Samsung ရဲ့ ၇ လက်မ သင်ပုန်းကွန်ပျူတာသစ်
တတိယမြောက်မျိုးဆက်ဖြစ်တဲ့Samsung Galaxy Tab3 ထွက်လာတော့မယ့်အကြောင်းSamsung က ထုတ်ဖော်ကြေညာလိုက်ပါပြီ။
သင်ပုန်းကွန်ပြူတာများ စတင်ထွက်စဉ်ကတည်းက လူကြိုက်များခဲ့တဲ့ GalaxyTab အမျိုးအစားကို Andriod 4.1 Jelly Bean တို့ ကိုအသုံးပြုပြီးGalaxy Tab3 နာမည်နဲ့ ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။
ဒီအကြောင်းကို Samsung ကသူ့ဝက်ဆိုဒ်မှာ ကြေညာလိုက်တာပါ။ ၇ လက်မ အရွယ်ရှိတဲ့ ဒီပစ္စည်းသစ်မှာ dual core 1.2GHz chip ကို အသုံးပြုထားပြီးသိုလှောင်ပမာဏအားဖြင့် 8GB or 16GB ပါရှိမယ်လို့ ဆိုပါတယ်။
ပါဝင်တဲ့ကင်မရာ
microSD slot ပါရှိတာကြောင့် အချက်အလက်တွေကို 64GB အထိ သိုလှောင်သိမ်းဆည်းနိုင်မှာပါ။
ကင်မရာ ပိုင်းမှာတော့ အရင်မျိုးဆက်Galaxy Tab2 နဲ သိပ်မကွာဘဲ ဓာတ်ပုံရိုက်ဖို့ 3-megapixel ကင်မရာ ပါရှိမှာဖြစ်ပါတယ်။
သူ့ ရဲ့ ယှဉ်ပြိုင်ဘက် သင်ပုန်းကွန်ပြူတာအမျိုးအစားတွေဖြစ်တဲ့ iPad Mini နဲ့  Nexus7 တို့ ကိုတော့ မနည်း ယှဉ်ပြိုင်ရပါလိ မ့်မယ်။
resolution display1,024x600 မျှသာ ရှိတာကိုတော့ အားနည်းချက်အဖြစ်တွေ့ရမှာပါ။
ဈေးသက်သာဖွယ်ရှိ လတ်တလော လူကြိုက်များပြီးအရောင်းသွက်နေတဲ့ Samsung Galaxy Note 8.0 တွေဟာ ၃၉၉ ဒေါ်လာနဲ့ သာ ရောင်းချနေတာမို့  Samsung Galaxy Tab3 ကို ပိုမိုသက်သာတဲ့ဈေးနှုန်းနဲ့ ဝယ်ယူနိုင်မယ့်အခြေအနေမှာ ရှိပါတယ်။
အားလုံးခြုံပြီးပြောရရင်တော့ Samsung Galaxy Tab 3ရဲ့ ပါဝင်လာမယ့် စွမ်းဆောင်ရည်တွေဟာ အခြားသင်ပုန်းကွန်ပြူ တာတွေနဲ့ ယှဉ်လျှင် သိပ်အားရစရာမကောင်းပါဘူး။နဂိုရှိပြီးသား ဈေးကွက် ဆက်ပြီး တည်မြဲနေဖို့သာ ဆက်လက်ထုတ်လုပ်နေပုံပါပဲ။ ဈေးသက်သာတဲ့ Nexus7 နဲ့ Kindle Fire တို့နဲ့ပဲ ယှဉ်ပြိုင်ရဖွယ်ရှိပါတယ်။
Galaxy Tab ပရိသတ်တွေ မျှော်လင့်နိုင်တာကတော့ ၁၀ လက်မဆိုဒ်အရွယ်အစားရှိတဲ့Galaxy Tab10 မကြာခင်ထွက်ရှိလာဖို့ရေးပါပဲ။ ထွက်လာရင်တော့Galaxy Tab7 ထက် ပိုမို သာလွန်တဲ့ စွမ်းဆောင်ရည်နည်းပညာသစ်တွေ ပါဝင်လာဖို့လည်း မျှော်လင့်နိုင်မှာပါ။
Galaxy Tab3 တွေကို မေလအတွင်း စတင်မှာယူနိုင်မှာဖြစ်ပြီး 3G version ကတော့ဇွန်လမှာ စတင်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။
(Samsung နဲ့ ပတ်သက်တဲ့ သတင်းတပုဒ်ကတော့နည်းနည်း ပြုံးစရာ ဖြစ်ပါလိမ့်မယ်။ အဲဒါကတော့ SamsungGalaxy S4အိန္ဒိယမှာ ပရိုမိုးရှင်းလု ပ်တဲ့အကြောင်းဖြစ်ပါတယ်။ ကမ္ဘာကျော် ကန်နန်စတိုင် သီချင်းနဲ့ ပရိုမိုးရှင်းလုပ် မိတ်ဆက်ပါတယ် တဲ့။
ဒီတယ်လီဖုန်းနဲ့ ပတ်သက်လို့ Samsung Galaxy S4 အကြောင်းသိကောင်းစရာ ဆိုပြီး ဧရာဝတီဘလော့ http://blog.irrawaddy.org/2013/03/samsung-galaxy-s-4.htmlမှာ ဖော်ပြခဲ့ပြီးပါပြီ)
၇ လက်မ သင်ပုန်းကွန်ပျူတာသစ် Samsung GALAXY Tab(3) မှာ ပါဝင်တဲ့ အချက်များ-
Processor 1.2 GHz Dual Core processor
Display 7 inch WSVGA(1024 x 600, 169 PPI) TFT
OS Android 4.1 (Jelly Bean)
Camera Main(Rear): 3-megapixel camera Sub (Front): 1.3 -megapixel camera
Battery Standard battery, Li-ion 4,000 mAh
No comments:
Post a Comment