လာလည်ကြတဲ့ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ
အနာဂတ်လူငယ်နှင့် မြန်မာ့အင်တာနက် ====================== မြန်မာ့စီးပွား နဲ့ ကမ္ဘာ့စီးပွား ဘာကြောင့်ကွာဟမှု ကြီးမားနေရတာလည်း၊ သူတို့ဆီ မှာကုန်ပစ္စည်းတစ်ခု ထုတ်ကုန်တစ်ခု ဘာကြောင့်မို့ လူသိများလည်း၊ငွေအရင်နှီး အများကြီးမတတ်နိုင်တဲ့ ကုမ္ပဏီတွေ လုပ်ငန်းတွေကလည်း ဘာကြောင့်မို့ ရေရှည်ရပ်တည်နိုင်ပြီး ဘာကြောင့်အောင်မြင် ကြတာလည်း၊ မေးစရာမေးခွန်းတွေက အများကြီးပါ၊ဒါပေမယ့် အဖြေကတစ်ခုတည်းပါ၊ အဲဒါကတော့ အင်တာနက်ရှိနေလို့ပါပဲ၊ အင်တာနက်က ဘာတွေများအသုံးချလို့ရလည်း အများကြီးပါ၊စာဖတ်သူတွေလည်း သိရှိပြီးဖြစ် ပါလိမ့်မယ်၊အင်တာနက်ကနေ စာသင်မှာလား၊လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံတကာသတင်းတွေကြည့်မှာလား၊ ကမ္ဘာ့အရေး၊နိုင်ငံအရေး၊အားကစား၊ဒါမှမဟုတ် ဈေးဝယ်မှာလား၊ အိမ်မှာနေရင်း အင်တာနက်ဖွင့်လိုက်ရုံနဲ့ ဘာမဆိုရနေတဲ့ ခေတ်ကြီး ဖြစ်နေပါပြီ၊ ဒါတွေကိုနားလည် ထားတဲ့ စီးပွားရေးသမားတွေ က သူတို့ကုန်ပစ္စည်း၊ သူတို့ brand တွေ ကိုအကုန်ကျသက်သာမယ့် Oline media,online marketing တွေကိုစိတ်ဝင်စားလာပြီး သုံးစွဲသူတွေကို အင်တာနက်ကနေ တဆင့်ဝန်ဆောင်မှုတွေပေးလာပါတယ်။ ပထမဆုံးအနေနဲ့ လူမှုကွန်ရက် Facebook ကနေတဆင့် စတင်ထိုးဖောက် ပါတယ်၊အဆင်လည်းပြေသလို အကုန်ကျလည်းမရှိပါဘူး၊အဲဒီကနေတဆင့် web page လေးတွေထောင်လာတယ်၊အောင်မြင်လာတယ်၊ကုန်ပစ္စည်းနဲ့ ပတ်သက်တဲ့နောက်ဆုံးသတင်းတွေကို Facebook ကနေတဆင့် နေ့စဉ် ကြော်ငြာတယ်။ အင်တာနက်အသုံးပြုတဲ့သူတွေလည်းကိုယ်သိချင်တဲ့အကြောင်းရာလေးတွေကို Facebook ပေ့တ်ကနေတဆင့် မေးတယ်၊ဒီလိုနဲ့ စီးပွားရေးသမားတွေ နဲ့ သုံးစွဲသူတွေကြားမှာ နားလည်မှုတွေပိုရလာတယ်၊ သုံးစွဲသူတွေရဲ့ လိုအပ်ချက်တွေကို လုပ်ငန်းရှင်တွေကလည်း နားလည် လာတယ်၊ဒါကြောင့်လိုအပ်ချက်တွေကိုပြုပြင်တယ်၊သုံးစွဲသူတွေ အကြိုက်တွေ့အောင် လုပ်ဆောင်လာနိုင်တဲ့ အတွက်အောင်မြင်လာတယ်၊ လုပ်ငန်းတွေ အောင်မြင်လာတာနဲ့အတူ ၊လုပ်ငန်းတွေချဲ့ ထွင်လာတဲ့အတွက် အလုပ်ကိုင် နေရာတွေမှာ ဝန်ထမ်းတွေကိုလိုအပ်လာတယ်၊ဒါကြောင့်မို့ အလုပ်ကိုင်ခွင့်လမ်းတွေကောင်းမွန်လာတယ်၊အလုပ်လက်မဲ့တွေနည်းပါလာတယ်၊လူငယ်တိုင်း အလုပ်ကိုင် ကိုယ်စီ ရှိလာကြတယ်၊ ဒါတွေအကုန်လုံး အင်တာနက်ကပေးလိုက်တဲ့ နောက်ဆက်တွဲ တွေချည်းပါပဲ။ နောက်ဆုံး ဒီအင်တာနက်ကနေပဲ စီးပွားရေးသမားတွေတင်မက လူငယ်တွေကအစ နေရာယူလာတယ်၊အင်တာနက်ကို အကျိုးရှိရှိ အသုံးချလာ ကြတယ်၊တီထွင်တယ်၊ဆန်းသစ်တယ် အောင်မြင်တယ်။ ဒါကြောင့် သန်းကြွယ်သဌေး တွေဖြစ်လာတယ်၊နောက်ဆုံး ဂိမ်းဆော့တဲ့ ကလေးတွေကအစ Online မှာကစားရင်းနဲ့ Professional Gamer တွေဖြစ်လာတယ်။ Media သမားတွေလည်း online မှာအပြိုင်နေရာယူလာကြတယ်၊အာလုံးက အလုပ်တွေရှုပ်နေကြတယ်၊တိုးတက်မှုတွေမြန်ဆန်လာတယ်၊ဒါတွေကိုစာဖတ်သူတွေ အမြင်ပါ၊အခြေခံ အရင်းမြစ်ကဘာလဲ၊ Internat ပါပဲ၊ ကယ်ဟုတ်ပြီ ကျွန်တော်တို့ မြန်မာပြည် ဘက်ကိုပြန်လှည့်ကြည့်ရအောင်။ နိုင်ငံတကာမှာအောင်မြင်နေတဲ့ Online Media,Online Marketing မြန်မာနိုင်ငံမှာ မလုပ်ဘူးလား၊ သိပ်လုပ်တာပေါ့၊အရင်းနှီးနည်းတယ်၊အကုန်ကျသက်သာတယ်၊ဒါကြောင့် Online Serveces တွေပေါ်လာတယ်၊အင်တာနက်ကနေတဆင့် ဝန်ဆောင်မှုတွေ ပေါ်လာတယ်၊ဒါဆိုဘာကြောင့်မအောင်မြင်တာလည်း၊ အဓိကအချက်တွေ နဲ့ ကောင်းမွန်တဲ့ ဖြေရှင်းချက်ကိုယ်စီရှိပါတယ်။ (၁) တစ်နိုင်ငံလုံးအတိုင်းတာ နဲ့ အင်တာနက်သုံးစွဲသူနည်းပါးခြင်း တစ်နိုင်ငံလုံး အနေနဲ့သုံးစွဲသူအင်မတင်နည်းပါးလွန်းပါတယ်။လက်ရှိမြန်မာ နိုင်ငံမှာ လူဦးရေ သန်း ၆၀ နီးပါးရှိတဲ့ထဲက အင်တာနက်လို့ခေါ်တဲ့ Facebook ကိုအမှန် တကယ်သုံးစွဲနေသူ လူဦး ၆ သိန်းလောက်သာရှိတယ် လို့ သတင်းများအရသိရပါတယ်။ဒါကလည်း အင်တာနက်လိုင်းအားနည်း ခြင်းကြောင့် သုံးစွဲသူတွေ နည်းပါးခြင်းလို့ ယူဆလို့ရပါတယ်။ ဒါကြောင့် ပြည်တွင်းမှာ သုံးစွဲသူနည်းပါးတဲ့ အတွက် နိုင်ငံတကာနည်းတူ ဝန်ဆောင် မှုလုပ်ငန်းတွေမှာ နောက်ကျကျန်ခဲ့တယ်၊အဲဒီအတွက် မိမိကုန်ထုတ်ကုန်နဲ့ ပတ်သက်တဲ့ သတင်းတွေကို