Samsung Galaxy S4 Vs. Sony Xperia Z ထိပ်ဆုံးတွင် အားပြိုင်ခြင်း
အခု Mobile ဈေးကွက်တွင် Sony Xperia Z နှင့် Samsung Galaxy S4 တို့ ထိပ်ဆုံးတွင် အားပြိုင်နေကြသည်။ အားလုံးကလည်း မည်သည်ဖုန်းက ပိုကောင်းသည်ကို ငြင်းကြ၊ခုံကြ။အချို့ကလည်း ဘယ်ဟာ ၀ယ်ရမယ် ဝေခွဲမရဖြစ်နေကြတယ်။ ထိုကြောင့် နှစ်ခုစလုံးရဲ့ အားသာချက်၊ အားနည်းချက်များကို နှိုင်းယှ ဉ်ပေးထားပြီး အဆင်ပြေစွာရွှေးချယ်နိုင်ကြပါစေ လို ဆုတောင်းပေးလိုက်ပါတယ်။
Sony Xperia Z အားသာချက်များ
1. ရေစိုဒဏ်နှင့် ဖုန်ဒဏ်ခံနိုင်ခြင်း 2. မှန်ဖုံးအုပ်ထားသော လှပသော ကိုယ်ထည် 3. ဈေးပိုသက်သာ (54xxxx ၀န်းကျင်)
Samsung Galaxy S4 အားသာချက်များ
1. ပိုကောင်းသော color,contrast 2. Android 4.2.2 3. Multi-window 4. Air gestures, smart stay, smart pause, smart scroll
I. Design
Xperia Z တွင် မှန်ဖုံးအုပ်ထားသော လှပသော ကိုယ်ထည်ရှိသည်။ လေးထောင်ကျကျ ကြိုက်သူများအဆင်ပြေသည်။ သို့သော် မှန်ဖုံးအုပ်ထားသော လှပသော ကိုယ်ထည်သည် ပြုတ်ကျသောဒဏ်ကို ခံနိုင် မခံနိုင် မသေချာ။ Speaker သည် ညာဘက်ဘေးနားတွင် ရှိသည်။ Video ကြည့်ရာတွင် အဆင်ပြေလှသည်။ မှန်ဖုံးအုပ်ထားသောကိုယ်ထည်သည် လက်ဗွေရာ ထင်လွယ်သည်။ Battery အသေဖြစ်သည်။
Samsung Galaxy S4
plastic ကိုယ်ထည် နှင့် S4 က 16 grams ပိုပေါ့ပြီး အကြမ်းပိုခံသည်။ Battery ဖြုတ်လဲလိုရသည်။Design က S3 နှင့်အနည်းငယ်သာကွာသည်။ Speaker သည်နောက်တွင်ရှိသည်။ Camera သည်နောက်သို့ အနည်းငယ် ဆူထွက်နေသည်။
II. Screen
နှစ်ခုစလုံးက 5 လက်မ 1920×1080 Display ဖြစ်သည်။ S4 က 441 ppi နှင့် Z က 400ppi မို့သိပ်မကွာလှ။ S4 က Super AMOLED,LED ဖြစ်ပြီး Z က LCD ဖြစ်သည်။ S4 ရဲ့ Super AMOLED က လှပသော တောက်ပြောင်သော အရောင်ကို ပေးစွမ်းနိုင်သည်။ အရောင်ပိုစိမ်း၊ပိုရဲပြီး အရောင်တောက်တောက်ကြိုက်သူများအတွက် အဆင်ပြေသည်။ Z ရဲ့ Bravia engine 2 မောင်းနှင်ထားတဲ LCD ကလဲ လှပသော အရောင်ကို ပေးစွမ်းနိုင်သည်။ သို့သော် နေရောင်တွင် S4 က ပိုကောင်းသည်။
III. Battery life
2,600mAh ရှိသော S4 က Talk time – 13:53h Web browsing – 8:42h Video playback – 10:16h
2,330mAh ရှိသော Z က Talk time – 16:03h Web browsing – 6:37h Video playback – 5:39h (h = နာရီ)
IV.CPU
SamsungGalaxy S4 (i9505) version က QualcommKrait300 ofthe Snapdragon 600 1.9GHz
Sony Xperia Z ကQualcommKraitcores S4 Pro1.5GHz
ထို့ကြောင့် S4က speed အနည်းငယ်ပိုမြန်ပါတယ်။
အောက်တွင်speed ကို နှိုင်းယှဉ်ပြထားသည်။
SamsungGalaxyS4 –24716 SonyXperiaZ–20794 HTCButterfly–19513 SamsungGalaxySIII –15547
နှစ်ခုစလုံးက2G Ram နှင့် GPU Aderno320 တူညီစွာပါဝင်သည်။
