Wednesday, May 15, 2013

Mark Zuckerburg ၏စိတ်ဝင်စားဖွယ်၏ ကိုယ်ရေးအချက် ၁ ၀ချက်

Mark Zuckerburg ၏စိတ်ဝင်စားဖွယ်၏ ကိုယ်ရေးအချက် ၁ ၀ချက်


မေလ ၁၄ရက်နေ့ဟာ Facebook တည်ထောင်သူနှင့် အမှုဆောင်ချုပ် Mark Zuckerburg ရဲ့ မွေးနေ့ဖြစ်ပါတယ်။ သူ့အသက် ၂၉ နှစ်ရှိပါပြီ။ ဒီအသက်ဟာ ဘီလီယံပေါင်းများစွာ ကြွယ်ဝသူတစ်ဦးအတွက် ငယ်ရွယ်လွန်းတယ်ထင်ရင် မှားသွားပါလိမ့်မယ်။Zuckerburg အနေနဲ့ ဟားဗတ်ဒ်တက္ကသိုလ်အဆောင်တွင်းမှာ Facebook ကို စတင်တည်ထွင်ခဲ့စဉ်က ဆယ်ကျော်သက် အရွယ်ပဲ ရှိသေးတယ်ဆိုတာ မမေ့ပါနဲ့။


ဘီလီယံပေါင်းများစွာ ကြွယ်ဝတဲ့ ကမ္ဘာ့ အသက်အငယ်ဆုံး သူကြွယ်များထဲမှာ တစ်ဦးအပါအဝင် ဖြစ်လာခဲ့သလို ကမ္ဘာ့ပေါ်ရှိ လူ ၇ ဦးမှာ ၁ ဦးကို သူရဲ့ တီထွင်မှုဖြစ်တဲ့ Facebook ကို သုံးစွဲစေဖို့ စွမ်းဆောင်နိုင်ခဲ့ပါတယ်။ဒါတွေအားလုံးကိုအသက် ၃၀ မပြည့်ခင်မှာ အောင်မြင်စွာ စွမ်းဆောင်နိုင်ခဲ့တာပါ။


နှိုင်းယှဉ်ပြရမယ်ဆိုရင် အသက် ၂၉ နှစ်အရွယ်မှာ Steve Jobs ဟာ Macintosh ကွန်ပြူတာကို တည်ထွင်ခဲ့ပြီး ဖြစ်သလို Bill Gatesဟာလည်းMicrosoft Windows ကို ဈေးကွက်တွင်းမှာ ဖြန့်ချိခဲ့ပြီးဖြစ်ပါတယ်။ အခြားအခြားသော သူများကတော့ ဒီအသက်အရွယ်မှာ အလုပ်ကောင်းကောင်းတစ်ခု ရရှိနိုင်ဖို့ကိုတောင် အနိုင်နိုင် ကြိုးစားနေရတဲ့ ဘဝပါ။


ကဲ ပျော်ရွှင်ဖွယ်ရာ မွေးနေ့ဖြစ်ပါစေ Mr.Zuckရေ။ခင်ဗျားရဲ့ မွေးနေ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ ခင်ဗျားရဲ့အကြောင်း စိတ်ဝင်စားဖွယ်ရာ အချက် ၁၀ ချက်ကို စာသုံးသူများနဲ့ မျှဝေလိုက်ပါတယ်။


၁။ Zuckerberg ဟာ အနီရောင်နဲ့ အစိမ်းရောင်တို့ကို မမြင်ရတဲ့ colorblindnessဖြစ်နေပါတယ်။ သူအနေနဲ့ အပြာရောင်ကိုသာ အဓိက မြင်နိုင်စွမ်းရှိပါတယ်တဲ့။ ဒါ့ကြောင့်လည်းFacebook ရဲ့ ပင်မအရောင်ဟာ အပြာရောင် ဖြစ်နေရတာပါ။


၂။ ငယ်စဉ် အထက်တန်းကျောင်းသာ ဘဝမှာ တေးသီချင်း နားထောင်သူတွေရဲ့နှစ်သက်ရာ တေးသီချင်းများကို အလိုအလျောက် ရှာဖွေအကြံပြုနိုင်တဲ့ Synapse လို့ခေါ်တဲ့ ဆော့ဖ်ဝဲကို တည်ထွင်ခဲ့ပါတယ်။အဲဒီနောက်မှာ AOL နဲ့ Microsoft တို့က Zuckerberg ကို အလုပ်ခံဖို့ ကြိုးပမ်းခဲ့ဖူးပါတယ်။


၃။ သင်သတိထားမပါသလား။Zuckerberg ကို မီးခိုးရောင် Facebook တီရှပ်ကို ဝတ်ဆင်ပြီး အစဉ်အမြဲလိုလို တွေ့ရတတ်ပါတယ်။သူ့အနေနဲ့ လွန်စွာမှ အလုပ်များပြီး အချိန်ကုန် သက်သာစေဖို့ ဒီတီရှပ် တစ်မျိုးတည်းကိုသာ စွဲစွဲမြဲမြဲ ဝတ်ဆင်နေတာပါတဲ့။


၎။ သို့သော်လည်း၂၀၀၉ခုနှစ် ကမ္ဘာ့စီးပွားရေးကပ်ကြီး ဆိုက်နေစဉ်မှာတော့ Facebook ဟာ တိုးတက်ကြီးပွားဖို့ ဆောင်ရွက်နေတာကိုပြတဲ့အနေနဲ့ Zuckerberg ဟာ စီးပွားရေးဝတ်စုံ(Business attire)နဲ့ tieကို နေ့စဉ်ရက်ဆက် ဝတ်ဆင်ခဲ့ပါတယ်။


၅။ Zuckerberg ဟာ သက်သတ်လွတ်စားသူ ဖြစ်ပါတယ်တဲ့။သူ့အနေနဲ့ အသားကို မဖြစ်မနေ စားမယ့်အချိန်ကတော့ အဲဒီတိရိစ္ဆာန်ကိုသူကိုယ်တိုင် သတ်ဖြတ်မိတဲ့ အချိန်မှပဲ ဖြစ်ပါတယ်တဲ့။ဒါပေမယ့် ထူးခြားတာ တစ်ချက်ကတော့ Zuckerberg ရဲ့ Facebook စာမျက်နှာပေါ်က“Likes” တွေထဲမှာတော့ McDonalds နဲ့ In-N-Out ဘာဂါဆိုင်များပါဝင်နေပါတယ်။


၆။ Twitterပေါ်မှာ Zuckerburg နောက်လိုက်သူ (followers) ၂ သိန်းကျော် ရှိနေပါတယ်။ဒါပေမယ့် Zuckerberg ဟာ ၄ နှစ်အတွင်းမှာ ၁၉ ကြိမ်တာ Tweet လုပ်ခဲ့ဖူးပြီးလွန်ခဲ့တဲ့ ၁၅ လ အတွင်းမှာ တစ်ကြိမ်တစ်ခါမှ Twitter ကို မသုံးခဲ့ဖူးပါဘူး။


၇။ ၂၀၁၀ ခုနှစ် အောက်တိုဘာအတွင်းမှာ Zuckerberg ဟာ သူ့ရဲ့ဝန်ထမ်းတွေကိုခေါ်ပြီးရုပ်ရှင်သွားကြည့်ခဲ့ပါတယ်။ ကြည့်ခဲ့တဲ့ ရုပ်ရှင်ကတော့ သူ့အကြောင်းရိုက်ကူးထားတဲ့ Social Network ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ရုပ်ရှင်အပြီးမှာတော့ Zuckerberg က ရုပ်ရှင် ရိုက်ကူးသူတွေ အနေနဲ့ ယင်းအားနာမည်ကြီးလို၍Facebook အားတီထွင်ခဲ့ပုံပေါ က်အောင် ရိုက်ကူးထားကြောင်း ဝေဖန်သွားခဲ့ပါတယ်။


၈။ Zuckerberg မှာ Beast လို့ အမည်ပေးထားတဲ့ Hungarian သိုးထိန်းခွေး ရှိပါတယ်။Beast ရဲ့ Facebook စာမျက်နှာမှာ Like လုပ်ထားသူပေါင်း၁.၅ သန်း ရှိပါတယ်။


၉။ ဒေါ်လာ ၁၉ ဘီလီယံ ကြွယ်ဝတဲ့ Zuckerberg ဟာ ကပ်စေးနည်းသူလို့နာမည်ကြီးပါတယ်။ရည်းစားဖြစ်သူ Priscilla Chan အတွက် ဝယ်ပေးခဲ့တဲ့ ပတ္တမြား လက်ထပ်လက်စွပ်က ဒေါ်လာ ၂၅၀၀၀သာ တန်ဖိုးရှိတယ်လို့ သိရှိရပါတယ်။


၁၀။Facebook ရဲ့ comment ပေးတဲ့ နေရာမှာ Mark Zuckerberg ဆိုတာကို ရိုက်ထည့်ကြည့်ပါ။ Mark Zuckerberg ဆိုပြီး ပေါ်လာပါလိမ့်မယ်။မယုံရင် အခုပဲ လက်တွေ့သာ စမ်းကြည့်လိုက်ပါ


No comments:

Post a Comment