front Facing ကင်မရာ ကောင်းကောင်း တစ်လုံး ပါဝင်နေပါတယ်။

Processor

quad-core Snapdragon chip လို့ ဆိုပါတယ်။ ဖုန်းတွေက ဘာလိုလိုနဲ့ quad core အဆင့်တောင် ရောက်လာပါပြီ။ နောက်ဆုံး ကွန်ပြူတာတွေလို Core i3,i5 တွေအဆင့်ထိတောင် တက်မလား အောက်မေ့ရပါတယ်။ Samsung Galaxy S4 မှာပါတဲ့ Snapdragon က ခပ်မြန်မြန် အလုပ်လုပ်ပေးမှာကို ဘယ်သူမှ သံသယဝင်နိုင်စရာ မရှိပါဘူး။ ယနေ့နောက်ဆုံးပေါ်ဖုန်း အတော်များများလည်း ယင်း Processor ကို အသုံးပြုဖို့ ချိန်နေကြပြီ ဖြစ်ပါတယ်။

OS Android4.2.2ဖြစ်ပါတယ်။ ဒါ့အပြင် Android OS ကို Support လုပ်ပေးမယ့် Touch Wiz လည်းပါမယ်လို့ ဆိုပါတယ်။ စာရေးသူက ကိုယ်တိုင်မသုံးဖူးတော့ Touch Wizကောင်းကြောင်း မပြောရဲသေးပါဘူး။ နိုင်ငံတကာမှာတော့ Touch Wiz ပါတာကို Samsung Galaxy S4 ရဲ့  အားသာချက် တစ်ခု ပမာ ပြော ဆို နေကြပါတယ်။ Android 4.2.2 ကိုအခြေခံလို့ အခြားသော UIအသစ်များ တိုးမြင့်ပေးသွားတယ်လို့ ဆိုပါတယ်။

ဖန်သားမျက်နှာပြင်

၅ လက်မ Super AMOLED ကို အသုံးပြုပြီး Full HD မြင်နိုင်မယ့် မျက်နှာပြင်ဖြစ်တယ်လို့ ဆိုပါတယ်။ယနေ့ ရိုးရိုး AMOLED တောင် တော်တော်ကောင်းနေတာ Super AMOLED ရဲ့  ထူးခြားမှုကို သံသယ ဝင်နေစရာ အကြောင်း မရှိပါဘူး။ မှန်လွယ် လွယ် မကွဲအောင်ကတော့ အသုံးပြုသူက ဂရုစိုက်ပေးရမယ့် အပိုင်း ဖြစ်ပါတယ်။အရင် S3 တွေလောက်က အကြမ်းခံမှု ကွာလတီနဲ့ သိပ်ကွဲပြားမယ့်ပုံ မပေါ်ပါဘူ။ ရုပ်ထွက် Resolution ကတော့ 1080Pကို ကောင်းကောင်းကြီး အာမခံတဲ့ ဖုန်း ဖြစ်ပါတယ်။

သိမ်းဆည်းသိုလှောင်မှု

16GB/32GB/64GB သုံးမျိုး ထုတ်ပြီး နောက်ထပ် 64GB ထိတောင် ထပ်ထည့်နိုင်တယ်ဆိုတော့ Portable Hard Diskကြီးလိုပါပဲ။ HD ရုပ်ရှင်တွေကိုမှ စုတတ်၊ဆောင်းတတ်တယ်ဆိုရင်တော့ S4 က အသင့်တော်ဆုံးပါပဲ။ Memory expansion မှာ Samsung က ဒီနေရာမှာ တစ်ဘန်းသာပါတယ်။

