Samsung Galaxy S4 ၏အကောင်းဆုံးနှင့်အထူးခြားဆုံး စွမ်းရည်များ
အသစ် ထွက်ရှိလာတဲ့ SamsungGalaxy S4ဆိုတာ Android စမတ်ဖုန်းတွေထဲမှာအကောင်းဆုံးလို့ တောင်ဆိုနိုင်ပါတယ်။လက်ရှိအချိန်မှာလည်းHTC One နဲ့ ပခုံးခြင်းယှဉ်ပြီး နံပါတ် ၁နေရာကို လုနေတာပါ။
မူရင်းAndroid OS ကို ပြုပြင်ထားတဲ့ Samsungရဲ့ User Interface (UI) နဲ့ ထည့်သွင်းပေးထားတဲ့ Samsung မူပိုင် appတွေအပြင် ဒီ Galaxy S4ဟာ လွန်စွာထူးခြား ကောင်းမွန်တဲ့ စွမ်းဆောင်ရည်နဲ့လုပ်ဆောင်ချက်တွေဖြစ်တဲ့ ထိတွေ့မှုဖြင့် ထိန်းချုပ် လုပ်ဆောင်ချက် (gestures)၊ လှုပ်ရှားမှုဖြင့်ထိန်းချုပ် လုပ်ဆောင်ချက် (motion control) နှင့် အသံဖြင့် ထိန်းချုပ် လုပ်ဆောင်ချက် (voice command) စသည်တို့ ထည့်သွင်းပေးထားပါတယ်။
Samsung အနေနဲ့ အထက်ပါထိန်းချုပ်လုပ်ဆောင်နည်း၃ ခုကို ဖန်တီးထားမှုအပိုင်းမှာ Apple ကော HTC ကိုပါ အဝေးမှာ ချန်ထားနိုင်ခဲ့ပြီ လို့တောင်ဆိုရမှာဖြစ်ပါတယ်။ သုံးစွဲသူတွေ အလွယ်တကူသိရှိနိုင်အောင်လည်းအသေးစိတ် ရှင်းပြမှုတွေကို လုပ်ဆောင်ချက်တိုင်းအတွက် ထည့်သွင်းပေးထားပါတယ်။
သို့သော်လည်းအချို့သော စွမ်းဆောင်ရည်နဲ လုပ်ဆောင်ချက်တွေကအသေအချာ ရှာဖွေမှသာ တွေ့ရှိနိုင်မှာ ဖြစ်ပြီးနည်းပညာပိုင်းအတန်အသင့်ကျွမ်းကျင်ဖို့လည်း လိုပါလိမ့်မယ်။အခု ဆက်လက်ဖော်ပြ သွားမှာကတော့ Galaxy S4ရဲ့ အထူးခြားဆုံးနဲ့အကောင်းဆုံး စွမ်းဆောင်ရည်များနဲ့ လုပ်ဆောင်ချက်များကို စားသုံးသူတို့ အလွယ်တကူ သိရှိအသုံးပြုနိုင်မယ့်နည်းများပဲ ဖြစ်ပါတယ်။
ထိတွေ့မှု ၊လှုပ်ရှားမှု နှင့် အသံဖြင့်ထိန်းချုပ် လုပ်ဆောင်ချက်များ
AirGesture : ထိတွေ့မှုသုံးမျက်နှာပြင်ပါတဲ့စမတ်ဖုန်းကို ထိတွေ့စရာ မလိုပဲ ဝှေ့ယမ်းလှုပ်ရှားမှုနဲ့ထိန်ချုပ်လို့ ရတယ်ဆိုတော့ စဉ်းစားစရာပါ။“Whatgood is your touchscreen phone when you don’t need to touch itanymore.” လို့တောင် နောက်ပြောင်နေကြပါတယ်။
သင့်အနေနဲ့လည်းအထက်ပါ ပုဂ္ဂိုလ်များထဲက တစ်ယောက်ဖြစ်ပြီးဒီ ဝှေ့ယမ်းလှုပ်ရှားမှုဖြင့် ထိန်းချုပ်လုပ်ေ ဆာင်ချက်အားကျော်သွားမယ် ဆိုရင်တော့ မှားသွားပါလိမ့် မယ်။အစပိုင်းမှာ နည်းနည်းရှုပ်ထွေးတယ်လို့ခံစားရနိုင်ပေမယ ဖုန်းကိုင်ဖို့တို့စပီကာဖွင့်တာတို့အီးမေးလ်ကြည့်တာတို့ကို လက်လေးဝှေ့ယမ်းလိုက်တာနဲ့ လုပ်ဆောင်နိုင်တယ်ဆိုတာ လွန်စွာမှကို လန်း တဲ့အချက်တွေပဲ ဖြစ်ပါတယ်။
ဓာတ်ပုံများကို ကြည့်ရှုရာမှာလည်းလက်ဖြင့် ဝှေ့ယမ်းကာ နောက်တစ်ပုံသို့ ပြောင်းနိုင်မှာဖြစ်ပါတယ်။
Motion Control :လှုပ်ရှားမှုသုံးလုပ်ဆောင်ချက် နောက်တစ်ခုကတော့ Motion Controlဖြစ်ပြီး Galaxy S4 ကို ဘယ်လိုကိုင်တွယ် လှုပ်ရှားလဲပေါ်မူတည်ပြီး လုပ်ဆောင်ချက်တွေကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ဖုန်းအသံပိတ်ဖြင့်ဖုန်းကို မှောက်လိုက်ရုံနဲ့ရသလို မိမိဖုန်းခေါ်လိုသူ၏ဖုန်းနံပါတ်အားContactထဲ၌ ရှာဖွေပြီးဖုန်းအားနားသို့ ကပ်လိုက်ပါကအလိုအလျောက် ဖုန်းခေါ်ပေးခြင်းစသည်တို့ကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
