သင့်ရဲ့ Toyota Prius လေထဲမှာ ပျံသန်းနိုင်ပါသလား။ အဖြေကတော့ လွယ်ပါတယ်။No ပါပဲ။ဒါပေမယ့် အမေရိကန် အခြေစိုက် Terrafugia ကုမ္ပဏီကတော့ Yes ပါတဲ့။ မှန်ပါတယ်။ Transition လို့ အမည်ပေးထားတဲ့ car-airplane(ခေါ်) ကား-လေယာဉ် (ခေါ်)ကားပျံဟာ အမှန်တကယ်ကို ပျံသန်းနိုင်စွမ်းရှိမယ့် လျှပ်စစ်-ဓာတ်ဆီ hybrid မော်တော်ယာဉ် မကြာမီမှာ ဖြစ်လာဖွယ် ရှိနေပါတယ်။ ဆိုတော့ကာ Transition ဟာ ကားလား ၊လေယာဉ်လားလို့ မေးမယ်ဆိုက မေးနိုင်ပါတယ်။MCG အနေနဲ့လည်း အတိအကျ အဖြေမပေးနိုင်တဲ့အတွက်ကြောင့် codename ဖြစ်တဲ့ TF-X လို့ပဲ ခေါ်ပါမယ်။စိတ်လောပြီး ဘယ်မှာဝယ်လို့ ရမလဲလို့တော့ မမေးလိုက်ပါနဲ့ဦး။TF-X ဟာ ထုတ်လုပ်မှုအဆင့်တောင် မရောက်သေးပါဘူး။ဒီဂျစ်တယ်ဒီဇိုင်း ပုံစံမှာပဲ ရှိနေပါသေးတယ်။ TF-X အနေနဲ့ ဒေါင်လိုက် ဆင်းသက်မှုကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ရဟတ်ယာဉ်တွေ၊ Harrier Jump Jet လေယာဉ်နဲ့ အသစ်ထွက်ရှိလာမယ့် Lockheed Martin F-35 Lighting II အဆင့်မြင့် ဂျက်တိုက်လေယာဉ်တို့လို ဖြစ်ပါတယ်။ဒါပေမယ့် ကားလိုလဲ မောင်းနှင်လို့ရမယ့်၊ ရဟတ်ယာဉ်လိုလည်းဆင်းသက်နိုင်မယ့်၊ လေယာဉ်လိုလဲ ပျံသန်းနိုင်မယ့်ယာဉ်ပျံကို တည်ဆောက်ရတာ ရုပ်ရှင်ထဲမှာပဲ လွယ်ကူပါလိမ့်မယ်။Boeing ရဲ့ V-22 Osprey ကိုသာ ကြည့်ပါတော့။ စတင်မိတ်ဆက်ခဲ့တဲ့ အချိန်ကနေစပြီးထုတ်လုပ်တဲ့အချိန်အထိ ဆယ်စုနှစ် ၂စု နီးပါး ကြာမြင့်ခဲ့ပါတယ်။လူ ၄ ဦးလိုက်ပါစီးနင်းနိုင်မယ့် Terrafugia ရဲ့ ဤကားပျံ တည်ထွင်ထုတ်လုပ်ရေး အစီအစဉ်ဟာ လက်ရှိအချိန်မှာစာရွက်ပေါ်မှာသာ ရှိနေသေးတာကြောင့်အသေးစိတ် အချက်အလက်များကို ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။ ဒါပေမယ့် အဆင့်မြင့် နည်းပညာသုံးထိန်းချုပ်မှုစနစ်များနှင့် “အဆင့်မြင့် ထောက်လှမ်းရေးစနစ်” တွေ တပ်ဆင်ပေးထားမယ်လို့ သိရှိရပါတယ်။ TF-X ရဲ့ လုပ်ဆောင်ပုံကတော့ ရိုးရှင်းပါတယ်။ မြေပြင်ပေါ်သို့ ဆင်းသက်ပြီးတဲ့အခါ အတောင်ပံများဟာ အလိုအလျောက် ခေါက်သိမ်းပြီးဖြစ်သွားပါလိမ့်မယ်။ အဲဒီနောက်မှာတော့Rotax 912 ULS လေယာဉ်အင်ဂျင်ဟာ ပန်ကာ ၂ လုံးကို မောင်းနှင်ရာမှ ကားနောက်ဘီး များကို မောင်းနှင်ပေးပါလိမ့်မယ်။ အမြန်နှုန်းကတော့လေထဲမှာ တစ်နာရီ မိုင် ၁၀၀ နှုန်းဖြစ်ပြီး မော်တော်ယာဉ်အနေနဲ့ မြေပြင်ပေါ်မှာ တစ်နာရီ မိုင် ၆၀နှုန်း ရရှိမှာ ဖြစ်ပါတယ်။ဈေးနှုန်းကတော့ ဒေါ်လာ ၂၇၉၀၀၀ ခန့် ရှိမယ်လို့ သိရှိရပါတယ်။
No comments:
Post a Comment