အပြင်ပစ္စည်း

နောက်ကျောမှာ Samsung ရဲ့  ရိုးရာမပျက် ပလက်စတစ်ကိုပဲ အသုံးပြုပါတယ်။Samsung ပစ္စည်းများရဲ့  အားသာချက်လို့ သူတို့ကယုံထားတယ်လေ။ဘက်ထရီဖြုတ်ဖို့လွယ်မယ်။ SD ကဒ်ဖြုတ်ဖို့လွယ်မယ်။Sim cardဖြုတ်ဖို့လွယ်မယ် စတဲ့အချက်တွေကို ရရှိစေချင်လို့၊ အပူသက်သာစေချင်လို့ ပလက်စတစ်ကို အသုံးပြုရကြောင်း Samsung ကဆိုပါတယ်။ ဒီတော့ စာရေးသူတို့ User ဘက်ကလည်း ဘာမှ Complaint မတက်ချင်တော့ပါဘူး။

အတွင်းပစ္စည်း

အတွင်းပစ္စည်းကတော့ အထက်က ပြောခဲ့တဲ့ In Builtတွေပါပဲ။ ကင်မရာနဲ့ Flash light တို့ ယခင်က ထက် သေးသွားတယ်လို့ ဆိုပါတယ်။ ကောင်းပါတယ်။ဆောင်းဗောက်နဲ့ အဲ့ဒီနေရာတွေမှာ နည်းနည်း ခုံးပြီးထားတာက Samsung ရဲ့  သဘာဝပါ။ အပူမလွန်ဖို့ပဲ ဆုတောင်းရပါမယ်။ အသုံးပြုသူ Preview ရေးသမား များကတော့ ဒီအချက်ကို ဖယ်ထားတယ်ဆိုတော့ မပူနိုင်ဘူးလို့ပဲ ဆုတောင်းရပါမယ်။Samsung ပစ္စည်းက နည်းနည်းကြာကြာသုံးရင် ကင်မရာ တစ်ဝိုက်က ပစ္စည်းများ ပူလာတတ်တာ သဘာဝပါ။အခြားသော ဖုန်းများလည်းဒီလိုပါပဲ။ ဒါကို Samsung က S4မှာဖြေရှင်းထားလောက်မှာပါ။Processor အသစ်ကလည်း ဒါကို ဖြစ်မလာစေနိုင်ဘူးလို့ ဆိုကြပါတယ် ။

အသုံးပြုရ စိတ်တိုင်းကျမကျ

One Hand Operation အတွက် အနှောင့်အယှက် ဖြစ်စေတယ်လို့ လည်း ကွန်ပလိန့်တက်ကြပါတယ်။အမှန်တော့ Samsung လို ဗြက်ကျယ်တဲ့ ဖုန်းက လက်တစ်ဖက်နဲ့ အသုံးပြုရတဲ့ အခွင့်အရေးကို S3စထွက်ကတည်းက စွန့်လွတ်ပြီးသား ဖြစ်ပါတယ်။ Samsung Galaxy Note,Note2,S3,S4 တို့မှာ လက်တစ်ဖက် တည်းနဲ့ message တစ်စောင် စိတ်တိုင်းကျ ရိုက်လို့မရတာကတော့ ကြိမ်းသေပါတယ်။ သို့ပေမယ့် ဘာဖြစ်လဲ။ လက်နှစ်ဖက်နဲ့ ရိုက်လို့ စာတစ်စောင်ကပြီးလို့ အဆင်ပြေနေတာပဲ။မျက်နှာပြင် ကျယ်တာ လိုချင်မှာတော့ ဒီတစ်ချက်တော့ စတေးရမှာ အမှန်ပါပဲ။S4မှာ One Hand Operation အတွက် UIအသစ်ပါတယ်လို့လည်း ကြားတော့ စာရေးသူတို့ စိတ်ချမ်းသာ ရပါတယ်။

အခြား Feature

လူပြောများနေပါတယ်။ Samsung Galaxy S4က Sensation အရမ်းကောင်းတယ်နဲ့ အမွမ်းတင်နေကြတာ သူ့အဓိက အရင်းအမြစ်က မတို့မထိ မသုံးပြုရ UIများ ထည့်သွင်းပေးခြင်း ဖြစ် ပါတယ်။ မျက်နှာပြင်ထိစရာ မလိုပဲ လက်ကလေးသလပ်လိုက်ရုံနဲ့ စာမျက်နှာလှံသွားတာမျိုး၊ မျက်လုံးက အောက်ဆွဲလိုက်တာနဲ့ စာတွေ အပေါ်တက်သွားတာမျိုး၊ Note 2ကလို လက်နဲ့မထိပဲ လေ ကနေ ဝေ့ရမ်းရတာမျိုးတို့က အတော်လေး အားရဖို့ကောင်းပါတယ်။မတို့မထိ Air View,Air Feature တွေအတွက် အကွာအဝေး သက်မှတ်ချက်က 6cm ဝန်းကျင်လို့ ဆိုပါတယ်။ Eye Tracking ကျတော့ အရင်က Eye Stay တွေလိုပဲ သာမန် ဖုန်းတစ်လုံးနဲ့ လက် အကွာအဝေးက ရပါတယ်။

မြန်မာတို့ မျှော်သော Feature များ

S4 ရဲ့  ကြိုးစားအားထုတ်မှုက အရမ်းကောင်းတော့ ဖွံ့ဖြိုးပြီးနိုင်ငံတွေ မှာ လူတိုင်း ကြိုက်ပါတယ်။ သူက တစ်ကိုယ်ရည် တစ်ကာယ ကျန်းမာရေး၊ နေထိုင်ရေး၊ သွားလာရေးတို့အတွက်ပါ အချိန်နဲ့ တပြေးညီ ကူညီပေး၊ သတင်းအချက်အလက်ပေးနေမယ့် app တွေပါပါတယ်။ ဥပမာ သွေးပေါင်ချိန်ကယ်လိုရီတိုင်း တာသတင်း ပေးတာမျိုး၊ အားကစားအတွက် မှတ်တမ်း တင်ပေးတာ မျိုး၊ လမ်းလျှောက်ခြင်းအတွက် မှတ်တမ်းတင်ပေးတာမျို တို့ပါ။ဒါတွေကျSamsung ရဲ့  Online Service တရားဝင်ရတဲ့နေရာ၊ အင်တာနက် လိုင်းအတော်ကောင်းတဲ့ နေရာတို့မှာမှ အဆင်ပြေတာ ဖြစ်ပါတယ်။

အနှစ်ချုပ်

ဒီလိုပဲ ပြောနေရင်အချက်က ပြီးတော့မှာ မဟုတ်ပါဘူး။ နောက်ဆုံး တိုက်တွန်းချင်တာကတော့ ဝယ်ပါ။ ဝယ်နိုင်ရင်ဝယ်ပါ။ Samsung Galaxy S3 တုန်းက အလုံးရေ သန်း ၅၀ကျော်ရောင်းချရမှုအတွက် လက်မထောင်နေတဲ့ Samsung က S4 မှာ ဒီလိုဖြစ်လာဖို့ မျှော်လင့်နေပါတယ်။ ငွေ ၈သိန်းကျော်လောက် လက်ထဲမှာ ရှိနေရင် စာဖတ်သူတို့ ရွေးဝယ်စရာက များသွားပါပြီ။ HTC One ဝယ်မလား၊ Sony နောက်ဆုံးပေါ်လား၊ LG လား၊ iPhone 6 ကိုစောင့်မလား။ iPhone 6 ကတော့ S4ထက်ဈေး ကြီးမှာနော်။Samsung Galaxy S4တဲ့ iPhone 6 ရဲ့  ပြင်းထန်တဲ့ တိုက်ပွဲကိုလည်း ကြိုပြီးတော့ မြင်ယောင်ရသေး။စာဖတ်သူတို့ စိတ်တိုင်းကျရင် Samsung Galaxy S4ကို ဒီမှာ အမှတ်ပေးသွားနိုင်ပါတယ်။

No comments:

Post a Comment