တရုတ်ပြည် ဆင်းကဒ်အကြောင်းသိကောင်းစရာ
တရုတ်မှာ ဆင်းကဒ်ကို china mobileနဲ့ china unicom ကုမ္ပဏီ နှစ်ခုကထုတ်ပါတယ် ။နှစ်ခုလုံး ခပ်ဆင်ဆင်ပါပဲ။ဆင်းကဒ်တခုကို တရုတ်ငွေ ၅၀ ယွမ်( ၆၅၀၀ ကျပ် ဝန်းကျင်)နဲ့နေရာတိုင်းမှာ ဝယ်လို့ရပါတယ် ။ ဖုန်းပြောခ ၅၀ ယွမ်ပါပြီးသားပါ(တစ်နည်းဖုန်းကဒ်ကို အလကားပေးသောသဘောပါ)။
အထွက်ခေါ်ဆိုခက တစ်မိနစ်ကို၂ ကျော့(0.2 ယွမ်)ပါ။ တစ်လလုံးအထွက်ခေါ်ဆိုမူ မရှိသောဆင်းကဒ်ကိုထိန်းသိမ်းခ အနေဖြင့်၅ ယွမ် မှ ၁၀ ယွမ်အထိ ကောက်ပါတယ် ။ဖုန်းငွေဖြည့်တာကို နီးစပ်ရာလမ်းဘေးဆိုင်များတွင် အနည်းဆုံး၅ ယွမ်မှ စ၍လွယ်ကူစွာဖြည့်နိုင်ပါတယ်။
မိမိကိုယ်တိုင် ငွေသွင်းချင်ရင်လဲ လမ်းဘေးတွင်တပ်ဆင် ထားသော ငွေဖြည့်စက်များတွင် လွယ်ကူစွာထည့်သွင်းနိုင်ပါတယ်။ ဖုန်းပိုက်ဆံ ကုန်ပြီး၂ လခန့် ငွေမသွင်းမှသာလိုင်းကို ပိတ်သိမ်းပါတယ်။
အင်တာနက်ကတော့ china mobile အတွက်ပြောပါမယ်။ တစ်လကို 5 ယွမ် = 30 Mb,10 ယွမ် = 70.Mb, 20 ယွမ် =150 Mb, 30 ယွမ် = 280 Mb ,50 ယွမ် =500 Mb, 100 ယွမ် = 2 Gb ,....စသည်ဖြင့် ဆားဗစ် စင်တာများတွင် လည်းကောင်း၊ မိမိဖုန်းဖြင့် ကိုယ်တိုင် masseage ပို့၍လည်းကောင်း လွယ်ကူစွာ ဖွင့်နိုင် ပိတ်နိုင်ပါတယ်။တစ်လအတွင်းမှာ သတ်မှတ်ပေးသော Mb ကုန်သွားရင်တော့ဈေးကြီးပါတယ်။1 Mb ကို1 ယွမ် နီးနီးကိုကောက် ပါတယ်။
အသေးစိတ်လေ့လာလိုသူများ၎င်း ကုမ္မဏီwebsiteများတွင် သွားရောက် လေ့လာနိုင်ပါတယ်။
No comments:
Post a Comment