NASA မှ အာကာသသို့ စမတ်ဖုန်းများ ထုတ်လွှင့်ခဲ့ --------------------------------------------------NASA မှ လွန်ခဲ့သည့် တစ်ပတ်အတွင်း အာကာသထဲသို့ စမတ်ဖုန်းများထုတ်လွှင့်ခဲ့ကြောင်း သိရသည်။သတင်း ထုတ်ပြန်ချက်များအရ NASA မှထုတ်လွှင့်ခဲ့သော စမတ်ဖုန်းများမှာGoogle Nexus One စမတ်ဖုန်းဟန်းဆက်များ ဖြစ်ပြီးAndroid ကိုသာ အသုံးပြုထားကြောင်း သိရသည်။အဆိုပါစမတ်ဖုန်းများကိုVirginia မြို့တော်ရှိ NASA ၏WallopsIsland Flight မှ ထုတ်လွှင့်ခဲ့သော Antaresဂြိုလ်တု၌ ထည့်သွင်းခဲ့ကြောင်း သိရသည်။ ထို့နောက် အဆိုပါ စမတ်ဖုန်းများ အာကာသအတွင်း ခံနိုင်ရည်ရှိစေရန် ၄ လက်မ အရွယ်အစားရှိ သံကိုယ်ထည်၌ ထည့်သွင်းပေးထားပြီးexternal lithium ion ဘက်ထရီများနှင့် အချက်အလက်ပို့ဆောင်မှုပိုမိုကောင်းမွန်စေရန်လည်း ရေဒီယို နည်းပညာများထည့်သွင်းထားကြောင်း သိရသည်။NASA မှ ယခုကဲ့သို့ အာကာသထဲသို့ စမတ်ဖုန်းများထုတ်လွှင့်ရခြင်း၏အဓိက ရည်ရွယ်ချက်မှာ စမတ်ဖုန်းများကိုဈေးနှုန်းနည်းပါးသော ဂြိုလ်တုဆက်သွယ်ရေး ပစ္စည်းအဖြစ် ရပ်တည်နိုင်မှု ရှိ၊မရှိ စမ်းသပ်ရန်ဖြစ်ေ ကြာင်း ကြော်ငြာခဲ့သည်။ အဆိုပါ စမတ်ဖုန်းများမှာကမ္ဘာမြေပေါ်သို့ ယခုအပတ်အတွင်းပြန်လည်ရောက်ရှိမည် ဖြစ်ပြီးအာကာသမှ message ပေးပို့ထားမှုများ၊ဖုန်းမှတစ်ဆင့်ဓာတ်ပုံ ရိုက်ကူးထားမှုများကို ပြန်လည်တွေ့မြင်ရမည် ဖြစ်သည်။ NASA မှ အဆိုပါ စမတ်ဖုန်းများမှာလက်ရှိအချိန်တွင အာကာသထဲ၌ ကောင်းမွန်စွာ လည်ပတ်နိုင်ကြောင်း သတင်းထုတ်ပြန်ထားသည်။ NASA ၏အင်ဂျင်နီယာများ၏ အဆိုအရ စမတ်ဖုန်းများကိုအာကာသထဲသို့ ထုတ်လွှင့်ရန် ကုန်ကျစရိတ်မှာ ဒေါ်လာ ၃၅၀၀မှ ၇၀၀၀အထိ ရှိခဲ့ကြောင်း သိရသည်။
No comments:
Post a Comment