Thursday, April 4, 2013

ဆဲလ်ဖုန်းအသက် ၄၀ပြည့်ပြီ



ဆဲလ်ဖုန်းအသက် ၄၀ပြည့်ပြီ ~~~~~~~~~~~~~~~~
ပထမဆုံးဆဲလ်ဖုန်းကို စတင်သုံးစွဲခဲ့တာဟာ ၁၉၇၃ ခုနှစ် ဧပြီလ ၃ ရက်နေ့ကပါ။မိုတာရိုလာ ဒုဥက္ကဌ မာတင်ကူးပါးက နယူးရောက်က လူသွားစင်္ကြန်မှာ Motorola DynaTAC 8000X ကို စပြီးသုံးခဲ့ပါတယ်။

အဲဒီတုန်းကဖုန်းဟာ ၂ ပေါင်ခွဲလေးပြီးတပေလောက်ရှိပါတယ်။ အဲဒီနောက် ၁၀ နှစ်လောက်ကြာမှ ဈေးကွက်ကို တင်ရောင်းနိုင်ခဲ့ပြီး ရောင်းဈေးက ဒေါ်လာ ၃၉၀၀ ပါ။အခုနောက်ဆုံးiPhone ကတော့ ၅ လက္မအောက်၊ အလေးချိန်ကလည်း၎ အောင်စ မပြည့်ဘဲ ၁၉၉ ဒေါ်လာနဲ့ ၀ယ်နိုင်ပါပြီ။

သူ့တသက်မှာ လူတိုင်းနီးပါးဆဲလ်ဖုန်းသုံးတဲ့အဆင့်ရောက်နိုင် မယ်လို့ မထင်ခဲ့ကြောင်းမာတင်က ပြောပါတယ်။ဒါပေမဲ့ ဆဲလ်ဖုန်းစသုံးခဲ့တဲ့ နှစ် ၄၀အတွင်းဖုန်းတလုံးကနေ ဆဲလ်ဖုန်းပေါင်းသန်း၅ထောင်အထိတိုးများလာခဲ့ပါတယ်။ MZ

ဓာတ်ပုံ- မာတင်ကူးပါးနဲ့ ပထမဆုံးဆဲလ်ဖုန်း

No comments:

Post a Comment