ငွေကျပ် ၁၅၀၀ တန် တန်ဖိုးနည်းCDMA မိုဘိုင်း Sim Card များကို ယခုရက်ပိုင်းအတွင်း ထပ်မံချသွားပေးသွား ဖို့အတွက် စီစဉ်လျက် ရှိတယ်လို့
MEC Tel မှ သိရပါတယ်။အခုလို ထပ်မံချထား ပေးရာမှာလည်းGSM,WCDMA များ ချထားပေး သွားဦးမှာ မဟုတ်ဘဲ CDMA 800 MHz မိုဘိုင်းSim Card များသာ ထပ်မံချထား ပေးသွားမှာ ဖြစ်ပါတယ်။
လက်ရှိ မှာတော့ MEC Tel အမှတ် တံဆိပ်ပါ CDMA 800 MHz မိုဘိုင်းတယ်လီဖုန်းစနစ် အသုံးပြုမှု အတွက် မြန်မာနိုင်ငံ တစ်ဝန်းမှာ ရေဒီယို စခန်းပေါင်း၂၈၂ခုရှိတာဖြစ်ပြီး အဆိုပါ ရေဒီယိုစခန်း များရဲ့နယ်နိမိတ် အတွင်းမှ ပြည်တွင်း၊ ပြည်ပကို တယ်လီဖုန်းခေါ်ဆိုမှုများ ပြုလုပ်နိုင်တာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ မှာတော့ အဆိုပါငွေကျပ် ၁၅၀၀ တန် CDMA 800 MHz မိုဘိုင်းSim Card များကို လာမယ့် မေလ ၂၃ရက်နေ့မှာ ရောင်းချနိုင်ဖို့အတွက် စီစဉ်ထား လျက်ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။
No comments:
Post a Comment