Thursday, April 4, 2013

Facebookတွင်လည်း မြန်မာစာ ဘာသာပြန်စနစ်ရတော့မည်



Facebookတွင်လည်း မြန်မာစာ ဘာသာပြန်စနစ်ရတော့မည်

တကယ်ရတော့မှာပါ။သို့ပေမယ့် သူက ဗမာစာလို့ ရေးထားပါတယ်။

Open source ထင်ပါတယ်။လူတိုင်း ဝင်ရေးခွင်ပေးထား ပါတယ်။ပြီးတော့မှာ လူကြိုက်အများဆုံးVote အများဆုံး စာလုံးကိုရွေးချယ်ပြီးအသုံးပြုသွားမှာ ဖြစ်ပါတယ်။လက်ရှိ မြင်နေတာတော့ ဇော်ဂျီနဲ့ ဝင်ရေးတဲ့သူတွေရော၊ ယူနီကုဒ်နဲ့ ဝင်ရေးတဲ့ သူတွေရော စုံနေပါတယ်။

စာဖတ်သူတို့လည်းဝင်ရေးနိုင်ပါတယ်။Facebookက မရေး ပါဘူး။ မြန်မာ လူမျိုးများရေးသွားတဲ့ စာတွေကိုပဲ အသုံးပြု သွား မှာ ဖြစ်ပါတယ်။စစချင်းကတော့ Faebook ရဲ့ UI တစ်ခုလုံး ကို မြန်မာလို မြင်ရအောင် ပြောင်းပေးမယ်ထင်တာပဲ။ FacebookTranslation ကည်း ဘယ်နိုင်ငံက ရေးတဲ့စာတွေကိုမဆို ဘာသာ ပြန်ပေးနိုင်မယ်ထင်ပါတယ်။

အင်္ဂလိပ် ကနေမြန်မာ၊မြန်မာကနေ အင်္ဂလိပ်ကို ဝင်ရေးပေးရုံပဲ။အခြားဘာသာစကားတွေကတော့ ကြားမှာ အင်္ဂလိပ်စာ ဘာသာပြန် Process ခံပြီး မြန်မာစာ ပြောင်းပေးမယ်ထင်ပါတယ်။

အားသာချက်ကတော့ ပြောမကုန်အောင်များပါမယ်။ ကမ္ဘာတစ်လွှားက ဘယ် Facebookpage, အကောင့်တွေနဲ့ အလွယ်တကူ ဆက်သွယ် နိုင်ပြီး သတင်းအချက်အလက် စီးဆင်းမှု မြန်ဆန်မှာ ဖြစ်ပါ တယ်။မြန်မာတို့အတွက် ကောင်းသတင်းပါပဲ။

လူတိုင်းဝင်ရေးနိုင်ဖို့ ဒီ Link ကို သွားနိုင်ပါတယ်။- https://www.facebook.com/?app=1&sk=translations

အဲ။သို့ပေမယ့် တစ်ခုရှိတာက Font ကိစ္စပါ။ ခုနေဝင်ကြည့်တော့အချို့ ကဇော်ဂျီနဲ့ ဝင်ရေး၊အချို့  က ယူနီကုဒ်နဲ့ ရေးတာတွေ လုပ်ထား ပါတယ်။ဇော်ဂျီသုံးနေသူ များကြတော့ ဇော်ဂျီပဲတွေ့တာမို့ ဇော်ဂျီကို Vote လုပ်သွားပါတယ်။ဒီတော့ ဘယ်လိုလာမလဲ မသိသေးပါဘူး။ အားနည်းချက်ပေါင်းများစွာရှိနေတဲ့ ဇော်ဂျီကိုပဲ Vote အရ ရွေးသွားမလား၊ ယူနီကုဒ်ကိုပဲ ရွေားမလား ပြောရခက်ပါတယ်။ ခုတောင် FacebookTranslation Team အနေနဲ့ မြန်မာတွေ ဘာကို ဝင် Vote ဘာလိမ့် ဝင်ကြည့်တဲ့အခါဇော်ဂျီကို လေးထောင့် အတုံးတွေပဲ တွေ့မလား မသိပါဘူး။

ကဲ။ ကိုယ်တိုင်သာ ဝင်ကြည့်၊ဝင်ရေး၊ပြင်ပေးကြတော့ပါဗျာ။ Facebookကို မြန်မာကူမှ မြန်မာစာ ရမယ့်အနေအထား ဆိုတော့ လူတိုင်းတက်ကြွစွာ ပါဝင်နိုင်ဖို့နှိုးဆော် လိုက်ရပါတယ်။ --အောင်ခမ်း(TSJ team)

No comments:

Post a Comment