Saturday, May 4, 2013

16GBမော်ဒယ် Samsung GalaxyS4 ကိုဝယ်ယူသူများသည် user-accessible storage အတွက် 8GB ပတ်ဝန်းကျင်ခန့်သာ ရရှိကြောင်း သတိထားမိကြပါသလား ?

16GBမော်ဒယ် Samsung GalaxyS4 ကိုဝယ်ယူသူများသည် user-accessible storage အတွက် 8GB ပတ်ဝန်းကျင်ခန့်သာ ရရှိကြောင်း သတိထားမိကြပါသလား ? CNET မှ ရရှိသော သတင်းအရ Samsung က ထိုပြဿနာအတွက်Galaxy S4 တွင် ပါဝင်သော Micro SD Slotဖြင့် ကုစားနိုင်ကြောင်းသိရပါသည်။Samsung Galaxy S4 16 GBမော်ဒယ် တွင်ပျမ်းမျှအားဖြင့် SystemInternal Memory အတွက် ပျမ်းမျှအားဖြင့် 6.85GB ကိုယူထားကြောင်းSamsung ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦး၏ပြောကြားချက် အရ သိရပါသည်။ ၎င်း ပမာဏသည် Samsung GalaxyS III တွင် ပါဝင်သော ပမာဏထက်1GB ခန့်ပိုမို ပါဝင်ကြောင်းသိရပါသည်။ Samsung က S4ကိုထုတ်ပြန်ကြော်ငြာ စဉ်က ထိုအချက်များကို ထုတ်ဖော်မပြောဘဲ ယခုအချိန်မှ User Complaintများကြောင့် ထုတ်ဖော်ပြောလာခြင်း ဖြစ်ပါသည်။ Samsung က Galaxy S4၏1080pixel ရှိ Displayနှင့် အခြားကောင်းမွန်သော အချက်များကိုသာ အသားပေးကြော်ငြာသွားခဲ့ပါသည်။ Samsung Galaxy S4ကိုကြော်ငြာစဉ်က အသုံးပြုသူများအတွက် အကောင်းဆုံးဖြစ်လာစေရန် Samsung သည် Galaxy S4တွင် microSD slot ကို memory ပမာဏတိုးချဲ့နိုင်ရန် အလို့ငှာ ထည့်သွင်းပေးထားကြောင်းဟုကြော်ငြာ ထားပါသည်။ Micro SD slotသည်64GB အထိကိုထောက်ပံ့ ပေးနိုင်သောကြောင့် 16GBမော်ဒယ် Galaxy S4ကို အသုံးပြုသူများအနေနှင့် သီအိုရီအရ Apple ၏iPhone သို့မဟုတ် HTC One တို့ ထောက်ပံ့နိုင်သော memory ပမာဏထက်ပိုမိုရရှိနိုင်မည်ဟုယူဆ စရာရှိလာခဲ့သည်။ ဆိုးရွားသော အချက်မှာတော့ Samsung GalaxyS4 ၏ external memory ကို Android application များ install လုပ်ထားရန် မစွမ်းဆောင်နိုင်ခြင်းဖြစ်သည်။ Samsung Galaxy S4တွင်ပါဝင်သော memory card slot တွင် သာမန်ဖိုင်များနှင့် media ဖိုင်များသာ သိမ်းဆည်းနိုင်ကြောင်း သိရပါသည်။ဤအချက်သည် Samsung Galaxy S4ကိုဝယ်ယူလိုသူများ သတိထားသင့်သော အချက်တစ်ခု ဖြစ်ပါသည်။။

No comments:

Post a Comment