Google ဆိုသည့်အမည် ဖြစ် ပေါ်လာပုံ Thursday, May 02, 2013
Google ဆိုသည့် စကားလုံးဟာ “Googol” ကနေ ဆင်းသက်လာတာပါ။Googol ဆိုတာကတော့ ကွန်ပြူတာသိပ္ပံ ပညာရပ်မှာသုံးတဲ့စကားလုံးဖြစ်ပြီး၁.၀ x၁၀ (၁၀၀) ကို ခေါ်ခြင်းဖြစ်ပါတယ်။
Google ကို တည်ထောင်ခဲ့သူ Larry Page နဲ့ Sergey Brin တို့ဟာ ကနဦး တုန်းကနာမည်နဲ့ပတ်သက်ပြီး အငြင်းပွားခဲ့ကြပါတယ်။Sergey Brin က“BackRub”လို့ ခေါ်ဆိုဖို့ အဆိုပြုခဲ့တယ်လို့ သိရှိရပါတယ်။
အဲဒီနောက်မှာတော့လုပ်ဖော်ကိုင်ဖက်တစ်ဦးက “googolplex” ဆိုတဲ့နာမည်ကိုအကြံပြုခဲ့ပြီးLarry Page က “googol” လို့ အတိုချုံ့ပြီးသုံးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
ဒါနဲ့ပဲ အင်တာနက်မှာ “googol.com”ကို domain မှတ်ပုံတင်ဖို့ လုပ်နေတုန်းမှာ LarryPage တစ်ယောက် စာလုံးပေါင်းမှားပြီး“google.com” လို့ မှတ်ပုံတင်ခဲ့ပါတယ်။
Sergey Brin နဲ့ တိုင်ပင်ပြီးနောက် ၂ ဦးသဘောတူကာ Google.comကို အသုံးပြုဖို့ ဆုံးဖြတ်ခဲ့ရာမှမတော်တဆ မှားယွင်းပြီးဖန်တီးခဲ့မိတဲ့ Google.com လည်းမွေးဖွားလာခဲ့ ရပါတော့တယ်။
နောက်ထပ် ကောလဟာလ တစ်ခုကတော့ Google ရဲ့ ပထမဆုံးသော ရင်းနှီးမြှုပ်နှံသူ Andy Bechtolsheim(Sun Microsystemsအား ပူးတွဲတည်ထောင်ခဲ့သူ) သည် ယင်း၏ ဒေါ်လာ ၁ သိန်းတန် ချက်လက်မှတ်ပေါ်တွင် googol အစား google ဟုမှားယွင်းရေးသားခဲ့မိရာမှ စတင်ခဲ့သည်ဟု သိရှိရသည်။
No comments:
Post a Comment