လာလည်ကြတဲ့ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ
IP Address အကြောင်း သိကောင်းစရာ  ................................................. IP Address ဆိုတာ Internet Protocol Address ဖြစ်ပါတယ်။ မြန်မာလို တည့်တည့် ဘာသာပြန်ရရင် နိုင်ငံတကာ ကွန်ပြူတာ ဆက်သွယ်မှု ကွန်ရက် နားလည်မှု သဘောတူညီချက် လိပ်စာ လို့ အဓိပ္ပါယ် ရောက်ပါတယ်။ ဒီတော့ IT Term တစ်ချို့ က မြန်မာလို့ ဘာသာမပြန်ပဲ အင်္ဂလိပ်လို မှတ်ထားတာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ တစ်ချိန် ကွန်ပြူတာတွေ မပေါ်မှီ၊ အင်တာနက် မပေါ်မှီ တစ်နေရာကနေ တစ်နေရာ စာပို့တဲ့အခါ လိပ်စာ အပြည့်အစုံရေးလို့၊ လူအမည်ရေးလို့ စာတိုက်ပုံးထဲ ထည့်ရပါတယ်။ ယခုလည်း ယင်းသဘောတရားပါပဲ။ ဘယ်ကွန်ပြူတာက ဘယ်ကွန်ပြူတာကို ပို့ပါတယ်။ ဘယ်နိုင်ငံ ကွန်ရက်ကနေ ပို့ပါတယ် အစရှိသဖြင့် သိရှိအောင် အင်တာနက်လိပ်စာ ဆိုပြီး IP Address ဆိုတာ ပေါ်ထွန်းလာပါတယ်။ Physical IP Address IP Address ကို နှစ်မျိုးထပ်ခွဲရင် ပုံမှာ ပြထားတဲ့အတိုင်း ပါပဲ။ Physical Address နဲ့ Virtual Address ပါ။ Physical Address ဆိုတာ ရူပဗေဒဆိုင်ရာ လိပ်စာလို့ ဘာသာမပြန်မိပါစေနဲ့။ ထိတွေ့ကိုင်တွယ်၍ရသော လိပ်စာလို့လည်း ဘာသာမပြန်ရပါဘူး။ အချက်အလက် ပို့လွတ်လိုက်တဲ့ ပစ္စည်းရဲ့ လိပ်စာကို ဆိုလိုခြင်း ဖြစ်ပါတယ်။ ယင်းကတော့ Mac Address ပါ။ Machine Address ဖြစ်ပါတယ်။ ဒါက ထုတ်လုပ်သူတို့ ကွန်ပြူတာ၊ မိုဘိုင်းတွေထဲမှာ ပုံသေ ပါလာပြီးသား လိပ်စာ ဖြစ်ပါတယ်။ Virtual IP Address နောက်တစ်မျိုးကတော့ Virtual Address ပါ။ ထိတွေ့၍ မရသော လိပ်စာလို့ ဘာသာမပြန်ရပါဘူး။ အင်တာနက်ကွန်ရက်တွေမှာ ပို့လွတ်တဲ့အခါ ကွန်ပြူတာ ကြီးက လိုက်ရွေ့ သွားခြင်း မဟုတ်ပဲ အချက်အလက်ကပဲ သွားတာပါ။ ယင်းအချက်အလက်က ဘယ်ကနေလာတယ် ဆိုတာကို Virtual Address နဲ့ ခွဲခြားရပါတယ်။ သူ့ကို ထပ်ခွဲမယ်ဆိုရင် Public IP Address နဲ့ Private IP Address ဆိုပြီး နှစ်မျိုး ထပ်ကွဲနေပြန်ပါသေးတယ်။ Public IP Address Public IP Address ဆိုတာ ပြည်သူ့ IP Address မဟုတ်ပါဘူး။ အင်တာနက် ကွန်ရက်များ အများသူငှာ Public တစ်ခုလုံးက ဘယ်လိပ်စာ ဘာကိုပြောတယ်ဆိုတာ သိအောင် မှတ်သားထားတဲ့ လိပ်စာ ဖြစ်ပါတယ်။ ဥပမာ 203.81.160.0 ကနေ 203.81.175.255 ဆိုတာ မြန်မာပြည်က တရားဝင် ဝယ်ထားတဲ့ IP Address ပါ။ အခြား