*** အသုံးဝင် Android Facebook Application များ***
Facebookကိုဖုန်းကနေအသုံးပြုသူတွေအတွက် ဒီပို့စ်ကို ရေးလိုက်ပါတယ်။ Facebookနဲ့ပက်သတ်ပြီးအသုံးဝင်တဲ့ appတွေဖြစ်ပါတယ်။ အတတ်နိုင်ဆုံးကြိုးစားရှာဖွေ တင်ဆက်ပေးလိုက်ပါတယ်။ ကဲ ဘာတွေလဲ ကြည့်ရအောင်..
*** FB Touch *** ဒါကတော့ Facebook ကို အမြန်သုံးနိုင်မယ့် app တစ်ခုပါ။ connection မကောင်းတဲ့အချိန်မျိုးမှာ Facebook ကို ဖွင့်ကြည့်နိုင်ပါတယ်။ Offical Facebook နဲ့ တစ်ပုံစံတည်းတူအောင် ဖန်တီးထားပါတယ်။ ကျွန်တော် တင်ပေးပြီးသားပါ။တကယ်မြန်ဆန်စွာ အသုံးပြုနိုင်ပါတယ်။ မြန်မာစာကိုလဲ အဆင်ပြေစွာ အသုံးပြုနိုင်ပါတယ်။
*** TiKL TouchTalk WalkieTalkie *** ဒါကတော့ Facebook ပေါ်ကသူငယ်ချင်းတွေနဲ့ ဝေါ်ကီတော်ကီ သဘောမျိုးတစ်ယောက်တစ်ခွန်းအပြန်အလှန် စကားပြောနိုင်မယ့်appဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် Voice Chatလုပ်လို့ရပါတယ်။ GroupVoice Chat အနေနဲ့လဲ အသုံးပြုနိုင်ပါတယ်။ ကျွန်တော် အရင်က တင်ပေးပြီးသားပါ။အဆင်ပြေပါတယ်။
*** My Album *** ဒါကတော့ Facebook ပေါ်မှာ ဓါတ်ပုံတွေကို download/upload လုပ်နိုင်တဲ့ .. appဖြစ်ပါတယ်။ဓါတ်ပုံတွေ သိမ်းဆည်းထားချင်သူများ၊ ပုံအသစ်တွေ တင်ချင်သူများအလွယ်တကူ အသုံးပြုနိုင်ပါ တယ်။လူကြိုက်များသော FB Photo downloader app ဖြစ်ပါတယ်။Tagsအလုပ်ခံထားရတဲ့ ပုံတွေကိုပါdownload ပြုလုပ်နိုင်ပါတယ်။ SD card အောက်က MyAlbum ဆိုတဲ့ folderထဲမှာ ပုံတွေကို save ပေးပါတယ်။
*** First Cover *** FacebookTimeline Cover ပုံတွေကို ပြောင်းလဲပေးနိုင်တဲ့ appတစ်ခုပါ။ coverပုံတွေ အများကြီးရှာဖွေပြီးပြောင်းလဲနိုင်ပါတယ်။မိမိ Timeline ပေါ်ကို အလွယ်တကူ စိတ်ကြိုက် cover များရှာဖွေပြီး ပြောင်းလဲနိုင်ပါတယ်။
*** my ChatDroid for Facebook *** FacebookChatting app တစ်ခုပါ။မြန်ဆန်ပြီး အသုံးပြုရတာ အဆင်ပြေပါတယ်။ရိုးရိုးရှင်းရှင်းနဲ့Chatting သီးသန့် အသုံးပြုချင်သူတွေအတွက် အဆင်ပြေပါတယ်။ Facebookapp ကိုဖွင့်ပြီး အသုံးပြုရတာမဟုတ်တော့ စက်လဲ မလေးတော့ဘူးပေါ့။
တစ်ခြားအသုံးဝင် facebookapps တွေ ကျန်ပါသေးတယ်။ အခုတင်ပေးလိုက်တာတွေကတော့ သယ်ရင်းတို့ မသိတာများမယ်ထင်ပြီး.. တင်ပေးလိုက်တာပါ။တစ်ချို့app တွေကတော့ နာမည်ကြီးတွေဆိုတော့ .. သိလောက်မယ်ထင်ပြီးမတင်တော့ပါဘူး။စမ်းကြည့်လိုက်ြ ကပါဦး။ ကျွန်တော်လဲ တစ်ညနေလုံး ဒါတွေပဲ ထိုင်ကလိပြီး အခုမှ တင်ဖြစ်တာပါ။ ကဲ .. အားလုံးပဲ အဆင်ပြေပျော်ရွှင်ပါစေလို့ဆု တောင်းလိုက်ပါ တယ်။ appတွေကို စုစည်းပြီးzip file အနေနဲ့တင်ပေးလိုက်ပါတယ်။
download - (15MB)
Box - https://www.box.com/s/1pu98b2fs15vqbjt hx7o
Dropbox -https://www.dropbox.com/s/8tszhggxkjsvp7u/Mr.AD%20-%20FB%20apps.rar
Zippyshare - http://www66.zippyshare.com/v/93272040/file.html
No comments:
Post a Comment