မိသားစုများလုပ်ဆောင်ထားရမည့် မုန်တိုင်းကာကွယ်ရေး အချက်အလက်များ ******************************************* မုန်တိုင်းမတိုင်မီ သင်၏အိမ်တွင် ကြိုတင်စုဆောင်း ထားသင့်သည့် ပစ္စည်းကိရိယာများ
(1)သောက်သုံးရေ လူတစ်ဦးလျှင် အနိမ့်ဆုံး တစ်ရက် တစ်ဂါလန် နှုန်းဖြင့် သုံးရက်စာ (2)သုံးရက်စာ မပုတ်သိုးနိုင် သည့် အစားအသောက်များ (3)ဓာတ်ခဲရေဒီယို နှင့် ဓာတ်ခဲ အပိုများ (4)ဓာက်မီးနှင့် ဓာတ်ခဲ အပိုများ (5)ရှေးဦးသူနာပြု ဆေးသေတ္တာ (သီးခြားဖော်ပြပေးပါမည်) (6)အကူအညီခေါ်ရန် ဝီစီတစ်ခု (7)ခေါင်းစည်း (mask)၊ပလတ်စတစ်အကြည် အစကြီးများ၊ တိပ်များ ရေသုတ်ရန် တဘက်အဝတ်များ၊အမှိုက်အိတ်များ၊ တကိုယ်ရေကျန်းမာရေးသုံးပစ္စည်း များ (အမျိုးသမီးအသုံးအဆောင်စသည်) (8)ပလာယာ၊ ကွင်း၊ခွ၊ ဓားမ၊တူ၊ သံမှို နှင့် လွှများ (9)မီးဖိုချောင် သုံး အသုံးအဆောင်များ (10)ဒေသ မြေပုံများ (11)မိုဘိုင်းဖုန်း၊အားသွင်းစက် (နေရောင်ခြည်သုံး) နှင့်ဘက်ထရီအပိုများ
မိမိတို့ အိမ်တွင် ဖြစ်ပါက နေအိမ်မှ စွန့်ခွာ ရန် လိုအပ်လျှင် အမြန်ယူဆောင်နိုင်ရန် သတ်မှတ်ထားသော နေရာတွင် ထားထားပြီးမိသားစုအားလုံးသိရှိအောင် လုပ်ထားပါ၊ အကူအညီအလွယ်တကူမရရှိနိုင်ပါက နှစ်ပတ်စာခန့် ရိက္ခာများလိုအပ်နိုင်ပါ သည်၊ အလုပ်ခွင်တွင်ဖြစ်ပါက အထက်ပါ ပစ္စည်းများ ထဲမှ တစ်ကိုယ်စာသယ်ဆောင်နိုင်ရုံ စီစဉ်ထားပါ။ ကလေးရှိပါက ကလေးအတွက်လိုအပ် မည့်အသုံးအဆောင် များ၊ကျန်းမာရေးမကောင်းသူရှိပါက ထိုသူ၏ -နေ့စဉ်သောက်နေသောဆေး ဝါးများ - လိုအပ်လျှင် သုံးစွဲရန် ငွေကြေး၊ - အရေးကြီးစာ ရွက်စာတမ်းများ၊ -စောင် ၊ အနွေးထည် နှင့် -ရေမစိုနိုင်သည့် ထဲတွင်ထည့်ထားသည့်မီးခြစ်၊ - မီးသတ်ဆေးဘူး၊ -တစ်ခါသုံးပန်းကန်ခွက်ယောတ်များ။ တို့ကိုပါ ဆောင်ထားရန်သင့်ပါသည်။
ရှေးဦးသူနာပြု ဆေးသေတ္တာ တွင်ပါဝင်သင့်သည့်ပစ္စည်းများ (1)လက်အိတ် (2)ပဋိဇီဝ အနာထည့်ဆေးများ
(3)မီးလောင်ဒါဏ်ရာ ထည့်ဆေးများ (4)ပိုးသတ်ထားသော ပတ်တီး၊ ဂွမ်းလိပ် (5)ဓာဟ်ဆားထုတ်။အကိုက်အခဲပျောက် ဆေး၊ ဖျားနာပျောက်ဆေး (6)ကိုယ်ပူချိန်တိုင်း သာမိုမီတာ (7)ပလာစတာ နှင့်အခြားပစ္စည်းများ ဆီးချို၊ ရင်ကျပ်၊သွေးတိုး နှလုံးရောဂါရှိသူများအတွက်ဆေးများ (9)သွေးပေါင်ချိန် ဆီးချိုတိုင်းကိရိယာ (10)ကတ်ကြေး၊ဓားစသည် မျက်မှန် တပ်သူ၊ မျက်ကပ်မှန် တပ်သူများအတွက်အ ပိုပစ္စည်းများနှင့် မိသားစုအတွင်းရှိလူများတစ်ဦးစီ ၏လိုအပ်သည့်အသုံး အဆောင်များကို မမေ့မလျှော့ ဆောင်ထားသင့်ပါသည်။
မုန်တိုင်းဝင်လာသည်ဖြစ်စေ ၀င်မလာ သည်ဖြစ်စေ။ လေ့လာ မှတ်သား ပြင်ဆင်ထားသင့်တယ် , အမေရိကန်ပြည်ထော င်စုအစိုးရ မှ ထုတ်ပြန်ထားသည် များကို ဆီလျော်အောင်တင် ပြပေးထားပါသည်။
No comments:
Post a Comment