
ကမ္ဘာ့ဈေးကွက်ကို တွင်ကျယ်တဲ့ ခြေလှမ်းတွေနဲ့ ထိုး ဖောက်လာတဲ့ Huawei ဟာ လအနည်းငယ်လောက်ကGorilla Glass2 သုံးထားတဲ့ 4G LTEစမတ်ဖုန်းတစ်လုံးကို မိတ်ဆက်ခဲ့ပါတယ်။ ဒါဟာဘာလဲဆိုရင် ယခင်က အောင်မြင်ခဲ့ပြီးသား Ascend P1 ကို ထပ်မံတိုးမြှင့်ထားတဲ့ P2 စမတ်ဖုန်းဖြစ်ပြီး Android နောက်ဆုံးထွက် ဗားရှင်းနဲ့အတူ ဈေးကွက်ထဲမှာ ရှိနေတဲ့ Galaxy ဖုန်းတွေနဲ့ HTC ရဲ့One Series ဖုန်းတွေကို ယှဉ်ပြိုင်နိုင်မယ်လို့ ဆိုပါတယ်။Huawei ဟာ နောက်ပိုင်းထွက်ထားတဲ့ ဖုန်းတွေကို ပါးလွှာမှုနဲ့ မြန်ဆန်မှုကို ဦးစားပေးလာပြီး သူတို့ရဲ့ ကိုယ်ပိုင် Chipset နဲ့တောင်မှ ဈေးကွက်ကို တိုးလာပါတယ်။
ယခု P2 မှာလည်းHuawei K3V2 Chipset ကို တွေ့မြင်ရမှာဖြစ်ပြီးCamera ကလည်း 13MP အမိုက်စားကို ဆက်စပ် Feature တွေနဲ့အတူ အသုံးပြုနိုင်ပါလိမ့်မယ်။UIကို အခြားစမတ်ဖုန်းတွေနဲ့ မတူဘဲ Emotion ပုံစံမျိုးဖြစ်အောင် ပြုလုပ်ထားပြီး Ascend P1 တုန်းက ကမ္ဘာ့အပါးလွှာဆုံးစမတ်ဖုန်းအဖြစ် သတ်မှတ်နိုင်ခဲ့တာကြောင့် ယခု P2 ကိုတော့ Application တွေ ဂိမ်းတွေဆော့ကစားတဲ့ အခါမှာ မြန်ဆန်တဲ့ Loading Timeကို ရရှိအောင် စွမ်းဆောင်ပေးထားပြီး ကမ္ဘာ့အမြန်ဆုံးစမတ်ဖုန်းအဖြစ် ထုတ်လုပ်လိုက်ပါတယ်။Built-in theme ပေါင်း တစ်ရာကျော် ပါဝင်လာပြီး မိမိလိုအပ်သလို ဖန်တီးနိုင်ပါလိမ့်မယ်။
ဒီဖုန်းကို တစ်ကမ္ဘာလုံး ဈေးကွက်အနေနဲ့ ဖြန့်ချိမှာဖြစ်ပြီး US ဈေးကွက်အတွက်တော့ ထုတ်လုပ်မယ်လို့ မဆိုသေးပါဘူး။အစောပိုင်းတုန်းက Octa core နဲ့ ထွက်ရှိလာမယ်လို့ဆိုပြီးအမှန်တကယ် ပြသလိုက်တဲ့ အချိန်မှာတော့ 1.5GHz quad-core chip နဲ့သာ ထွက်ရှိလာပါတယ်။ ဒါပေမယ့် သူဟာ 4G Network မှာ အသုံးပြုနိုင်မှာဖြစ်ပြီးDownload ပြုလုပ်မှုကို 150Mpbsရအောင် စွမ်းဆောင် ပေးပါလိမ့်မယ်။ Huawei ရဲ့ Ascend Mate,D2 တို့လိုမျိုးပဲ အရည်အသွေးမြင့် စမတ်ဖုန်းP2 ရဲ့ပါဝင်မှုတွေကို လေ့လာကြည့်ရအောင်။
Display
IPS နည်းပညာကို အသုံးပြုထားတဲ့ စမတ်ဖုန်းဖြစ်တာကြောင့် အခြားစမတ်ဖုန်းတွေလိုမျိုး မြင်ကွင်းကြည့်တဲ့ အခါမှာ ဝေဝါးတာမျိုးမဖြစ်စေဘဲ ဘက်ပေါင်းစုံ ဘယ်ထောင့်ကနေကြည့်ကြည့် ရှင်းလင်းပီသတဲ့ ရုပ်ထွက်ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ 4.7″ကို 312ppi ပုံရိပ် ဖော်ပြနိုင်စွမ်းနဲ့ 8.4mm အထူဟာ P2 ကို ထိပ်တန်းစမတ်ဖုန်းအဖြစ် သတ်မှတ်သွားနိုင်ပါတယ်။Screen Sizeကိုလည်း 720 x 1280 ဖြစ်တာကြောင့် HDပုံရိပ်တွေကို ဝေဝါးတာ မရှိစေဘဲ ဖော်ပြပေးနိုင်ပါတယ်။ မျက်နှာပြင် ကာကွယ်နိုင်စွမ်းကိုလည်း သံနဲ့ ခြစ်မိရင်တောင် အရာထင်နိုင်စွမ်း မရှိတဲ့ Corning ရဲ့ ဒုတိယမျိုးဆက် Gorilla ကို သုံးစွဲထားပြီးEmotion UI 1.6 က သာမန်ထက်ပိုတဲ့ အရသာကို ပေးစွမ်းပါလိမ့်မယ်။
Store And Battery
16GB သိုလှောင်နိုင်စွမ်းရှိတဲ့ Huawei ဟာ ကောင်းမွန်တယ်လို့ ဆိုနိုင်ပေမယ့် OS အတွက်တော့ 2GB နီးပါး ပေးစွမ်းရပါလိမ့်မယ်။ဒါ့အပြင်SD Card ထပ်မံထည့်သွင်းလို့ မရတာကလည်း သူ့ရဲ့ အားနည်းချက်လို့ ဆိုနိုင်ပါတယ်။ဒါပေမယ့် 1GB RAM ကလည်းအကောင်းဆုံး အထောက်အပံ့ ပေးစွမ်းပါလိမ့်မယ်။ 2420mAh Battery ကို ရရှိနိုင်မှာဖြစ်ပြီး2G ကွန်ရက်မှာ ဖုန်းပြောဆိုမယ် ဆိုရင်တော့ တစ်ရက်နီးပါး အသုံးခံနိုင်ပါလိမ့်မယ်။Wi-Fi အသုံးပြုပြီးအင်တာနက် သုံးမယ်ဆိုရင်တော့ မိနစ် 800 နီးပါးသုံးစွဲနိုင်မှာဖြစ်ပြီး4G ကွန်ရက်မှာ ဝင်ရောက်သုံးစွဲမယ် ဆိုရင်တော့ အချိန်အတော်ကြာ အသုံးပြုနိုင်ပါတယ်။ဒါကြောင့် HD ဂိမ်းတွေသာ ဆော့ကစားမယ်ဆိုရင် တစ်ရက်တာ နီးပါးလောက်ကို သုံးစွဲနိုင်အောင် အထိကို ထောက်ပံ့ပေးထားပါတယ်။
Other
122g အလေးချိန်ရှိပြီးယခင်ဖုန်းများလိုပဲ ပလက်စတစ်ကိုယ်ထည်နဲ့ ဖက်ရှင်ကျတဲ့ ပုံစံဒီဇိုင်းကို ကိုင်တွယ်ရမှာဖြစ်ပါတယ်။ တည်နေရာပြစနစ်အတွက် AGPSစနစ်ကို ထောက်ပံ့ပေးထားတာကြောင့် မြို့တွင်းလမ်းတွေကို သွားရောက်တဲ့အချိန်မှာ သာမကဘဲ အလှမ်းဝေးတဲ့ မြို့ပြင်လမ်းတွေကိုပါကောင်းမွန်စွာ လမ်းညွှန်ပြသပေးပါလိမ့်မယ်။ Multi Touch ကို 10 Point အထိ ပြုလုပ်နိုင်စွမ်းရှိမှာဖြစ်ပြီး NFC ကို အထောက်အပံ့ ပေးထားပါတယ်။ဒါ့အပြင် earphone ကနေတစ်ဆင့် music နဲ့ ဗီဒီယိုတွေကို ကြည့်ရှုသူတွေ အတွက်လည်းDolby mobileလို လုပ်ဆောင်မှု အပေါင်းကို ဖြည့်သွင်းပေးထားပါတယ်။
Software/ Hardware
Android ရဲ့ အောင်မြင်ပြီးသား OSနဲ့အတူ Huawei ရဲ့ UIပေါင်းစပ်လိုက်တဲ့ အချိန်မှာ Ascend P2 ဟာ Galaxy မျိုးဆက် ဖုန်းတွေထက်တောင် အနည်းငယ် သာသယောင် ရှိသွားပါတယ်။ Smart Reading ပါဝင်လာတာကြောင့် E-Book ဖတ်ရှုနေရင်းနဲ့ မိမိသိချင်တဲ့ စကားလုံးတွေကို Wiki ပေါ်ကို တက်ရောက် ရှာဖွေနိုင်ပါလိမ့်မယ်။Quad-core 1.5GHz CPU ကို Huawei ရဲ့ Chipset နဲ့ ပေါင်းစပ်လိုက်တဲ့ အခါမှာ HD ဂိမ်းတွေ ဆော့ကစားတဲ့ Loading တက်ချိန် သာမန်ထက် မြန်ဆန်သွားပါပြီ။ဒါ့အပြင် Huawei ရဲ့Chipset အားသာချက်ကဘတ္ထရီစွမ်းအားကို ပုံမှန်ထက် ချွေတာနိုင်စွမ်းရှိပြီးTouch Screen အထိအတွေ့က နေရာအလိုက်ကိုသာ ဘတ္ထရီစွမ်းအားကို သုံးစွဲပါတယ်။ Sensor ၄ မျိုးကတော့ ပုံမှန်ဖုန်းတွေမှာ ပါဝင်ပြီးသား အတိုင်းပါပဲ။
Camera