SVoice Drive : Apple ရဲ့ Siri ရဲ့ မဟာပြိုင်ဖက် တစ်ဖြစ်လဲ Samsung ရဲ့ ဒီဂျစ်တယ် ကိုယ်ရေးအရာရှိပဲဖြစ်ပါတယ်။
Smart Settings (သို့) အလိုရှိရာ setting များအားကြိုတင် သတ်မှတ်ထားခြင်း
Wi-Fi Smart Mode :ဖုန်းကွန်ယက်ကနေ့Wi-Fi ကို အလိုအလျေက် ပြောင်းလဲချိတ်ဆက်ပြီးWi-Fiပေါ်ကနေ ဖုန်းခေါ်နိုင်အောင် ပြုလုပ်ပေးမယ့် လုပ်ဆောင်ချက်ပဲ ဖြစ်ပါတယ်။
Smart Screen :Galaxy S3မှာ ပါဝင်လာတဲ့ SmartStay (သို့) ဖုန်းအသုံးပြုသူ၏အမူအရာအားသိရှိနားလည်မှုဆိုတဲ့ လုပ်ဆောင်ချက်ကိုလူတွေ အတော်လေးကိုနှစ်သက်ခဲ့ပါတယ်။ သင်ဖုန်းကို ကြည့်နေသ၍ဖုန်းပိတ်မသွားခြင်းဟာ Smart Stay ရဲ့ လုပ်ဆောင်ချက် တစ်ခုပဲ ဖြစ်ပါတယ်။
ယခု S4 မှာတော့ တစ်ဆင့်မြင့်ပြီးအသုံးပြုသူရဲ့ မျက်လုံး၏ အမူအရာအပေါ်မူတည်ပြီးစာဖတ်ရာတွင်စာမျက်နှာ အပေါ်၊ အောက် အတက်အဆင်းပြုလုပ်ခြင်းကိုဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ထို့ပြင်ဖုန်းမျက်နှာပြင်အနေအထားကိုလည်း portrait မှ landscape သို့ ပြောင်းလဲမှုအားရပ်တန့်ပေးနိုင် မှာ ဖြစ်ပါတယ်။
Android OS အားအဆင့်မြှင့်တင် ထားမှုများ
Android OS ကို ပြုပြင်ပြောင်းလဲမှု ပြုလုပ်ထားတဲ့Custom UI မှာတော့ Notification Panel နှင့်Keyboard တို့မှာ လုပ်ဆောင်ချက် အသစ်အချို့ ထည့်သွင်းပေးထားပါတယ်။ အထူးသဖြင့် Keyboard မှာ ပါဝင်တဲ့ Swiftkey ကို အဆင့်မြှင့်ထားပါတယ်။
နောက်ထပ် ထူးခြားတဲ့ အချက်တစ်ခုကတော့ Multiwindow ပဲ ဖြစ်ပါတယ်။၅ လက်မ နီးပါးရှိပြီးအရွယ်အစားကြီးမားတဲ့ Galaxy S4ရဲ့ မျက်နှာပြင်ကို ၂ခြမ်းစိတ်ပြီး အလုပ် ၂ မျိုး တစ်ပြိုင်နက် လုပ်နိုင်အောင် ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ သို့သော်လည်းဒီလုပ်ဆောင်ချက်ကို app အများအပြားမှာ မလုပ်ဆောင်နိုင် သေးပါဘူး။
Samsung ၏မူပိုင် Appများ
Optical Reader:အမြင်အာရုံဖြင့် ဖတ်ရှုမှုနည်းပညာလို့ တိုက်ရိုက်ဘာသာ ပြန်လိုက်ရင် ကြောင်တောင်တောင ဖြစ်သွားနိုင်ပါတယ်။ဒါပေမယ့် ဒီ Optical Reader ခေါ် ဖုန်းကင်မရာကနေတဆင့် စာလုံးများကို scan လုပ်ပြီး text အဖြစ် ပြောင်းလဲပေးနိုင်တာက လွန်စွာထူးခြားပါတယ်။ ဖတ်ရှုနေတဲ့ စာလုံးတွေကိုလည်းအင်္ဂလိပ်ဘာသာ အပါအဝင် အခြာဘာသာစကားတစ်ဒါဇင်လောက်ကိုအချိန်နဲ့တပြေးညီ ဘာသာပြန်ပေး နိုင်ပါသေးတယ်။
ဒါအပြင့် barcode တွေကိုလည်းဖတ်ရှုနိုင်စွမ်းရှိတာကြောင့် သင့်အနေနဲ့appတစ်ခုသီးသန့်download လုပ်စရာ မလိုတော့ပါဘူး။
STranslator: သင့်အနေနဲ့ဘာသာစကားသစ် သင်နေတယ်။ ဒါမမဟုတ် ခရီးသွားနေတယ် ဆိုရင်တော့ ဒီ S Translatorဟာ လွန်စွာမှကို အသုံးဝင်မယ့် appတစ်ခုပဲ ဖြစ်ပါတယ်။Samsung အနေနဲ့ S Translatorကို ဖန်တီးရာမှာ အင်အားအတော်လေးကို စိုက်ထုတ်ထားလို့ဒီ appရဲ့ စွမ်းဆောင်ရည်ကလည်းသင့်ကို အံအားသင့်စေမှာ ဖြစ်ပါတယ်။
STranslatorကို Android appအတော်များများနဲ့ပူးပေါင်း အသုံးပြုနိုင်ပြီးအချိန်နဲ့ တစ်ပြေးညီ ဘာသာပြန်ခြင်းအားအသံ (သို့) စာသားဖြင့် ပြုလုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။
No comments:
Post a Comment