မန္တလေးမှာ S4 ကိုအရစ်ကျရောင်းပေးမည်
ဆမ်ဆောင်းဂလက်ဆီ ( S4)ကို မန္တလေးမြို့ Mobile Motherဖုန်းနှင့် ဖုန်းအပိုပစ္စည်းအရောင်းဆိုင်မှ အရစ်ကျစနစ်နဲ့ တစ်လကို အနည်းဆုံးအလုံး၂၀ ရောင်းချပေးသွားမှာဖြစ်တယ်လို့ အဲ့သည်ဆိုင်ရဲ့ မန်နေဂျင်းဒါရို က်တာ ဦးသက်ပိုင်ဖြိုးကပြောပါတယ်။ အရစ်ကျဝယ်ယူလိုသူတွေအနေနဲ့ ဘဏ်မှာ ဘဏ်စရားအရင်ဖွင့်ဖို့လိုပြီးဘဏ်နဲ့ လုပ်ငန်းဆက်သွယ် ဆောင်ရွက်သူနှစ်ဦးနှင့် Mobile Motherဖုန်းဆိုင်ရဲ့ ထောက်ခံချက်လိုအပ်တယ်လို့ ဆိုပါတယ်။ အရစ်ကျရောင်းချပေးမှုကို မေလ၅ရက်နေ့မှာ စတင်မှာဖြစ်ပြီး ၀ယ်ယူခွင့်ရရှိသူဟာ ဖုန်းတန်ဖိုးရဲ့၃၀ရာခိုင်နှုန်းကို ကနဦး ပေးသွင်းရမှာဖြစ်ပါတယ်။ ငွေအကြေပေးချေမှုကို တစ်နှစ်အတွင်းပေးဆပ်ရမှာဖြစ်ပြီး ရန်ကုန်နဲ့ဆိုင်ခွဲရှိတဲ့ နယ်မြို့တွေမှာပါဆက်လက် ရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဖုန်းတန်ဖိုးကျပ် ၅၅၆၀၀၀နှင့် အတိုးနှုန်း ကျပ် ၄၀၀၀၀ ခန့် (၀.၆၈) ရာခိုင်နှုန်းစုစုပေါင်းကျပ် ၆၀၀၀၀၀၀န်းကျင် ကျသင့်မှာဖြစ်ပါတယ်။
No comments:
Post a Comment