Wednesday, May 8, 2013

ကမ္ဘာ့ တတိယ အကြီးဆုံးနေစွမ်းအင် စက်ရုံ မြန်မာ နိုင်ငံတွင် တည်ဆောက်မည်

ကမ္ဘာ့ တတိယ အကြီးဆုံးနေစွမ်းအင် စက်ရုံ မြန်မာ နိုင်ငံတွင် တည်ဆောက်မည်

ထိုင်းနိုင်ငံ အခြေစိုက် Green Earth Power (GEP) ကုမ်္ပဏီသည် မြန်မာ လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနနှင့် အမေရိကန် ဒေါ်လာ ၂၇၅ သန်းတန်ဖိုးရှိ ကမ္ဘာ့ တတိယ အကြီးဆုံးနေစွမ်းအင် စက်ရုံကို တည် ဆောက်ရန် အတွက် နားလည်မှု စာချွန်လွှာ သဘောတူ စာချုပ်မူကြမ်း တစ်ရပ် ချုပ်ဆိုထားပြီးဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ တတိယ အကြီးဆုံးနေစွမ်းအင် စက်ရုံကို ၁၈ လအတွင်း အပြီး တည်ဆောက်သွားမည်ဖြစ်ပြီး ၎င်းင်းစက်ရုံမှ နေစွမ်းအင် ၂၁၀၂ MW ရရှိမည် ဖြစ်ကြောင်းGEP ကုမ္ပဏီက အခိုင်အမာ ပြောကြားထားသည်။

GEP ကုမ္ပဏီ အနေဖြင့် လာမည့်ရက်ပေါင်း ၉၀ အတွင်း မြန်မာ့လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင် ၀ယ်လိုအား သဘော တူညီမှု တစ်ရပ်ကိုလက်မှတ် ရေးထိုးရန် မျှော်မှန်း ထားကြောင်း ၎င်းကုမ္ပဏီ ဥက္ကဋ္ဌပေါလ်ဘားနက်သစ်က Bangkok Post သတင်းစာကို ပြောကြားထားသည်။ယခု တည်ဆောက်မည့် နေစွမ်းအင် စက်ရုံကို မကွေးတိုင်း ဒေသကြီး မင်းဘူး မြို့အတွင်းအကျယ်အ၀န်း ဟက်တာ ၃၀၀ ရှိ မြေကွက်ပေါ်တွင် တည်ဆောက် သွားမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment