Apple ဆိုတဲ့အမည် ဖြစ်ပေါ်လာပုံ Saturday, May 4, 2013
ကွယ်လွန်သူ ဂုရုကြီးSteve Jobs အနေနဲ့ Apple ဆိုသည့် အမည်အားမည်သည့်ရည်ရွယ်ချက်ဖြင့်ရွေးချယ်ခဲ့သည်ကို ယင်းကလွဲ၍ အတိအကျ ပြောနိုင်မည် မဟုတ်ပါ။
သို့သော်လည်းကုန်လွန်ဖြတ်ကျော်ခဲ့သည့် နှစ်များအတွင်း Apple ဆိုသည့်အမည် ဖြစ်ပေါ်လာပုံကို ခန့်မှန်းပြောဆိုမှုတွေ အများအပြား ရှိခဲ့ပါတယ်။လူသိအများဆုံးသုံးသပ်ချက် ၃ ခုကတော့ -
၁) Steve Jobsသည် ငယ်စဉ်အခါကပန်းသီးစိုက်ပျိုးရေးတွင် အလုပ်လုပ်ကိုင်ခဲ့ဖူး၍ဟု တစ်မျိုး
၂) တယ်လီဖုန်းလမ်းညွှန် စာအုပ်ထဲ၌အက္ခရာအလိုက် စီရာတွင် Atari ကုမ္ပဏီ၏ရှေ့ရောက်လို၍ဟုတစ်ဖုံ
၃) ယင်းနှစ်သက် အားပေးသည့် Beatles အဖွဲ့၏ တေးသီချင်းများအားထုတ်လုပ်သည့် Apple Recordsအား ဂုဏ်ပြုလို၍ဟု တစ်ဖန် ခန့်မှန်း သုံးသပ်ခဲ့ကြသည်။
No comments:
Post a Comment