IP Range လည်း ရှိပါသေးတယ်။ ကားစကားငှားသုံးရရင် ကားနံပါတ် အသေဝယ်ထားတဲ့ သဘော ဖြစ်ပါတယ်။ နိုင်ငံတကာ အင်တာနက်ကွန်ရက်နဲ့ ချိတ်ဆက်တဲ့အခါ ယင်းနံပါတ်အသေနဲ့ သာ သွားလာရခြင်း ဖြစ်ပြီး စီးပွားရေး ပိတ်ဆို့မှုတို့ ဘာတို့လုပ်တဲ့အခါ ယင်း IP Address ကို Ban ရုံပဲ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာပြည်ကနေ PayPal တို့ဘာတို့ ဖွင့်မရသေးခြင်း ဖြစ်ပါတယ်။ မြန်မာပြည် အနေနဲ့လည်း ဘယ်ဆိုဒ်တို့ ဘယ်ဆိုဒ်တို့ကို ကြည့်ခွင့်မရှိဆိုပြီး Proxy server မှာ ပိတ်တဲ့အခါ ပိတ်ချင်တဲ့ ဝဘ်ဆိုဒ်လိပ်စာ /IP Address ကိုထည့်ထားရုံပဲ ဖြစ်ပါတယ်။ ဒါကြောင့် တစ်ချိန်တုန်းက Youtube ဆိုတာ ကြည့်လို့မရခဲ့ပါဘူး။ URL Address Bar မှာ 31.13.82.1 ကို ရိုက်ထည့်ပြီး Enter ခေါက်ကြည့်ပါ။ Facebook ကျလာပါလိမ့်မယ်။ Private IP Address ပုဂ္ဂလိ IP Address လို့ ဘာသာမပြန်ရပါဘူး။ ကျနော် ကတော့ မိမိ အဆင်ပြေသလို ပေးလို့ ရတဲ့ IP Address လို့ပဲ မှတ်ထား မိပါတယ်။ သို့ပေမယ့် အဲ့တစ်ခုတည်းနဲ့ဆိုရင်မှားသွားပါလမ့်မယ်။ ကြိုက်ရာပေးတာ တောင်မှ Class A, Class B, Class C ဆိုပြီး ထပ်ကွဲ ပါသေးတယ်။ Public လို့ခေါ်တဲ့ နိုင်ငံတကာ အင်တာနက်ကွန်ရက်တွေ ပေါ်ကို မသွားပါဘူး။ ကုမ္မဏီတွင်း၊ မြို့ နယ်တွင်း မိမိတို့ Locak စက်တွေမှာ သွားလာတဲ့ IP Address ဖြစ်ပြီး အင်တာနက် သုံးချင်၊ အပြင်ထွက်ချင်တဲ့အခါမှ Public IP Address သို့ ပြောင်းလဲ ပေးပါတယ်။ အနီးစပ်ဆုံး ဥပမာ ပေးရရင် - လိုင်စင်မဲ့ကားတွေ မြို့ထဲသွားတော့မယ်ဆိုမှ လူမြင်လို့ကောင်းမယ့် နံပါတ်တစ်ခုပြောင်းတပ်လိုက်ခြင်း ဖြစ်ပါတယ်။ သို့ပေမယ့် သူ့ Local မှာကျ ဒီကားက ဘယ်သူ့ကားဆိုတာ သိနေပါတယ်။ ဒီသဘောပါပဲ။ Private IP Address က သူ့ Local မှာ အလုပ်လုပ်တဲ့အခါ Local IP Address နဲ့ပဲ အလုပ်လုပ်ပြီး အင်တာနက် ကွန်ရက်ပေါ် ပြေးလွှားပြီဆိုမှ Public IP Address သို့ ပြောင်း လဲ ပေးရပါတယ်။ ဒါကို ကြားမှာ ပြောင်းလဲပေးတဲ့ စနစ်ကိုလည်း Service Provider များက အများစု ဝန်ဆောင်မှု ပေးပါတယ်။ ဥပမာ ကျနော်တို့ ရုံးတွင်းက ကွန်ပြူတာတွေ အင်တာနက်မသုံးဘူး။ မချိတ်ဘူး။ ကွန်ပြူတာအချင်းချင်းပဲ အချက်အလက်တွေပို့မယ်ဆိုရင် Private IP Address နဲ့ တင်လုံလောက်ပါတယ်။ သို့ပေမယ့် ယင်းသို့ ပို့နေရင်း၊ လုပ်နေရင်းက အင်တာနက်လေးသုံးမယ်။ အခြားနိုင်ငံက ရုံးခွဲကို