အင်တာနက်အသုံးပြုပြီး အကုန်ကျနည်းရမယ့် အစား တစ်နိုင်ငံလုံးသိအောင် အခြား ကြော်ငြာနည်းတွေနဲ့ အကုန်ကျများစွာ ထိုးဖောက်နေရပါတယ်။ ဒါကြောင့် ငွေကြေးပိုင်းအရ များစွာရင်းနှီးမြုပ်နှံ သုံးစွဲနေရပြီး နိုင်ငံတကာနည်းတူ အင်တာနက်မှာ အကုန်ကျနည်းတဲ့ ဝန်ဆောင်မှုတွေမှာ များစွာနောက်ကျကျန်နေခဲ့ပါတယ်။ သို့ပေမယ့်ဒီ နံပတ်တစ်အချက်က မကြာခင်ကောင်းမွန်တဲ့ လမ်းကြောင်းပေါ် ရောက်ရှိလာတော့မှာပါ။နိုင်ငံတကာ ဆက်သွယ်ရေး ကုမ္ပဏီအကူညီတွေနဲ့ ဆက်သွယ်ရေးကွန်ယက်တွေ ပြန်လည်ခေါင်းမော့လာတော့မှာပါ၊ဒါကြောင့် သုံးစွဲသူနည်းပါးခြင်းက မကြာခင်ဖြေရှင်းလို့ရမယ့် အပြင်ဆက်သွယ်ရေး လမ်းကြောင်းတွေ ကောင်းမွန်လာနိုင်တဲ့ အတွက် တစ်နိုင်ငံလုံးအတိုင်းတာနဲ့ တိုးတက်မှု တွေဖြစ်လာနိုင်ပါတယ်။ (၂)အင်တာနက်ကို အကြောင်းပြုပြီး တလွဲသုံးစွဲခြင်း ဒါကတော့ လက်ရှိသုံးစွဲသူတွေ၊စာဖတ်သူတွေ မကြာခဏကြုံတွေ့ရတဲ့ ကိစ္စ တစ်ခုပါ၊ကောင်းကျိုးထက် ဆိုးကျိုးကိုသာဦးတည်တဲ့ တလွဲသုံးစွဲခြင်းတွေ ပါ၊ကောလဟာလ သတင်းတွေဖြန့်ဝေမှု။တစ်ယောက်နှင့် တစ်ယောက် ဝေဖန်ထိုးနက်မှုတွေနဲ့ သာနေ့စဉ် လိုလိုမြင်တွေ့ အချိန်ကုန်နေရပါတယ်။ ဒီ နံပတ် ၂ အချက်က နိုင်ငံတကာကလာပြီး ပြုပြင်ပေးလို့ရတဲ့ ကိစ္စမဟုတ် သလို မိမိကိုယ်တိုင်ပြုပြင်ရမှ ရမှာပါ။ဒါတွေကို ဖြေရှင်းဖို့အတွက် တစ်ယောက်နဲ့တစ်ယောက် ကောင်းကျိုးအတွက် မျှဝေသုံးစွဲမယ်ဆိုရင် ကောင်းသောဦးတည်မှုတွေဖြစ်လာပါလိမ့်မယ်။ (၃)အင်တာနက်နှင့် ပတ်သက်သည့် ကောင်းကျိုးများကို လေ့လာမှုနည်းခြင်း လက်ရှိပြည်တွင်းမှာ လူငယ်တွေအဓိက စာဖတ်အားနည်းသွားခြင်းနဲ့ သက်ဆိုင်ပါတယ်၊နိုင်ငံတကာလူငယ်တွေက အင်တာနက် Facebook ကိုအကျိုးရှိရှိ အသုံးပြုနေချိန် ပြည်တွင်းလူငယ်တွေက အင်တာနက် ကိုအသုံးပြုပြီး ဂိမ်းကစားခြင်း တစ်မျိုးကိုသာခုံမှင် နှစ်သက်နေကြတဲ့ အပြင် အခြားသုံးစွဲမှုတွေမှာသာခုံမင်နေကြပါတယ်။အကျိုးရှိတဲ့စာ တွေကိုရွေးချယ် ဖတ်ရှုမှု နည်းပါးလွန်းပြီး စိတ်အပန်းဖြေတဲ့ ထွက်ပေါက်တစ်ခု အနေနဲ့သာအသုံးပြုကြပါတယ်။ ဒါကြောင့် လက်ရှိနိုင်ငံတကာ အတိုင်းတာအရ များစွာနောက်ကျ ကျန်နေတဲ့ နိုင်ငံကို ကူညီကယ်တင်ဖို့အတွက် လက်ရှိကျွန်တော်တို့တွေ ခင်ဗျားတို့တွေ လူငယ်တွေနဲ့သာသက်ဆိုင်ပါတယ်။ အဲဒီအတွက် ကောင်းမွန်တဲ့ ဖြတ်လမ်းက အားလုံးတက်ညီလက်ညီ ကြိုးစားဖို့သာလိုအပ်ပါတယ်။ လက်ရှိပြည်တွင်းမှာ မကြာခင်ကောင်းမွန်လာမယ့် လမ်းကြောင်းတွေပွင့်လာ တော့မည့်အပြင် နိုင်ငံတကာ လူငယ်တွေလည်း မကြာခဏဆိုသလို အင်တာနက်ရဲ့ ကောင်းကျိုး Facebook ရဲ့ ကောင်းကျိုးတွေကို အခါအား လျှော်စွာမျှဝေပေးနေတာကိုနေ့စဉ် မြင်တွေ့နေရပါတယ်။ ဒါတွေကို ကျွန်တော်တို့တွေက ကောင်းမွန်တဲ့ ရှုတောင့်ကနေပြီး သုံးစွဲသူ တွေအချင်းချင်း မျှဝေရင်း အနာဂတ် မြန်မာ့ကွန်ယက်နဲ့ အတူလူငယ်တွေ ပူပေါင်းဆောင်ရွက်ဖို့ အချိန်ကျလာပါပြီ။ ဒါကြောင့် မြန်မာ့စီးပွားရေး နိုင်ငံတကာ နည်းတူအင်တာနက်ကို အခြေခံပြီး လူငယ်တွေ ဦးဆောင်လာ နိုင်လိမ့်မယ် လို့မျှော်လင့်ရင်း နိဂုံးချုပ် လိုက်ပါတယ်။ ခွန်နေ(August Myanmar Media Group)  အနာဂတ်လူငယ်နှင့် မြန်မာ့အင်တာနက် ====================== မြန်မာ့စီးပွား နဲ့ ကမ္ဘာ့စီးပွား ဘာကြောင့်ကွာဟမှု ကြီးမားနေရတာလည်း၊ သူတို့ဆီ မှာကုန်ပစ္စည်းတစ်ခု ထုတ်ကုန်တစ်ခု ဘာကြောင့်မို့ လူသိများလည်း၊ငွေအရင်နှီး အများကြီးမတတ်နိုင်တဲ့ ကုမ္ပဏီတွေ လုပ်ငန်းတွေကလည်း ဘာကြောင့်မို့ ရေရှည်ရပ်တည်နိုင်ပြီး ဘာကြောင့်အောင်မြင် ကြတာလည်း၊ မေးစရာမေးခွန်းတွေက အများကြီးပါ၊ဒါပေမယ့် အဖြေကတစ်ခုတည်းပါ၊ အဲဒါကတော့ အင်တာနက်ရှိနေလို့ပါပဲ၊ အင်တာနက်က ဘာတွေများအသုံးချလို့ရလည်း အများကြီးပါ၊စာဖတ်သူတွေလည်း သိရှိပြီးဖြစ် ပါလိမ့်မယ်၊အင်တာနက်ကနေ စာသင်မှာလား၊လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံတကာသတင်းတွေကြည့်မှာလား၊ ကမ္ဘာ့အရေး၊နိုင်ငံအရေး၊အားကစား၊ဒါမှမဟုတ် ဈေးဝယ်မှာလား၊ အိမ်မှာနေရင်း အင်တာနက်ဖွင့်လိုက်ရုံနဲ့ ဘာမဆိုရနေတဲ့ ခေတ်ကြီး ဖြစ်နေပါပြီ၊ ဒါတွေကိုနားလည် ထားတဲ့ စီးပွားရေးသမားတွေ က သူတို့ကုန်ပစ္စည်း၊ သူတို့ brand တွေ ကိုအကုန်ကျသက်သာမယ့် Oline media,online marketing တွေကိုစိတ်ဝင်စားလာပြီး သုံးစွဲသူတွေကို အင်တာနက်ကနေ တဆင့်ဝန်ဆောင်မှုတွေပေးလာပါတယ်။ ပထမဆုံးအနေနဲ့ လူမှုကွန်ရက် Facebook ကနေတဆင့် စတင်ထိုးဖောက် ပါတယ်၊အဆင်လည်းပြေသလို အကုန်ကျလည်းမရှိပါဘူး၊အဲဒီကနေတဆင့် web page လေးတွေထောင်လာတယ်၊အောင်မြင်လာတယ်၊ကုန်ပစ္စည်းနဲ့ ပတ်သက်တဲ့နောက်ဆုံးသတင်းတွေကို Facebook ကနေတဆင့် နေ့စဉ် ကြော်ငြာတယ်။ အင်တာနက်အသုံးပြုတဲ့သူတွေလည်းကိုယ်သိချင်တဲ့အကြောင်းရာလေးတွေကို Facebook ပေ့တ်ကနေတဆင့် မေးတယ်၊ဒီလိုနဲ့ စီးပွားရေးသမားတွေ နဲ့ သုံးစွဲသူတွေကြားမှာ နားလည်မှုတွေပိုရလာတယ်၊ သုံးစွဲသူတွေရဲ့ လိုအပ်ချက်တွေကို လုပ်ငန်းရှင်တွေကလည်း နားလည် လာတယ်၊ဒါကြောင့်လိုအပ်ချက်တွေကိုပြုပြင်တယ်၊သုံးစွဲသူတွေ အကြိုက်တွေ့အောင် လုပ်ဆောင်လာနိုင်တဲ့ အတွက်အောင်မြင်လာတယ်၊ လုပ်ငန်းတွေ အောင်မြင်လာတာနဲ့အတူ ၊လုပ်ငန်းတွေချဲ့ ထွင်လာတဲ့အတွက် အလုပ်ကိုင် နေရာတွေမှာ ဝန်ထမ်းတွေကိုလိုအပ်လာတယ်၊ဒါကြောင့်မို့ အလုပ်ကိုင်ခွင့်လမ်းတွေကောင်းမွန်လာတယ်၊အလုပ်လက်မဲ့တွေနည်းပါလာတယ်၊လူငယ်တိုင်း အလုပ်ကိုင် ကိုယ်စီ ရှိလာကြတယ်၊ ဒါတွေအကုန်လုံး အင်တာနက်ကပေးလိုက်တဲ့ နောက်ဆက်တွဲ တွေချည်းပါပဲ။ နောက်ဆုံး ဒီအင်တာနက်ကနေပဲ စီးပွားရေးသမားတွေတင်မက လူငယ်တွေကအစ နေရာယူလာတယ်၊အင်တာနက်ကို အကျိုးရှိရှိ အသုံးချလာ ကြတယ်၊တီထွင်တယ်၊ဆန်းသစ်တယ် အောင်မြင်တယ်။ ဒါကြောင့် သန်းကြွယ်သဌေး တွေဖြစ်လာတယ်၊နောက်ဆုံး ဂိမ်းဆော့တဲ့ ကလေးတွေကအစ Online မှာကစားရင်းနဲ့ Professional Gamer တွေဖြစ်လာတယ်။ Media သမားတွေလည်း online မှာအပြိုင်နေရာယူလာကြတယ်၊အာလုံးက အလုပ်တွေရှုပ်နေကြတယ်၊တိုးတက်မှုတွေမြန်ဆန်လာတယ်၊ဒါတွေကိုစာဖတ်သူတွေ အမြင်ပါ၊အခြေခံ အရင်းမြစ်ကဘာလဲ၊ Internat ပါပဲ၊ ကယ်ဟုတ်ပြီ ကျွန်တော်တို့ မြန်မာပြည် ဘက်ကိုပြန်လှည့်ကြည့်ရအောင်။ နိုင်ငံတကာမှာအောင်မြင်နေတဲ့ Online Media,Online Marketing မြန်မာနိုင်ငံမှာ မလုပ်ဘူးလား၊ သိပ်လုပ်တာပေါ့၊အရင်းနှီးနည်းတယ်၊အကုန်ကျသက်သာတယ်၊ဒါကြောင့် Online Serveces တွေပေါ်လာတယ်၊အင်တာနက်ကနေတဆင့် ဝန်ဆောင်မှုတွေ ပေါ်လာတယ်၊ဒါဆိုဘာကြောင့်မအောင်မြင်တာလည်း၊ အဓိကအချက်တွေ နဲ့ ကောင်းမွန်တဲ့ ဖြေရှင်းချက်ကိုယ်စီရှိပါတယ်။ (၁) တစ်နိုင်ငံလုံးအတိုင်းတာ နဲ့ အင်တာနက်သုံးစွဲသူနည်းပါးခြင်း တစ်နိုင်ငံလုံး အနေနဲ့သုံးစွဲသူအင်မတင်နည်းပါးလွန်းပါတယ်။လက်ရှိမြန်မာ နိုင်ငံမှာ လူဦးရေ သန်း ၆၀ နီးပါးရှိတဲ့ထဲက အင်တာနက်လို့ခေါ်တဲ့ Facebook ကိုအမှန် တကယ်သုံးစွဲနေသူ လူဦး ၆ သိန်းလောက်သာရှိတယ် လို့ သတင်းများအရသိရပါတယ်။ဒါကလည်း အင်တာနက်လိုင်းအားနည်း ခြင်းကြောင့် သုံးစွဲသူတွေ နည်းပါးခြင်းလို့ ယူဆလို့ရပါတယ်။ ဒါကြောင့် ပြည်တွင်းမှာ သုံးစွဲသူနည်းပါးတဲ့ အတွက် နိုင်ငံတကာနည်းတူ ဝန်ဆောင် မှုလုပ်ငန်းတွေမှာ နောက်ကျကျန်ခဲ့တယ်၊အဲဒီအတွက် မိမိကုန်ထုတ်ကုန်နဲ့ ပတ်သက်တဲ့ သတင်းတွေကို အင်တာနက်အသုံးပြုပြီး အကုန်ကျနည်းရမယ့် အစား တစ်နိုင်ငံလုံးသိအောင် အခြား ကြော်ငြာနည်းတွေနဲ့ အကုန်ကျများစွာ ထိုးဖောက်နေရပါတယ်။ ဒါကြောင့် ငွေကြေးပိုင်းအရ များစွာရင်းနှီးမြုပ်နှံ သုံးစွဲနေရပြီး နိုင်ငံတကာနည်းတူ အင်တာနက်မှာ အကုန်ကျနည်းတဲ့ ဝန်ဆောင်မှုတွေမှာ များစွာနောက်ကျကျန်နေခဲ့ပါတယ်။ သို့ပေမယ့်ဒီ နံပတ်တစ်အချက်က မကြာခင်ကောင်းမွန်တဲ့ လမ်းကြောင်းပေါ် ရောက်ရှိလာတော့မှာပါ။နိုင်ငံတကာ ဆက်သွယ်ရေး ကုမ္ပဏီအကူညီတွေနဲ့ ဆက်သွယ်ရေးကွန်ယက်တွေ ပြန်လည်ခေါင်းမော့လာတော့မှာပါ၊ဒါကြောင့် သုံးစွဲသူနည်းပါးခြင်းက မကြာခင်ဖြေရှင်းလို့ရမယ့် အပြင်ဆက်သွယ်ရေး လမ်းကြောင်းတွေ ကောင်းမွန်လာနိုင်တဲ့ အတွက် တစ်နိုင်ငံလုံးအတိုင်းတာနဲ့ တိုးတက်မှု တွေဖြစ်လာနိုင်ပါတယ်။ (၂)အင်တာနက်ကို အကြောင်းပြုပြီး တလွဲသုံးစွဲခြင်း ဒါကတော့ လက်ရှိသုံးစွဲသူတွေ၊စာဖတ်သူတွေ မကြာခဏကြုံတွေ့ရတဲ့ ကိစ္စ တစ်ခုပါ၊ကောင်းကျိုးထက် ဆိုးကျိုးကိုသာဦးတည်တဲ့ တလွဲသုံးစွဲခြင်းတွေ ပါ၊ကောလဟာလ သတင်းတွေဖြန့်ဝေမှု။တစ်ယောက်နှင့် တစ်ယောက် ဝေဖန်ထိုးနက်မှုတွေနဲ့ သာနေ့စဉ် လိုလိုမြင်တွေ့ အချိန်ကုန်နေရပါတယ်။ ဒီ နံပတ် ၂ အချက်က နိုင်ငံတကာကလာပြီး ပြုပြင်ပေးလို့ရတဲ့ ကိစ္စမဟုတ် သလို မိမိကိုယ်တိုင်ပြုပြင်ရမှ ရမှာပါ။ဒါတွေကို ဖြေရှင်းဖို့အတွက် တစ်ယောက်နဲ့တစ်ယောက် ကောင်းကျိုးအတွက် မျှဝေသုံးစွဲမယ်ဆိုရင် ကောင်းသောဦးတည်မှုတွေဖြစ်လာပါလိမ့်မယ်။ (၃)အင်တာနက်နှင့် ပတ်သက်သည့် ကောင်းကျိုးများကို လေ့လာမှုနည်းခြင်း လက်ရှိပြည်တွင်းမှာ လူငယ်တွေအဓိက စာဖတ်အားနည်းသွားခြင်းနဲ့ သက်ဆိုင်ပါတယ်၊နိုင်ငံတကာလူငယ်တွေက အင်တာနက် Facebook ကိုအကျိုးရှိရှိ အသုံးပြုနေချိန် ပြည်တွင်းလူငယ်တွေက အင်တာနက် ကိုအသုံးပြုပြီး ဂိမ်းကစားခြင်း တစ်မျိုးကိုသာခုံမှင် နှစ်သက်နေကြတဲ့ အပြင် အခြားသုံးစွဲမှုတွေမှာသာခုံမင်နေကြပါတယ်။အကျိုးရှိတဲ့စာ တွေကိုရွေးချယ် ဖတ်ရှုမှု နည်းပါးလွန်းပြီး စိတ်အပန်းဖြေတဲ့ ထွက်ပေါက်တစ်ခု အနေနဲ့သာအသုံးပြုကြပါတယ်။ ဒါကြောင့် လက်ရှိနိုင်ငံတကာ အတိုင်းတာအရ များစွာနောက်ကျ ကျန်နေတဲ့ နိုင်ငံကို ကူညီကယ်တင်ဖို့အတွက် လက်ရှိကျွန်တော်တို့တွေ ခင်ဗျားတို့တွေ လူငယ်တွေနဲ့သာသက်ဆိုင်ပါတယ်။ အဲဒီအတွက် ကောင်းမွန်တဲ့ ဖြတ်လမ်းက အားလုံးတက်ညီလက်ညီ ကြိုးစားဖို့သာလိုအပ်ပါတယ်။ လက်ရှိပြည်တွင်းမှာ မကြာခင်ကောင်းမွန်လာမယ့် လမ်းကြောင်းတွေပွင့်လာ တော့မည့်အပြင် နိုင်ငံတကာ လူငယ်တွေလည်း မကြာခဏဆိုသလို အင်တာနက်ရဲ့ ကောင်းကျိုး Facebook ရဲ့ ကောင်းကျိုးတွေကို အခါအား လျှော်စွာမျှဝေပေးနေတာကိုနေ့စဉ် မြင်တွေ့နေရပါတယ်။ ဒါတွေကို ကျွန်တော်တို့တွေက ကောင်းမွန်တဲ့ ရှုတောင့်ကနေပြီး သုံးစွဲသူ တွေအချင်းချင်း မျှဝေရင်း အနာဂတ် မြန်မာ့ကွန်ယက်နဲ့ အတူလူငယ်တွေ ပူပေါင်းဆောင်ရွက်ဖို့ အချိန်ကျလာပါပြီ။ ဒါကြောင့် မြန်မာ့စီးပွားရေး နိုင်ငံတကာ နည်းတူအင်တာနက်ကို အခြေခံပြီး လူငယ်တွေ ဦးဆောင်လာ နိုင်လိမ့်မယ် လို့မျှော်လင့်ရင်း နိဂုံးချုပ် လိုက်ပါတယ်။ ခွန်နေ(August Myanmar Media Group) Likes: 82
No comments:
Post a Comment