ဆက်သွယ် ရေးဝန် ကြီးဌာနသတင်းအချက်အလက်န င့်နည်းပညာဝန်ကြီးဌာန၏ တန်ဖိုးနည်းဖုန်းရောင်းချမည့်အစီ အစဉ်(အပြည့်အစုံဖော်ပြချက်) ============================== =============== ၁။၂၀၁၃ခုနှစ် ဧပြီလ ၂၄ရက်နေ့တွင် ပြည်နယ်နှင့်တို င်းဒေသကြီးအစိုးရအဖွဲ့များ၏အစီအစဉ် ဖြင့် စတင်ရောင်းချပါမည်။ ၂။ရောင်းချမည့်ဈေးနှုန်းမှာ တယ်လီဖုန်းခေါ်ဆိုခ၃၀၀ကျပ် ကြိုတင်ထည့်သွင်းပြီးမိုဘိုင်းဖုန်း SIM CARD တစ်ခုအတွက် ၁၅၀၀ ကျပ်နှုန်းဖြစ်ပါ သည်။လစဉ်မိုဘိုင်းဖုန်း ၃၅၀၀၀၀ ကိုပြည်နယ်နှင့်တိုင်းဒေသကြီးများသို့ခွဲဝေရောင်း ချသွားမည်ဖြစ်ပါသည်။ ၃။စတင် ရောင်းချသည့်မိုဘိုင်းဖုန်းအမျိုးအစားမှာ CDMA 800 MHz စနစ် မိုဘိုင်းဖုန်းများဖြစ်ပြီးမြန်မာနိုင်ငံတစ်ဝှမ်းလုံးသာမကနိုင်ငံရပ်ခြားသို့ပါ ဆက်သွယ်ပြောဆိုနိုင်မည်ဖြစ်ပါသည်။နောင်လများတွင်GSM(2.75 G) WCDMA(3G) မိုဘိုင်းဖုန်းများကို ဆက်လက်ရောင်းချသွားမည်ဖြစ်ပြီးရောင်းချမည့်အစီအစဉ်ကို ထပ်မံကြေငြာပါမည်။ ၄။CDMA-800MHz စနစ်စက်ပစ္စည်းများတပ်ဆင်ထားခြင်းမရှိသေးသော ပြည်နယ်နှင့်တို င်းဒေသကြီးများတွင် WCDMA 3G ဖုန်းများကိုနှုန်းထားတူ ၁၅၀၀ ကျပ်ဖြင့် ရောင်းချသွားမည် ဖြစ်ပါသည်။ ၅။ပြည်သူများသို့သက်သာသောနှုန်းထားဖြင့်အမှန်တကယ် အသုံးပြုနိုင်ရန်ရည်ရွယ်၍ရောင်းချခြင်းဖြစ်ပါ သဖြင့်ဖုန်းကဒ်ဝ ယ်ယူထားသည့်နေ့မှစ၍ ၁၅ရက်အတွင်းတယ်လီဖုန်း SIMCard တွင် မူလထည့်သွင်းပေး ထားသည့် တယ်လီဖုန်းခေါ်ဆိုခ၃၀၀ကျပ်မကုန်မီ တယ်လီဖုန်းသုံးစွဲသူသည် အနည်းဆုံး၅၀၀၀ကျပ်တန် ကြိုတင်ငွေဖြည့် ကဒ်ဖြင့် ငွေဖြည့်သုံးစွဲရပါမည်။ဖုန်းကဒ်အားအခြားသူတစ်ဦးဦးသို့ လက်ဆင့်ကမ်းရောင်းခြခြင်းမှ ကာကွယ်ရန် အတွက် ၁၅ရက်အတွင်းအသုံးပြုခြင်းမရှိပါကအဆိုပါဖုန်းကဒ်သည် အလိုအလျောက် လိုင်းပိတ်သိမ်းသွားမည်ဖြစ်ပါသည်။ ၆။စက်တန်ဖိုးစက်တပ်ဆင်မှုတန်ဖိုးကုန်ကျစရိတ်များကို တယ်လီဖုန်းပြောဆိုခများမှပြန်လည်စုစည်းကောက်ခံရ မည်ဖြစ်ပါသဖြင့် တန်ဖိုးနည်းမိုဘိုင်းဖုန်းများကိုလစဉ် ကြိုတင်ငွေဖြည့်ကဒ်ဖြင့်ပြောဆိုခကျပ်၂၅၀၀ အနည်းဆုံးသုံစွဲ ရန် သတ်မှတ်ထားပြီးဖြစ်ပါသည်။နှစ်လပြည့်သော်လည်းကြိုတင်ငွေဖြည့်ကဒ်မှ ၅၀၀၀ကျပ်အပြည့်မသုံးစွဲပါက အလိုအလျောက်ကျပ် ၅၀၀၀ပြည့်သည်အထိ ဖြတ်တောက်သွားပါမည်။တယ်လီဖုန်း SIM ကဒ်တွင်ဖြည့်သွင်းထားသော ငွေကုန်ဆုံးပြီးနောက် ၁၅ရက်အတွင်း ငွေထပ်မံဖြည့်သွင်းခြင်းမရှိပါက အဆိုပါဖုန်းကဒ်သည် အလိုအလျောက်လိုင်းပိတ်သိမ်းသွားမည်ဖြစ်ပါသည်။ ၇။မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့်အတူအခြားလိုင်စင်ရ အော်ပရေတာများမှ နိုင်ငံတ၀ှမ်းလုံး၇ှိပြည်သူများ ဆက်သွယ်သုံးစွဲနိုင်ရန် လုံလောက်သော မိုဘိုင်းဖုန်းများကို တိုးချဲ့တပ်ဆင်ပြီးစီးပါကမည်သည့်ကန့်သတ်ချက်မျှ မရှိတော့ဘဲ လွတ်လပ်စွာရောင်းချသွားမည်ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်။
No comments:
Post a Comment