13MP ကင်မရာဟာ 4032 x 3224 pixel အရည်သွေးရှိတဲ့ ပုံရိပ်တွေကို ဖမ်းယူနိုင်စွမ်းရှိလာပြီး ယခုနောက်ဆုံးထွက် စမတ်ဖုန်းတွေမှာသာ ပါဝင်လာတဲ့ HDRလို ဖန်ရှင်မျိုးတွေကို မြင်တွေ့ရပါမယ်။ဗီဒီယို ရိုက်ကူးမှုတွေကိုတော့ 1080p အရည်အသွေးနဲ့ ဖမ်းယူရိုက်ကူးနိုင်စွမ်းရှိမှာဖြစ်ပြီးအလင်းအမှောင် မညီတဲ့ ရှုခင်းတွေကို ရိုက်ကူးရင်တောင်မှ သေသပ်တဲ့ ပုံရိပ်ကို ရရှိအောင် စွမ်းဆောင်ပေးပါလိမ့်မယ်။ ရှေ့ဘက် ကင်မရာငယ်ဟာ 1.3 ဖြစ်ပြီး720p အရည်အသွေးသာ စွမ်းဆောင်ပေးပါလိမ့်မယ်။ဒါ့အပြင် ကင်မရာရိုက်ကူးမှုအတွက် ဖုန်းရဲ့ ဘေးထောင့်နားမှာ Key တစ်ခု ပါဝင်လာပြီးစမတ်ကင်မရာတစ်လုံး ကိုင်ဆောင်ထားရသလို ဖြစ်နေပါလိမ့်မယ်။
Huawei Ascend P2 ရဲ့ အသေးစိတ်အချက်အလက်များကို အောက်မှာဆက်လက်လေ့လာနိုင်ပါတယ်။
General 2G Network GSM 850 / 900 / 1800 / 1900 3G Network HSDPA 900 / 2100 4G Network LTE SIM Micro-SIM Announced 2013, February Status Available. Released 2013, April Body Dimensions 136.2 x 66.7 x 8.4 mm (5.36 x 2.63 x 0.33 in) Weight 122 g (4.30 oz) Display Type IPS LCD capacitive touchscreen, 16M colors Size 720 x 1280 pixels, 4.7 inches (~312 ppi pixel density) Multitouch Yes Protection Corning Gorilla Glass 2 - Emotion UI 1.6 Sound Alert types Vibration, MP3 ringtones Loudspeaker Yes 3.5mm jack Yes - Dolby Mobile Plus sound enhancement Memory Card slot No Internal 16 GB, 1 GB RAM Data GPRS Yes EDGE Yes Speed HSDPA; HSUPA; LTE, Cat4, 150 Mbps DL; 50 Mbps UL WLAN Wi-Fi 802.11 b/g/n, dual band, DLNA, Wi-Fi hotspot Bluetooth Yes, v4.0 with A2DP, LE, EDR NFC Yes USB Yes, microUSB v2.0 Camera Primary 13 MP, 4032 x 3224 pixels, autofocus, LED flash Features Geo-tagging, HDR, face and smile detection Video Yes, 1080p@30fps, HDR Secondary Yes, 1.3 MP, 720p@30fps Features OS Android OS, v4.1.2 (Jelly Bean) Chipset Huawei K3V2 CPU Quad-core 1.5 GHz Sensors Accelerometer, gyro, proximity, compass Messaging SMS(threaded view), MMS, Email, Push Mail, IM Browser HTML5 Radio FM radio GPS Yes, with A-GPS support and GLONASS Java Yes, via Java MIDP emulator Colors Black, White - SNS integration - Active noise cancellation with dedicated mic - DivX/XviD/MP4/H.263/H.264/WMV player - MP3/eAAC+/WMA/WAV player - Google Search, Maps, Gmail, YouTube, Calendar, Google Talk - Organizer - Document viewer/editor - Photo viewer/editor - Voice memo/dial/commands - Predictive text input Battery Li-Ion 2420 mAh battery Stand-by (2G) / Up to 310 h (3G) Talk time