China Tablet အတော်များများ boot logo မှာတင် လည်နေတဲ့ပြဿနာ ကြုံနေရတယ်...ဟုတ်တယ်ဟုတ် အဲဒါ ဘာကြောင့်လည်းဆိုတာ ကျနော် တွေ့ရှိသလောက် ပြောပြမယ်နော်...
(၁)Tablet တွေသုံးထားတဲ့ CPU တွေက Allwinner လို့ခေါ်တဲ့ MPUအမျိုးအစားတစ်ခုပါ.. A10 ရယ် A13 ရယ် အများဆုံးသုံးတဲ့အမျိုးအစားတွေ...မြန်မာပြည်ကို ၀င်တာများတယ်...အဲဒီ့ CPU က ဘာဖြစ်လည်းဆိုတော့ သူ့မှာ cachemanagement မကောင်းဘူး... ပြောရရင် Memory Management Processက စွမ်းဆောင်ရည်သိပ်မကောင်းဘူးလို့ဆိုရမယ်...ဒဲ့ပြောရရင် သာမာန် MP4 တွေမှာသုံးတဲ့ sunpluschip အဆင့်ဘဲရှိတယ်...ဒါပေမဲ့ coreနှစ်ခုပါတဲ့အတွက် အလုပ်လုပ်ပုံ သွက်တယ်...cacheမနိုင်တာကလွဲလို့ ကျန်တဲ့အပိုင်းတွေမှာ အဆင်ပြေတယ်...ဒါက chipset ပိုင်း
(၂ )RAM အဖြစ်သုံးထားတာကိုကြည့်မယ်ဆိုရင်လည်း quality ram မဟုတ်ဘူး... DDRအဆင့်တွေဘဲသုံးထားတာတွေ့ရတယ်...CPU ကsupport ပေးနိုင်တာလည်း DDRဘဲပေးနိုင်တာကြောင့်လည်းပါတယ်...ဒီတော့ ဘာဖြစ်လည်းဆိုတော့ DDRရဲ့ rateအရ cache storageပိုင်းမှာ ထိမ်းသိမ်းနိုင်မှု့မရှိဘူး...
အဲဒီ့အချက်နှစ်ချက်အရ user တစ်ယောက်ဟာ Tablet ရဲ့ background ကိုပြောင်းလိုက်သည်ဖြစ်စေ၊ lock background ကိုပြောင်းလိုက်သည်ဖြစ်စေ...အဲဒီ့ပုံဟာ မူယင် Firmwareထဲကပုံလို နေရာယူပြီးသားမဟုတ်တဲ့အတွက် cacheထဲကို ယာယီပို့ပေးလိုက်တယ်...ပြီးမှ အဲဒီ့ပုံကို Picture->RAM Cache->CPUCache->Processဆိုတဲ့ပုံစံနဲ့သွားတယ်ဆိုတော့...
Cacheမကောင်းတဲ့ တစ်နည်းအားဖြင့် Cache မနိုင်တဲ့အတွက် နောက်တစ်နည်း Cacheကနေ လက်ခံနိုင်စွမ်းထက်ပိုနေတဲ့ပုံတွေဆိုရင်...ပြောင်းလဲစဉ်မှာ တော့ ဘာမှ ဖြစ်မလာသေးဘဲ restart လုပ်လိုက်တဲ့အခါမှာ အဲဒီ့ပုံကို ဆွဲတင်ဖို့ နေရာမလောက်တော့တာကြောင့် ဆွဲတင်လိုက် ပြန်ပြုတ်ကျသွားလိုက်ဖြစ်နေပါတော့တယ်...
process ကတော့ ပုံပြောင်းလိုက်တာနဲ့ အရင်ဆုံးsdcard ထဲက ပုံကို build.proc မှာ refလုပ်ပေးထားတယ်... အဲဒီ့အခါ စက်ကို restart လုပ်တဲ့အခါမှာ အရင်ဆုံး default.prop ကိုဖတ်တယ်...ပြီးတော့ built.proc ကိုဖတ်ပြီးအဲဒီ့ထဲကref တွေအတိုင်းဘဲ display လုပ်တယ်... အဲဒီ့နေရာမှာ background wallpaper တို့ lock wallpaper တို့ကို မူလ firmware ထဲကမဟုတ်ရင် ram ပေါ်မှာ ဆွဲတင်ရတယ်...ပြီးမှ cpu က အလုပ်လုပ်ပြီး နေရာချတယ်... အဲဒီ့အခါ ram ပေါ်ဆွဲတင်ရင်း ram ရဲ့ cache မှာ နေရာမလောက်တော့တဲ့အခါ ပြဿနာတတ်တော့တာဘဲ...ram ရဲ့ cache မှာ သွင်းထားတဲ့ app တွေရဲ့ လင့်တွေလည်းရှိတယ်...
ဒီပြဿနာကို ဘယ်လိုဖြေရှင်းမလည်း...အလွယ်ဆုံးနည်းကေ တာ့ build.prop ကိုဝင်ပြင်တာ အလွယ်ဆုံးဘဲ... ဒါမဲ့ အဲဒါက မသေချာတဲ့နည်းတစ်ခုပါ... ဘာလို့လည်းဆိုတော့ cacheမှာ နေရာယူထားတာတွေကတစ်ခါတစ်လေ စက်ပိတ်လိုက်ပေမဲ့ ပျောက်မသွားတတ်ဘူး... အဆိုးဆုံးကတော့ JVMလို့ခေါ်တဲ့ java virtual machineတစ်ခုဖြစ်တဲ့ dalvik ရဲ့ cache မှာသိမ်းထားတာတွေကမပျက်သွားပါဘူး...ဒီတော့ ဆွဲတင်စရာ လင့်မရှိတော့ပေမဲ့ နေရာမလောက်တဲ့ ပြဿနာကြောင့် မရတာမျိုးဖြစ်တတ်ပါတယ်... အဲဒီ့အခါမှာ အထိရောက်ဆုံးကတော့ recovery mode ကနေ၀င်ပြီး wipecachepartition ကိုလုပ်ဖို့ပါဘဲ...
တစ်ခါတည်းနဲ့ ကိစ္စပြတ်ပြီးချင်ရင်တော့ factory restore ပေါ့... factory restoreမလုပ်ခင်မှာ wipe cache ကိုတော့ လုပ်ဖို့မမေ့ပါနဲ့...
ပြောလို့သာပြောရတယ် allwinner chipset သုံးတဲ့ android rom တွေမှာ recovery partition ကို deactivate လုပ်ထားတာများတယ်...အဲဒါကိုတော့ အရင်ဖွင့်ရင်ဖွင့်မဖွင့်ချင်ရင် cwm လေးတင်းပေးပြီးမှ လုပ်လို့ရပါတယ်ဆိုတဲ့အကြောင်းသတင်းကောင်းပါးရင်း....
လေ့လာတွေ့ရှိမှု့ကို သတိပြုစရာအဖြစ် တင်ပြလိုက်ရကြော င်းပါခင်ဗျာ...
fast boot မ၀င်ဘဲနဲ့ cwm တင်လို့ ရလားခင်ဗျာ
ReplyDelete