Samsung Galaxy S4 ထက်တောင်သာသည်ဟု ဆိုသော Xiaomi
Xiaomi ကို ဟိုအရင်က ကြားတောင်မကြားဖူးပါဘူး။ တရုတ်အခြေ ဆိုက် စမတ်ဖုန်း ထုတ်လုပ်တဲ့ ကုမ္မဏီတစ်ခု ဖြစ် ပါတယ်။
သို့ပေမယ့် နှစ်အနည်းငယ် အတွင်း ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းကုမ္မဏီ တစ်ခု ဖြစ်လာမယ်ဆိုတာ ကြိမ်းသေနေပြီ ဖြစ်ကြောင်း သိရပါတယ်။
၂၀၁၂ခုနှစ်အတွင်းဟန်းဆက်ပေါင်း၇.၁၉သန်း ရောင်းချရပြီး၂၀၁၃ မှာ ၂ ဆမက ဈေးကွက်မြင့်တက်ဖို့ သေချာနေပါတယ်။၂၀၁၁ ခုနှစ်နွေကုန်တဲ့အထိ ဖုန်း မရောင်းခဲ့ပါဘူး။သို့ပေမယ့် တစ်နှစ်ကျော် ကာလအတွင်း သူ့ရဲ့  ကြိုးပမ်းချက်က ကမ္ဘာ့ စမတ်ဖုန်းဈေးကွက်ကို တုန်လှုပ်ခြောက်ခြားစေခဲ့ပါတယ်။
နယူးယောက်မှာ လုပ်တဲ့ Drive Into Mobile Conference မှာအဖိတ်ကြားခံရလို့ Xiamoi ကုမ္မဏီ ပူးတွဲ တည်ထောင်သူ/ဥက္ကဌ Bin Lin တက်ရောက်ပါတယ်။ တက်ရောက်စဉ်သူပြောတဲ့ စကားတွေထဲမှာ ပညာရစရာတွေ ရှိနေပါတယ်။ဒီလိုပါ -
"ယနေ့စမတ်ဖုန်းဈေးကွက်က လွန်ခဲ့တဲ့ နှစ် ၂၀က ကွန်ပြူတာတွေ ရောင်းပေါက်သလိုပဲဗျ။Demand အရမ်းများပါတယ်။ကျနော်တို့ ဒီဈေးကွက်ဝင်ဖို့ ဆုံးဖြတ်လိုက်တာ မမှားပါဘူး။
ဈေးကွက်လိုအပ်ချက်ကိုကြည့်လိုက်ပါတယ်။ဒါကြောင့် အလယ်အလတ် တန်းနဲ့အထက်တန်းနှစ်မျိုးသုံးနိုင်မယ့် စမတ်ဖုန်းအမျိုးအစားများကိုရွေးချယ်ပြီး ထုတ်လုပ်ခဲ့ပါတယ်။ယနေ့ HTCနောက်ဆုံးပေါ်တွေနဲ့ ယှဉ်လို့ရပါတယ်။ကျနော်တို့ ကုန်ပစ္စည်းကို အရည်အသွေးပိုင်းမှာ အာမခံပါတယ်။
လက်ရှိထုတ်ထားတဲ့ Xiaomi MI-2မှာပါတဲ့ ဟာ့ဒ်ဝဲ၊ ဆော့ဖ်ဝဲများက ယနေ့နောက်ဆုံးပေါ်တွေချည်းပါပဲ။ Samsung Galaxy S4မှာ ပါတဲ့ processor နဲ့ အခြားအစိတ်အပိုင်းတွေတောင် တူပါတယ်။ ကျနော်တို့ တစ်ခုထူးခြားတာက ဈေးနှုန်းပါ။ပစ္စည်းချင်း တူတာတောင် ကျနော် တို့က ဈေးနှုန်းသက်သက်သာသာနဲ့ ရောင်းပါတယ်။ လက်ရှိSamsung Galaxy S4ထက်ဈေးတစ်ဝက်တောင် သက်သာပါတယ်။
ကျနော်တို့ ဝဘ်ဆိုဒ်မှာ ငါးမိနစ်တိုင်းဟန်းဆက် အလုံးရေ၃ သန်းရောင်းချနေရပါတယ်။ကမ္ဘာ့ပထမဆုံးပါ ။Xiaomi MI-2အပြင် အခြားသောသ ကမ္ဘာ့အဆင့်မှီ စမတ်ဖုန်းများ ဆက်လက် ထုတ်လုပ် သွားအုံးမှာပါ"
Xiamoi ဟာ တရုတ်ပြည်မ အခြေဆိုက် Huawei ကိုတောင် ကျော်လွန် လို့ ဖုန်းအလုံးရေအများဆုံးရောင်းချရတဲ့ ကုမ္မဏီကြီး တစ်ခုအဖြစ် ၂၀၁၃တွင်ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထားကြောင်းသိရပါတယ်။
No comments:
Post a Comment