V.Camera
နှစ်ခုစလုံးက13MP backCamera နှင့် 2MP front Camera ပါပြီး 1080p Recording လုပ်နိုင်သည်။
Sony Xperia Z ၏Camerainterface သည် ရိုးရှင်းသည်။ SettingAuto ချိန်ပေးသောSuperior Auto Mode က12MP resolution နှင့် ကောင်းမွန်သောပုံများကို ထုတ်ပေးသည်။ 13MP အပြည့်ပါသောManualmode နှင့်လည်းရိုက်နိုင်သည်။ Burse mode က speed level သုံးမျိုးနှင့်ရိုက်နိုင်သည်။ အားနည်းချက်က Video ရိုက်ရင်း Photoရိုက်ရင် 1MP resolutionသာရှိတဲ့ ပုံကိုသာထုတ်ပေးနိုင်သည်။ SamsungGalaxy S4 က Video ရိုက်ရင်း Photoရိုက်ရင်9.6 MP resolutionရှိတဲ့ ပုံကိုထုတ်ပေးနိုင်သည်။ ဓါတ်ပုံရိုက်ရာတွင်SamsungGalaxy S4 ကပိုသွက်သည်။
ထို့အပြင် SamsungGalaxy S4 တွင်1.Dual Cameraand VideoRecording(Dual Shot)Realcamera ကဓာတ်ပုံရိုက်နေစဉ် front camera က ရိုက်ကူးပေးသူပုံကို ပါ ဓာက်ပုံထဲ ပေါင်းထည့်ပေးသော Featureဖြစ်သည်။
Videoလည်းထိုနည်းတူဖြစ်သည်။
2. Drama shotပုံများကို ပုံတစ်ပုံထဲတွင် ပေါင်းထည့်နိုင်သည့် Feature ဖြစ်သည်။ဥပမာ စခုန်စဉ်မှပြန်ကျသည်အထိ ပုံ10ပုံဆက်တိုက် ရိုက်ပြီး ပုံတစ်ပုံ ထဲတွင် စခုန်စဉ်မှပြန်ကျသည်အထိ
ပေါင်းထည့်ပေးနိုင်သည်။
3. Sound shotဓာတ်ပုံနှင့် အတူ9sec စာအသံပါ ရော Record လုပ်ထားနိုင်သည်။
4. ရိုက်ကူးထားသော ပုံများကိုဓာတ်ပုံAlbum လုပ်ပေးပြီးစာရွက်လှန်သလို လှန်ကြည်နိုင်သည်။
5. Eraser mode– ပုံ5ပုံရိုက်ပြီးရွေးလျားနေသော အရာကို ဖယ်ထုတ်နိုင်သောFeatureဖြစ်သည်။
VI. အခြားအရာများ SamsungGalaxy S4 တွင်
1.AirView –Gallery,Message,Email တွင် လက်ဖြင့် ချိန်လိုက်ယုံနှင့် ပုံများကို preview ကြည့်နိုင်သည်။Videoတွင်ကျော်မည့်နေရာကို preview ကြည့်နိုင်သည်။
2. Group play: သီချင်းတစ်ပုဒ်ထဲကို ဖုန်းတစ်လုံးမှတစ်လုံးပွားပြီးပြိုင်တူဖွင့်လိုရသော feature ဖြစ်သည်။L,R Channelခွဲပြီး ပြိုင်တူဖွင့်နိုင်သည်။
3. ဖုန်းဖြင့် videoကြည့်နေစဉ် မျက်နှာကိုအခြားတစ်ဖက်သို့လှည့် လိုက်ပါက videoကို autopause(ခဏရပ်)ထားပေးမယ့် Smart pause ပါဝင်သည်။
4. ဖုန်းဖြင့် web browsing ပြုလုပ်နေလျှင် မျက်လုံးကိုစာမျက်နှာအောက်ဘက်အဆုံးသို့ရွေ့ လိုက်သည်နှင့် screenအောက်သို့ လက်ဖြင့်ရွှေ့စရာမလိုဘဲ ဖုန်းက auto
အောက်သို့ရွေ့ပေးမည့် smart scroll features ပါဝင်သည်။
5. Air Gesture –ဖုန်းလာလျှင် ဖုန်းကိုထိစရာမလိုဘဲ ဖုန်းပေါ်လက်ဖြင့်ရမ်းလိုက်ရုံဖြ င့် ဖုန်းကိုင်ပြီးသားဖြစ်သည်။web browsing တွင် ဖုန်းပေါ်လက်ဖြင့်ရမ်းလိုက်ရုံဖြ င့် screen အောက်သို့
လက်ဖြင့်ရွှေ့စရာမလိုဘဲ ဖုန်းက auto အောက်သို့ရွေ့ပေးသည်။
No comments:
Post a Comment