အီးမေးလ်ပို့မယ်ဆိုရင်တော့ အင်တာနက် ဆိုတာကြီး လိုအပ် လာပြီ ဖြစ်ပါတယ်။ ဒီလိုဆိုရင်တော့ Public IP Address ကိုလည်း အသုံးပြုရပြီ ဖြစ်ပါတယ်။ှုIP Address အသုံးဝင်ပုံ စာပို့တဲ့သူတင်မကပါဘူး။ စာတိုက်ပုံးမှာလည်း နံပါတ်ပါရှိပါတယ်။ စာတိုက်ရုံးမှာလည်း လိပ်စာရှိပါတယ်။ စာရမယ့်သူမှာလည်း လိပ်စာရှိပါတယ်။ စာရမယ့်သူ အမည်လည်း ရှိပါတယ်။ ထိုနည်းတူစွာပါပဲ IP Address ဆိုတာ Facebook မှာလည်းရှိရပါတယ်။ Google မှာလည်းရှိပါတယ်။ အီးမေးလ်ပို့မယ့်သူမှာလည်း ရှိရပါမယ်။ အီးမေးလ်ပို့ပေးမယ့် Service Provider မှာလည်း ရှိရ ပါတယ်။ Email လက်ခံမယ့်သူဆီမှာလည်း ရှိရပါတယ်။ ပို့တဲ့သူနဲ့ လက်ခံတဲ့သူကို ခွဲခြားမှုကျ Service Provider က သတ်မှတ်ပေးတဲ့ လိပ်စာနဲ့ ကွန်ပြူတာတို့ရဲ့  Physical Address (Mac Address) က အထောက်အကူ ပြုပေးမှာ ဖြစ်ပါတယ်။ အလွယ်ကူဆုံးဖြစ်အောင် ကြိုးစား ရှင်းပြမိတာလေးပါ။ ဒီထက်ပိုတဲ့ ရှင်းလင်းမှုကို What is IP Address လို့ Google search မှာ ရှာကြည့် ဖတ်ရှု နိုင်ပါတယ်။ ဝီကီမှာလည်း ဖတ်ရှု နိုင်ပါတယ်။ Private IP address range Class A - 10.0.0.0 to 10.255.255.255 Class B - 172.16.0.0 - 172.31.255.255 Class C - 92.168.0.0 - 192.168.255.255 8 bit ပါရှိသော 1 byte မှ စုစုပေါင်း 4 byte ဖွဲ့စည်းမှု ကို IPv4 Address လို့ ခေါ်ပါတယ်။ ကားနံပါတ်လိုပါပဲ။ နံပါတ်တွေ မလောက်တော့တဲ့အခါ IPv6 Address ဆိုပြီး ပေါ်လာမှာ ဖြစ်ပါတယ်။ စုစုပေါင်း ဖွဲ့စည်းမှုက 128 bits တောင် ရှိလာမှာ ဖြစ်ပါတယ်။ ယခုလို လိပ်စာများပြား မှုကြောင့် နောင်ပိုင်း အိုင်တီပစ္စည်းတွေတိုင်းမှာ ကိုယ်ပိုင် IP လိပ်စာများ ရှိလာမယ်လို့ ကြားသိရပါတယ်။ ယင်းအမည်တွေကို အဆင်ပြေသလိုပေးလို့ မရပါဘူး။ ပေးပုံ ပေးနည်း သင်္ချာနဲ့ တိတိကျကျ တွက်ချက်ပြီး ပေးရတာ ဖြစ်ပါတယ်။ Mac Address Machine Address ကတော့ 48 bits ပါ။ ဒါက ကွန်ပြူတာထုတ်လုပ်သူတို့က ၎င်းတို့ ပစ္စည်းအပေါ် ချပေးတဲ့ လိပ်စာ ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် ယင်းလိပ်စာတွေကို ပြောင်းလဲလို့ မရပါဘူး။ Physical Address ဖြစ်လို့ ဖြစ်ပါတယ်။ ဥပမာ - 01-23-45-67-89-ab IP Address အကြောင်းအခြေခံအားဖြင့် အကြမ်းဖျဉ်း သိရှိပြီလို့ မျှော်လင့် ပါတယ်။ . အောင်ခမ်း (TSJ team) learned from RHC Technologies .
No comments:
Post a Comment