Thursday, April 4, 2013

Facebookဖုန်းဖြစ်နိုင်သည့်HTC ဟန်းဆက်ဓာတ်ပုံ ပေါ်ထွက်လာ

Facebookဖုန်းဖြစ်နိုင်သည့်HTC ဟန်းဆက်ဓာတ်ပုံ ပေါ်ထွက်လာ Friday, April 5,2013

Mystဟု HTCက အမည်ပေးထားသည့် ဖုန်းမော်ဒယ်လ်သစ် တစ်ခု ကို လတ်တလောတွင် စမ်းသပ်နေဆဲ ဖြစ်ပြီး ကြာသပတေးနေ့တွင် ဆီလီကွန်တောင်ကြား၌ Facebook ဝက်ဘ်ဆိုက် တည်ထောင်သူမာ့ခ်ဇက်ကာဘာ့ဂ်က ယင်းဖုန်းအသစ်ကိုမိတ်ဆက်လာနိုင်ကြောင်းခန့်မှန်းချက်များ ထွက်ပေါ်နေသည်။

Facebookဖုန်းဟုယူဆရသည့် HTC မိုဘိုင်းလ်ဖုန်း ဟန်းဆက် တစ်မျိုး၏ဓာတ်ပုံသည် Onlineတွင် စတင် ထွက်ပေါ်လာခဲ့သည်။MystဟုHTCက အမည်ပေးထားသည့် ဖုန်းမော်ဒယ်လ်သစ် တစ်ခုကို လတ်တလောတွင်စမ်းသပ်နေဆဲဖြစ်ပြီး ကြာသပတေးနေ့တွင် ဆီလီကွန်တောင်ကြား၌ Facebookဝက်ဘ်ဆိုက် တည်ထောင်သူ မာ့ခ်ဇက်ကာဘာ့ဂ်ကယင်းဖုန်း အသစ်ကို မိတ်ဆက်လာနိုင်ကြောင်းခန့်မှန်းချက်များ ထွက်ပေါ်နေသည်။HTCနှင့် Facebookတို့ ပူးပေါင်း ဖန်တီးမည့် အဆိုပါဖုန်းသည် Home Button ကို Apple၏iPhoneနှင့် ဆင်တူအောင် ဖွဲ့စည်းလာခဲ့ပြီး Facebookအသုံးပြု ရန်အတွက် သီးခြားခလုတ်အဖြစ် အသုံးပြုလာဖွယ် ရှိနေကြောင်း သိရသည်။

အဆိုပါ ဟန်းဆက်သည် Facebook၏Menuနှင့် Screenများအသုံးပြုရ လွယ်ကူစေရန် ပိုမိုအနုစိတ် ချဉ်းကပ် ဖန်တီးထားဖွယ်ရှိနေကြောင်းAndroid Policeက သုံးသပ် ဖော်ပြခဲ့သည်။လတ်တလောတွင် Facebook Homeဟု အမည်ပေးထားသည့် Appအသစ်တစ်မျိုးကို Facebook၏ ဝန်ထမ်းများကို သာ စမ်းသပ်သုံးစွဲခွင့် ပေးထားဆဲဟုလည်းAndroid Policeက ဆိုသည်။

Facebookသည် ကိုယ်ပိုင် မိုဘိုင်းလ်ဖုန်းအမျိုးအစားသစ် တစ်ခုကို ဖန်တီးမည်ဟု သတင်းကြီးနေသလို မကြာသေးခင်ကလည်း Android ကို ပိုမို အဆင့်မြှင့်တင် ပုံစံပြောင်းထားသည့် Facebook OSတစ်မျိုးကိုဖန်တီးနေကြောင်း ကောလာဟလများ ထွက်ပေါ်ခဲ့သေးသည်။

Source: DailyMail

No comments:

Post a Comment