Thursday, April 25, 2013

မန်မာပြည်တွင် အွန်လိုင်းငွေချေစနစ် ဖြစ်လာမည်ဆိုလျှင်

မြန်မာပြည်တွင် အွန်လိုင်းငွေချေစနစ် ဖြစ်လာမည်ဆိုလျှင်

ဘယ်ပြောကောင်းမလဲ။အားလုံးကဒါကိုပဲ စောင့်နေပါတယ်။ အွန်လိုင်းငွေချေစနစ်ကောင်းကောင်းတစ်ခုသာ ပေါ်လာရင် မြန်မာပြည်မှာ ဖြစ်လာမယ့်စီးပွားရေးတွေက ရေတွက်လို့မနည်းဘူး။အချို့ ကျတော့ လည်း မစောင့်နိုင်တော့လို့ ကိုယ်တိုင်ထလုပ်သွားသူတွေလည်း ရှိပါတယ်။ခုကမြန်မာပြည်မှာ အွန်လိုင်းငွေချေစနစ် တစ်ခုဖြစ်လာရင် ဘယ်လိုစီးပွားရေးတွေ ဖွံ့ဖြိုးတိုးတက်မယ်ဆိုတာကို အကြမ်းဖျင်းပဲ ထောက်ပြမှာ ဖြစ်ပါတယ်။

တစ်လောကပဲ အိုင်တီ စီးပွားရေးစီမံကိန်းရေးဆွဲမှု ပြိုင်ပွဲမှာ ဆုရသွားသူ ပညာရှင်များရှိပါတယ်။ယင်းပညာရှင်များအပြင် အွန်လိုင်းငွေချေစနစ်ဖြစ်ဖို့ ကြိုးစားနေတဲ့ အဖွဲ့အားလုံးကို အင်မတန် လေးစားဖို့ ကောင်းပါတယ်။ယုံကြည်ချက်နဲ့ ကြိုးစားနေသူတွေပဲမို့ Respectပေးရမှာတော့ အမှန်ပါပဲ။ စီးပွားရေး ပိတ်ဆို့မှုတွေကလည်းရှိတော့ Paypal,Master Card တွေက မြန်မာပြည်သားတွေအတွက်အသုံးပြုခွင့်ရဖို့ မသေချာသေးဘူးလေ။ဒီတော့ ဖြေရှင်းနိုင်မယ့် နည်းလမ်းက နှစ်ခုဖြစ်ရပါလေရော။

ပိတ်ဆို့ထားသော စီးပွားရေးလမ်းများဖွင့်ကာ နိုင်ငံတကာမှ အွန်လိုင်းငွေချေစနစ်ကို လမ်းကြောင်းဖွင့်ပေးခြင်း

ဒါဆိုရင် ရှင်းပြီလေ။ဘာကိုစောင့်နေတော့မှာလဲ။ ဒီလိုင်းတွေဖွင့်ပေးမှတေ့ အင်တာနက်သုံးသူတိုင်း ဘဏ်အကောင့်လုပ်မယ်၊ ငွေချေအကောင့်လုပ်မယ်။ ငွေပို့မယ်၊ငွေထုတ်မယ် နဲ့ မြန်မာပြည်မှာ အင်တာနက်အခြေခံ စီးပွားရေးကနေ့ချင်းညချင်းကို ဖြစ်လာမှာလေ။

မြန်မာပြည်တွင်းအခြေဆိုက် ခိုင်မာသော အွန်လိုင်းငွေချေ စနစ်ဖန်တီးခြင်း

အဓိက ပြောနေကြတာကSecurity ပါပဲ။အွန်လိုင်းငွေချေ စနစ်တစ်ခုမှာ အကောင့် လုံခြုံရေးအပိုင်းကိုကောင်းကောင်း ကိုင်ပေးနိုင်မယ်၊Awarenessကောင်းကောင်းပေးနိုင်မယ်။ User Friendly ဖြစ်မယ်၊User အတွက်အသုံးပြုရ သက်တောင့်သက်သာ ရှိစေမယ်ဆိုရင်လူတိုင်းသုံးမှာ အမှန်ပါပဲ။ဒီထက်ပိုများထက် လိုအပ်ချက်၊ မလိုအပ်ချက်တွေကို စာဖတ်သူတို့ ကိုယ်တိုင်လည်း စဉ်းစားကြည့်နိုင်ပါတယ်။အွန်လိုင်းငွေချေ စနစ် မပေါ်ရင်လည်းမပေါ်လို့ ပေါ်လာရင်လည်းယင်း ဝန်ဆောင်မှုမှာအားနည်းချက်၊အားသာချက်ကတော့ ဆက်ဒွန်တွဲနေမှာပါပဲ။သို့ပေမယ့် သူ့ဆီကို ကိုယ်ပို့တဲ့ငွေရောက်၊သူ့ဆီကကိုယ်ရစရာရှိတဲ့ငွေကိုပြန်ရ ဒါဆိုရင် အွန်လိုင်းငွေချေစနစ်ကအလုပ်လုပ်ပါပြီလေ။ ကိုယ်ကတော့ ပို့လိုက်ပါပြီ။သူ့ဆီဘယ်နည်းနဲ့ ရောက်မလဲ။ ကြားခံ ဘဏ်စနစ်တစ်ခုရှိရဖို့က သေချာနေပါပြီ။ နိုင်ငံတကာမှာဆိုရင် နိုင်ငံတွင်းဘဏ်တွေကို ပြည်ပက အွန်လိုင်းငွေချေလုပ်ငန်းကွန်ရက်ကြီးများနဲ့ တိုက်ရိုက် ချိတ်ဆက်ထားပါတယ်။Money Transferဖြစ်ဖို့အတွက် ကြားမှာ ငွေကို သိမ်းထားပေး၊ပို့ပေးမယ့် Unit ကBank ဖြစ်နေပါတယ်။ လက်ရှိမြန်မာပြည်မှာ Bankပေါင်းများစွာ ရှိပါတယ်။ယင်း Bank တွေကပဲနိုင်ငံတကာ ငွေပို့၊ငွေလွဲကိုရအောင်လည်း တကယ်ကြိုးပမ်းနေပါပြီ။နိုင်ငံခြားသားများ မြန်မာပြည်မှာ Master Card,Visa Card တွေအသုံးပြုလို့ ရပြီလို့တောင် ကြားပါတယ်။ဒီတော့ မြန်မာပြည်သားများအသုံးပြုခွင့်ရဖို့ မကြာနိုင်တော့ပါဘူး။

ဖြစ်လာရင် အွန်လိုင်းဈေးရောင်းဈေးဝယ်၊ မီဒီယာ၊ ဘလောဂ်များပိုမိုဖြစ်ထွန်းလာနိုင်ပြီးစီးပွားလည်း ပိုဖြစ်နိုင်ပါတယ်။Online Banking, Online Payment, Online MoneyTransfer တို့သာ ဖြစ်လာသည် ဖြစ်စေ၊ မဖြစ်လာသည် ဖြစ်စေ လက်ရှိ ရှေ့ ဆက် အွန်လိုင်းမှာ ကိုယ်ဘာစီးပွားရေးတွေ လုပ်ရင်ကောင်းမယ်ဆိုတာ Plan ချထားရင်မမှားနိုင်ဘူးလို့အကြံပေးလိုပါတယ်။

No comments:

Post a Comment