HTC နဲ့ Facebookတို့ ပေါင်းပြီး Facebook ဖုန်း ထပ်မံထုတ်မည်။ Facebookဖုန်းကို HTC First ဟု အမည်ပေးမည်
Facebookအသုံး ပြုဖို့ အဓိကထားမယ့် စမတ်ဖုန်းကို ထုတ်လုပ်ဖို့ တရားဝင် ကြေညာပြီးနောက် ဘယ်လိုဖုန်း ဖြစ်မယ်ဆိုတာ လူတိုင်း စိတ်ဝင် စားကြပါတယ်။
ယခု နောက်ထပ်သိရတဲ့ သတင်းကတော့ ယင်းဖုန်းကို HTCFirst လို့ အမည်ပေးထားခြင်း ဖြစ်ပါတယ်။ကီးဘုတ်ဖုန်းဖြစ်မယ်လို့ ထင်ထားခဲ့ပေမယ့် ပုံမှာ မြင်တွေ့ရတဲ့အတိုင်း တို့ထိမျက်နှာပြင်နဲ့ ဖုန်းဖြစ်မယ် လို့လည်း ပြန်လည် သတင်းထွက်ရှိလာပါတယ်။ပုံမှာ ပြထားတဲ့ အတိုင်းပဲ ဖြစ်မယ်လို့လည်း ဆိုပါတယ်။ HTCကတော့ ဖုန်းပုံစံကို မပြော သေးပါဘူး။
ဇူကာဘတ်နဲ့ သဘောတူပြီး ထုတ်မယ့် Facebookဖုန်းကဈေးသက်သာပြီး အလယ်အလတ်တန်းစား ဖုန်းဖြစ်မယ်လို့ ဆိုပါတယ်။ဒီတော့ အဆင့်မြင့်ဖုန်း များ ကင်မရာ 12megapixel ရနေချိန် Facebookဖုန်းက8megapixel လောက် အနိမ့်ဆုံး ပါရှိမယ်လို့ ဆိုပါတယ်။All The Way From HTC ဆိုတော့ ကင်မရာနဲ့ သူ့ Feature တွေကို အထင်သေးလို့ ရမှာ မဟုတ်ပါဘူး။
အရောင်စုံလင်စွာနဲ့ Facebook စမတ်ဖုန်း ဖြစ်တဲ့ HTCFirst ကို ယခုနှစ် အတွင်း ဖြန့်ချိနိုင်ရန် ကြိုးပမ်းလျက် ရှိကြောင်း သိရပါတယ်။
No comments:
Post a Comment