Samsung ပာာယနေ့ 4G Network ထက်အဆများစွာ သာလွန် ကောင်းမွန် မြန်ဆန် စေမယ့် ကမ္ဘာ့ ပထမဆုံး adaptive array transceiver ကိုတီထွင် နိုင်ပြီ
Samsung ပာာ 4G Network ထက် data သွယ်ပို့မှု အဆရာပေါင်း များစွာ မြန်ဆန်မည့် နည်းပညာသစ်ကို တီထွင် နိုင်ပြီလို့ ဆိုပါတယ်။တနင်္လာနေ့က ကြေညာချက်မှာ Samsung ပာာ 5G mobilecommunication နည်းပညာ အတွက် လေ့လာမှုနဲ့ တီထွင်မှု တွေကို အရှိန်မြှင့်တင် တော့မယ် လို့ပြောခဲ့ ပါတယ်။ ထိုနည်းပညာပာာ သုံးစွဲသူ တွေအတွက် သင့်တော်တဲ့ နည်းပညာ တစ်ခု ဖြစ်ပြီး ၂၀၂၀ခုနစ်မှာ ဈေးကွက် ထဲကို ထဲထဲဝင်ဝင် အသုံးပြု နိုင်မှာ ဖြစ်ပါတယ်။အဆိုပါ ကိုရီးယားကုမ္ပဏီက ကမ္ဘာ့ ပထမဆုံး adaptive array transceiver ကိုထုတ်လုပ် နေပါတယ်လို့ ဆိုပါတယ်။ adaptivearray transceiver ဆိုတာ ကတော့ millimeter-wave bandsတွေနဲ့ အလုပ်လုပ်မှာ ဖြစ်ပြီးအကွာအဝေးကြောင့် ဖြစ်ပေါ်သော data သွယ်တန်းစီးဆင်းမှု (data transmitting)ပြဿနာများကို ကျော်လွှား နိုင်မှာ ဖြစ်ပါတယ်။ထိုစနစ်ပာာ အဆိုပါ wave band တွေပေါ်မှာ data တွေကို ကြိမ်နှုန်း(frequency) ၂၈ GHz နဲ့ ၂ ကီလိုမီတာ အကွာအဝေးကို မြန်နှုန်း(speed)၁.၀၅၆ bps နှုန်းဖြင့် သွယ်တန်း စီးဆင်း စေမှာပါ။ယနေ့ ကမ္ဘာက အသုံးပြု နေတဲ့ 4G network ပာာ 100MHz ကနေ GHz အနည်းငယ် ထိပဲ ရောက်ရှိ နိုင်တာပါ။ ဒါကြောင့် 5G network ကထိုထက် များစွာ မြင့်ပါတယ်။ အနာဂတ်မှာ 5G networksအသုံးပြု တဲ့သူတွေပာာ ယခုလက်ရှိ အသုံးပြု နေတဲ့ band ပေါ်မှာပဲ limitation မရှိဘဲ အဆရာပေါင်း များစွာ သာသော မြန်နှုန်းကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိ မှာတော့ 3G network ကိုလည်း moblie carrier တော်တော် များများက ဝန်ဆောင်မှုပေးနေတုန်း ပါပဲ။
Samsung ရဲ့ပြောကြားချက် အရအသုံးပြုသူ တွေပာာ ultra high-definition(UHD)content တွေနဲ့ Gameတွေကို ကန့်သတ်ချက်များ၊streaming ပြဿနာများမရှိဘဲ ပို့နိုင်၊ ရယူနိုင်မှာ ဖြစ်ပါတယ်။ "millimeter-waveband ပာာ wirelessအင်တာနက် အသုံးပြုနှုန်းမြင့်မားလာမှု အတွက် အကောင်းဆုံး အဖြေပါ။ adaptive array transceiver နည်းပညာ ကိုထုတ်လုပ် နှိုင်မှုပာာ 5G mobilecommunication အတွက် ခြေလှမ်းတစ်လှမ်း နီးစပ် လာတာပါ" လို့ Samsung ရဲ့ executivevicepresident ဖြစ်တဲ့ကင်ချမ်ယွန်း (ChangYeong Kim)က မှတ်ချက် ပြုခဲ့ပါတယ်။5G network ကိုရောက်ရှိ နိုင်ခြင်းပာာ မြန်ဆန်သော ခြေလှမ်း တစ်ရပ်ပါ။ တရုတ်နိုင်ငံပာာ 5G networkလေ့လာရေးနဲ့ တီထွင်မှု အတွက် ကြေညာရေး အဖွဲ့တစ်ခုကို ဖွဲ့စည်း ခဲ့ပြီးပါပြီ။ တစ်ပြိုင်နက် တည်းမှာပဲ ဥရောပ ကော်မရှင် ကလည်း ၂၀၂၀မှာ 5G နည်းပညာကို အကောင်အထည် ဖော်ဖို့ ယူရို ၅၀မီလီယံကို ရင်းနှီး မြုပ်နှံ ထားပါတယ်။ အနာဂတ်ရဲ့ mobilecommunications လေ့လာရေးနဲ့ တီထွင်မှု တွေပာာ အလွန် ပြင်းထန် လာမှာ ဖြစ်ပါတယ်။လုပ်ငန်းရဲ့5G နည်းပညာ ဆိုင်ရာ တီထွင်မှု တွေပာာ အပြည်ပြည် ဆိုင်ရာ ပူးပေါင်းခြင်းနဲ့ mobilebroadband ဝန်ဆောင်မှု စီးပွားရေးကို အစပျိုး စေမှာပါလို့ Samsung ကိုပြောကြား သွားပါတယ်။
No comments:
Post a Comment