Thursday, July 18, 2013

အနာဂတ်လူငယ်နှင့်မြန်မာ့အင်တာနက်

အနာဂတ်လူငယ်နှင့် မြန်မာ့အင်တာနက် ====================== မြန်မာ့စီးပွား နဲ့ ကမ္ဘာ့စီးပွား ဘာကြောင့်ကွာဟမှု ကြီးမားနေရတာလည်း၊ သူတို့ဆီ မှာကုန်ပစ္စည်းတစ်ခု ထုတ်ကုန်တစ်ခု ဘာကြောင့်မို့ လူသိများလည်း၊ငွေအရင်နှီး အများကြီးမတတ်နိုင်တဲ့ ကုမ္ပဏီတွေ လုပ်ငန်းတွေကလည်း ဘာကြောင့်မို့ ရေရှည်ရပ်တည်နိုင်ပြီး ဘာကြောင့်အောင်မြင် ကြတာလည်း၊ မေးစရာမေးခွန်းတွေက အများကြီးပါ၊ဒါပေမယ့် အဖြေကတစ်ခုတည်းပါ၊ အဲဒါကတော့ အင်တာနက်ရှိနေလို့ပါပဲ၊ အင်တာနက်က ဘာတွေများအသုံးချလို့ရလည်း အများကြီးပါ၊စာဖတ်သူတွေလည်း သိရှိပြီးဖြစ် ပါလိမ့်မယ်၊အင်တာနက်ကနေ စာသင်မှာလား၊လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံတကာသတင်းတွေကြည့်မှာလား၊ ကမ္ဘာ့အရေး၊နိုင်ငံအရေး၊အားကစား၊ဒါမှမဟုတ် ဈေးဝယ်မှာလား၊ အိမ်မှာနေရင်း အင်တာနက်ဖွင့်လိုက်ရုံနဲ့ ဘာမဆိုရနေတဲ့ ခေတ်ကြီး ဖြစ်နေပါပြီ၊ ဒါတွေကိုနားလည် ထားတဲ့ စီးပွားရေးသမားတွေ က သူတို့ကုန်ပစ္စည်း၊ သူတို့ brand တွေ ကိုအကုန်ကျသက်သာမယ့် Oline media,online marketing တွေကိုစိတ်ဝင်စားလာပြီး သုံးစွဲသူတွေကို အင်တာနက်ကနေ တဆင့်ဝန်ဆောင်မှုတွေပေးလာပါတယ်။ ပထမဆုံးအနေနဲ့ လူမှုကွန်ရက် Facebook ကနေတဆင့် စတင်ထိုးဖောက် ပါတယ်၊အဆင်လည်းပြေသလို အကုန်ကျလည်းမရှိပါဘူး၊အဲဒီကနေတဆင့် web page လေးတွေထောင်လာတယ်၊အောင်မြင်လာတယ်၊ကုန်ပစ္စည်းနဲ့ ပတ်သက်တဲ့နောက်ဆုံးသတင်းတွေကို Facebook ကနေတဆင့် နေ့စဉ် ကြော်ငြာတယ်။ အင်တာနက်အသုံးပြုတဲ့သူတွေလည်းကိုယ်သိချင်တဲ့အကြောင်းရာလေးတွေကို Facebook ပေ့တ်ကနေတဆင့် မေးတယ်၊ဒီလိုနဲ့ စီးပွားရေးသမားတွေ နဲ့ သုံးစွဲသူတွေကြားမှာ နားလည်မှုတွေပိုရလာတယ်၊ သုံးစွဲသူတွေရဲ့ လိုအပ်ချက်တွေကို လုပ်ငန်းရှင်တွေကလည်း နားလည် လာတယ်၊ဒါကြောင့်လိုအပ်ချက်တွေကိုပြုပြင်တယ်၊သုံးစွဲသူတွေ အကြိုက်တွေ့အောင် လုပ်ဆောင်လာနိုင်တဲ့ အတွက်အောင်မြင်လာတယ်၊ လုပ်ငန်းတွေ အောင်မြင်လာတာနဲ့အတူ ၊လုပ်ငန်းတွေချဲ့ ထွင်လာတဲ့အတွက် အလုပ်ကိုင် နေရာတွေမှာ ဝန်ထမ်းတွေကိုလိုအပ်လာတယ်၊ဒါကြောင့်မို့ အလုပ်ကိုင်ခွင့်လမ်းတွေကောင်းမွန်လာတယ်၊အလုပ်လက်မဲ့တွေနည်းပါလာတယ်၊လူငယ်တိုင်း အလုပ်ကိုင် ကိုယ်စီ ရှိလာကြတယ်၊ ဒါတွေအကုန်လုံး အင်တာနက်ကပေးလိုက်တဲ့ နောက်ဆက်တွဲ တွေချည်းပါပဲ။ နောက်ဆုံး ဒီအင်တာနက်ကနေပဲ စီးပွားရေးသမားတွေတင်မက လူငယ်တွေကအစ နေရာယူလာတယ်၊အင်တာနက်ကို အကျိုးရှိရှိ အသုံးချလာ ကြတယ်၊တီထွင်တယ်၊ဆန်းသစ်တယ် အောင်မြင်တယ်။ ဒါကြောင့် သန်းကြွယ်သဌေး တွေဖြစ်လာတယ်၊နောက်ဆုံး ဂိမ်းဆော့တဲ့ ကလေးတွေကအစ Online မှာကစားရင်းနဲ့ Professional Gamer တွေဖြစ်လာတယ်။ Media သမားတွေလည်း online မှာအပြိုင်နေရာယူလာကြတယ်၊အာလုံးက အလုပ်တွေရှုပ်နေကြတယ်၊တိုးတက်မှုတွေမြန်ဆန်လာတယ်၊ဒါတွေကိုစာဖတ်သူတွေ အမြင်ပါ၊အခြေခံ အရင်းမြစ်ကဘာလဲ၊ Internat ပါပဲ၊ ကယ်ဟုတ်ပြီ ကျွန်တော်တို့ မြန်မာပြည် ဘက်ကိုပြန်လှည့်ကြည့်ရအောင်။ နိုင်ငံတကာမှာအောင်မြင်နေတဲ့ Online Media,Online Marketing မြန်မာနိုင်ငံမှာ မလုပ်ဘူးလား၊ သိပ်လုပ်တာပေါ့၊အရင်းနှီးနည်းတယ်၊အကုန်ကျသက်သာတယ်၊ဒါကြောင့် Online Serveces တွေပေါ်လာတယ်၊အင်တာနက်ကနေတဆင့် ဝန်ဆောင်မှုတွေ ပေါ်လာတယ်၊ဒါဆိုဘာကြောင့်မအောင်မြင်တာလည်း၊ အဓိကအချက်တွေ နဲ့ ကောင်းမွန်တဲ့ ဖြေရှင်းချက်ကိုယ်စီရှိပါတယ်။ (၁) တစ်နိုင်ငံလုံးအတိုင်းတာ နဲ့ အင်တာနက်သုံးစွဲသူနည်းပါးခြင်း တစ်နိုင်ငံလုံး အနေနဲ့သုံးစွဲသူအင်မတင်နည်းပါးလွန်းပါတယ်။လက်ရှိမြန်မာ နိုင်ငံမှာ လူဦးရေ သန်း ၆၀ နီးပါးရှိတဲ့ထဲက အင်တာနက်လို့ခေါ်တဲ့ Facebook ကိုအမှန် တကယ်သုံးစွဲနေသူ လူဦး ၆ သိန်းလောက်သာရှိတယ် လို့ သတင်းများအရသိရပါတယ်။ဒါကလည်း အင်တာနက်လိုင်းအားနည်း ခြင်းကြောင့် သုံးစွဲသူတွေ နည်းပါးခြင်းလို့ ယူဆလို့ရပါတယ်။ ဒါကြောင့် ပြည်တွင်းမှာ သုံးစွဲသူနည်းပါးတဲ့ အတွက် နိုင်ငံတကာနည်းတူ ဝန်ဆောင် မှုလုပ်ငန်းတွေမှာ နောက်ကျကျန်ခဲ့တယ်၊အဲဒီအတွက် မိမိကုန်ထုတ်ကုန်နဲ့ ပတ်သက်တဲ့ သတင်းတွေကို အင်တာနက်အသုံးပြုပြီး အကုန်ကျနည်းရမယ့် အစား တစ်နိုင်ငံလုံးသိအောင် အခြား ကြော်ငြာနည်းတွေနဲ့ အကုန်ကျများစွာ ထိုးဖောက်နေရပါတယ်။ ဒါကြောင့် ငွေကြေးပိုင်းအရ များစွာရင်းနှီးမြုပ်နှံ သုံးစွဲနေရပြီး နိုင်ငံတကာနည်းတူ အင်တာနက်မှာ အကုန်ကျနည်းတဲ့ ဝန်ဆောင်မှုတွေမှာ များစွာနောက်ကျကျန်နေခဲ့ပါတယ်။ သို့ပေမယ့်ဒီ နံပတ်တစ်အချက်က မကြာခင်ကောင်းမွန်တဲ့ လမ်းကြောင်းပေါ် ရောက်ရှိလာတော့မှာပါ။နိုင်ငံတကာ ဆက်သွယ်ရေး ကုမ္ပဏီအကူညီတွေနဲ့ ဆက်သွယ်ရေးကွန်ယက်တွေ ပြန်လည်ခေါင်းမော့လာတော့မှာပါ၊ဒါကြောင့် သုံးစွဲသူနည်းပါးခြင်းက မကြာခင်ဖြေရှင်းလို့ရမယ့် အပြင်ဆက်သွယ်ရေး လမ်းကြောင်းတွေ ကောင်းမွန်လာနိုင်တဲ့ အတွက် တစ်နိုင်ငံလုံးအတိုင်းတာနဲ့ တိုးတက်မှု တွေဖြစ်လာနိုင်ပါတယ်။ (၂)အင်တာနက်ကို အကြောင်းပြုပြီး တလွဲသုံးစွဲခြင်း ဒါကတော့ လက်ရှိသုံးစွဲသူတွေ၊စာဖတ်သူတွေ မကြာခဏကြုံတွေ့ရတဲ့ ကိစ္စ တစ်ခုပါ၊ကောင်းကျိုးထက် ဆိုးကျိုးကိုသာဦးတည်တဲ့ တလွဲသုံးစွဲခြင်းတွေ ပါ၊ကောလဟာလ သတင်းတွေဖြန့်ဝေမှု။တစ်ယောက်နှင့် တစ်ယောက် ဝေဖန်ထိုးနက်မှုတွေနဲ့ သာနေ့စဉ် လိုလိုမြင်တွေ့ အချိန်ကုန်နေရပါတယ်။ ဒီ နံပတ် ၂ အချက်က နိုင်ငံတကာကလာပြီး ပြုပြင်ပေးလို့ရတဲ့ ကိစ္စမဟုတ် သလို မိမိကိုယ်တိုင်ပြုပြင်ရမှ ရမှာပါ။ဒါတွေကို ဖြေရှင်းဖို့အတွက် တစ်ယောက်နဲ့တစ်ယောက် ကောင်းကျိုးအတွက် မျှဝေသုံးစွဲမယ်ဆိုရင် ကောင်းသောဦးတည်မှုတွေဖြစ်လာပါလိမ့်မယ်။ (၃)အင်တာနက်နှင့် ပတ်သက်သည့် ကောင်းကျိုးများကို လေ့လာမှုနည်းခြင်း လက်ရှိပြည်တွင်းမှာ လူငယ်တွေအဓိက စာဖတ်အားနည်းသွားခြင်းနဲ့ သက်ဆိုင်ပါတယ်၊နိုင်ငံတကာလူငယ်တွေက အင်တာနက် Facebook ကိုအကျိုးရှိရှိ အသုံးပြုနေချိန် ပြည်တွင်းလူငယ်တွေက အင်တာနက် ကိုအသုံးပြုပြီး ဂိမ်းကစားခြင်း တစ်မျိုးကိုသာခုံမှင် နှစ်သက်နေကြတဲ့ အပြင် အခြားသုံးစွဲမှုတွေမှာသာခုံမင်နေကြပါတယ်။အကျိုးရှိတဲ့စာ တွေကိုရွေးချယ် ဖတ်ရှုမှု နည်းပါးလွန်းပြီး စိတ်အပန်းဖြေတဲ့ ထွက်ပေါက်တစ်ခု အနေနဲ့သာအသုံးပြုကြပါတယ်။ ဒါကြောင့် လက်ရှိနိုင်ငံတကာ အတိုင်းတာအရ များစွာနောက်ကျ ကျန်နေတဲ့ နိုင်ငံကို ကူညီကယ်တင်ဖို့အတွက် လက်ရှိကျွန်တော်တို့တွေ ခင်ဗျားတို့တွေ လူငယ်တွေနဲ့သာသက်ဆိုင်ပါတယ်။ အဲဒီအတွက် ကောင်းမွန်တဲ့ ဖြတ်လမ်းက အားလုံးတက်ညီလက်ညီ ကြိုးစားဖို့သာလိုအပ်ပါတယ်။ လက်ရှိပြည်တွင်းမှာ မကြာခင်ကောင်းမွန်လာမယ့် လမ်းကြောင်းတွေပွင့်လာ တော့မည့်အပြင် နိုင်ငံတကာ လူငယ်တွေလည်း မကြာခဏဆိုသလို အင်တာနက်ရဲ့ ကောင်းကျိုး Facebook ရဲ့ ကောင်းကျိုးတွေကို အခါအား လျှော်စွာမျှဝေပေးနေတာကိုနေ့စဉ် မြင်တွေ့နေရပါတယ်။ ဒါတွေကို ကျွန်တော်တို့တွေက ကောင်းမွန်တဲ့ ရှုတောင့်ကနေပြီး သုံးစွဲသူ တွေအချင်းချင်း မျှဝေရင်း အနာဂတ် မြန်မာ့ကွန်ယက်နဲ့ အတူလူငယ်တွေ ပူပေါင်းဆောင်ရွက်ဖို့ အချိန်ကျလာပါပြီ။ ဒါကြောင့် မြန်မာ့စီးပွားရေး နိုင်ငံတကာ နည်းတူအင်တာနက်ကို အခြေခံပြီး လူငယ်တွေ ဦးဆောင်လာ နိုင်လိမ့်မယ် လို့မျှော်လင့်ရင်း နိဂုံးချုပ် လိုက်ပါတယ်။ ခွန်နေ(August Myanmar Media Group)  အနာဂတ်လူငယ်နှင့် မြန်မာ့အင်တာနက် ====================== မြန်မာ့စီးပွား နဲ့ ကမ္ဘာ့စီးပွား ဘာကြောင့်ကွာဟမှု ကြီးမားနေရတာလည်း၊ သူတို့ဆီ မှာကုန်ပစ္စည်းတစ်ခု ထုတ်ကုန်တစ်ခု ဘာကြောင့်မို့ လူသိများလည်း၊ငွေအရင်နှီး အများကြီးမတတ်နိုင်တဲ့ ကုမ္ပဏီတွေ လုပ်ငန်းတွေကလည်း ဘာကြောင့်မို့ ရေရှည်ရပ်တည်နိုင်ပြီး ဘာကြောင့်အောင်မြင် ကြတာလည်း၊ မေးစရာမေးခွန်းတွေက အများကြီးပါ၊ဒါပေမယ့် အဖြေကတစ်ခုတည်းပါ၊ အဲဒါကတော့ အင်တာနက်ရှိနေလို့ပါပဲ၊ အင်တာနက်က ဘာတွေများအသုံးချလို့ရလည်း အများကြီးပါ၊စာဖတ်သူတွေလည်း သိရှိပြီးဖြစ် ပါလိမ့်မယ်၊အင်တာနက်ကနေ စာသင်မှာလား၊လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံတကာသတင်းတွေကြည့်မှာလား၊ ကမ္ဘာ့အရေး၊နိုင်ငံအရေး၊အားကစား၊ဒါမှမဟုတ် ဈေးဝယ်မှာလား၊ အိမ်မှာနေရင်း အင်တာနက်ဖွင့်လိုက်ရုံနဲ့ ဘာမဆိုရနေတဲ့ ခေတ်ကြီး ဖြစ်နေပါပြီ၊ ဒါတွေကိုနားလည် ထားတဲ့ စီးပွားရေးသမားတွေ က သူတို့ကုန်ပစ္စည်း၊ သူတို့ brand တွေ ကိုအကုန်ကျသက်သာမယ့် Oline media,online marketing တွေကိုစိတ်ဝင်စားလာပြီး သုံးစွဲသူတွေကို အင်တာနက်ကနေ တဆင့်ဝန်ဆောင်မှုတွေပေးလာပါတယ်။ ပထမဆုံးအနေနဲ့ လူမှုကွန်ရက် Facebook ကနေတဆင့် စတင်ထိုးဖောက် ပါတယ်၊အဆင်လည်းပြေသလို အကုန်ကျလည်းမရှိပါဘူး၊အဲဒီကနေတဆင့် web page လေးတွေထောင်လာတယ်၊အောင်မြင်လာတယ်၊ကုန်ပစ္စည်းနဲ့ ပတ်သက်တဲ့နောက်ဆုံးသတင်းတွေကို Facebook ကနေတဆင့် နေ့စဉ် ကြော်ငြာတယ်။ အင်တာနက်အသုံးပြုတဲ့သူတွေလည်းကိုယ်သိချင်တဲ့အကြောင်းရာလေးတွေကို Facebook ပေ့တ်ကနေတဆင့် မေးတယ်၊ဒီလိုနဲ့ စီးပွားရေးသမားတွေ နဲ့ သုံးစွဲသူတွေကြားမှာ နားလည်မှုတွေပိုရလာတယ်၊ သုံးစွဲသူတွေရဲ့ လိုအပ်ချက်တွေကို လုပ်ငန်းရှင်တွေကလည်း နားလည် လာတယ်၊ဒါကြောင့်လိုအပ်ချက်တွေကိုပြုပြင်တယ်၊သုံးစွဲသူတွေ အကြိုက်တွေ့အောင် လုပ်ဆောင်လာနိုင်တဲ့ အတွက်အောင်မြင်လာတယ်၊ လုပ်ငန်းတွေ အောင်မြင်လာတာနဲ့အတူ ၊လုပ်ငန်းတွေချဲ့ ထွင်လာတဲ့အတွက် အလုပ်ကိုင် နေရာတွေမှာ ဝန်ထမ်းတွေကိုလိုအပ်လာတယ်၊ဒါကြောင့်မို့ အလုပ်ကိုင်ခွင့်လမ်းတွေကောင်းမွန်လာတယ်၊အလုပ်လက်မဲ့တွေနည်းပါလာတယ်၊လူငယ်တိုင်း အလုပ်ကိုင် ကိုယ်စီ ရှိလာကြတယ်၊ ဒါတွေအကုန်လုံး အင်တာနက်ကပေးလိုက်တဲ့ နောက်ဆက်တွဲ တွေချည်းပါပဲ။ နောက်ဆုံး ဒီအင်တာနက်ကနေပဲ စီးပွားရေးသမားတွေတင်မက လူငယ်တွေကအစ နေရာယူလာတယ်၊အင်တာနက်ကို အကျိုးရှိရှိ အသုံးချလာ ကြတယ်၊တီထွင်တယ်၊ဆန်းသစ်တယ် အောင်မြင်တယ်။ ဒါကြောင့် သန်းကြွယ်သဌေး တွေဖြစ်လာတယ်၊နောက်ဆုံး ဂိမ်းဆော့တဲ့ ကလေးတွေကအစ Online မှာကစားရင်းနဲ့ Professional Gamer တွေဖြစ်လာတယ်။ Media သမားတွေလည်း online မှာအပြိုင်နေရာယူလာကြတယ်၊အာလုံးက အလုပ်တွေရှုပ်နေကြတယ်၊တိုးတက်မှုတွေမြန်ဆန်လာတယ်၊ဒါတွေကိုစာဖတ်သူတွေ အမြင်ပါ၊အခြေခံ အရင်းမြစ်ကဘာလဲ၊ Internat ပါပဲ၊ ကယ်ဟုတ်ပြီ ကျွန်တော်တို့ မြန်မာပြည် ဘက်ကိုပြန်လှည့်ကြည့်ရအောင်။ နိုင်ငံတကာမှာအောင်မြင်နေတဲ့ Online Media,Online Marketing မြန်မာနိုင်ငံမှာ မလုပ်ဘူးလား၊ သိပ်လုပ်တာပေါ့၊အရင်းနှီးနည်းတယ်၊အကုန်ကျသက်သာတယ်၊ဒါကြောင့် Online Serveces တွေပေါ်လာတယ်၊အင်တာနက်ကနေတဆင့် ဝန်ဆောင်မှုတွေ ပေါ်လာတယ်၊ဒါဆိုဘာကြောင့်မအောင်မြင်တာလည်း၊ အဓိကအချက်တွေ နဲ့ ကောင်းမွန်တဲ့ ဖြေရှင်းချက်ကိုယ်စီရှိပါတယ်။ (၁) တစ်နိုင်ငံလုံးအတိုင်းတာ နဲ့ အင်တာနက်သုံးစွဲသူနည်းပါးခြင်း တစ်နိုင်ငံလုံး အနေနဲ့သုံးစွဲသူအင်မတင်နည်းပါးလွန်းပါတယ်။လက်ရှိမြန်မာ နိုင်ငံမှာ လူဦးရေ သန်း ၆၀ နီးပါးရှိတဲ့ထဲက အင်တာနက်လို့ခေါ်တဲ့ Facebook ကိုအမှန် တကယ်သုံးစွဲနေသူ လူဦး ၆ သိန်းလောက်သာရှိတယ် လို့ သတင်းများအရသိရပါတယ်။ဒါကလည်း အင်တာနက်လိုင်းအားနည်း ခြင်းကြောင့် သုံးစွဲသူတွေ နည်းပါးခြင်းလို့ ယူဆလို့ရပါတယ်။ ဒါကြောင့် ပြည်တွင်းမှာ သုံးစွဲသူနည်းပါးတဲ့ အတွက် နိုင်ငံတကာနည်းတူ ဝန်ဆောင် မှုလုပ်ငန်းတွေမှာ နောက်ကျကျန်ခဲ့တယ်၊အဲဒီအတွက် မိမိကုန်ထုတ်ကုန်နဲ့ ပတ်သက်တဲ့ သတင်းတွေကို အင်တာနက်အသုံးပြုပြီး အကုန်ကျနည်းရမယ့် အစား တစ်နိုင်ငံလုံးသိအောင် အခြား ကြော်ငြာနည်းတွေနဲ့ အကုန်ကျများစွာ ထိုးဖောက်နေရပါတယ်။ ဒါကြောင့် ငွေကြေးပိုင်းအရ များစွာရင်းနှီးမြုပ်နှံ သုံးစွဲနေရပြီး နိုင်ငံတကာနည်းတူ အင်တာနက်မှာ အကုန်ကျနည်းတဲ့ ဝန်ဆောင်မှုတွေမှာ များစွာနောက်ကျကျန်နေခဲ့ပါတယ်။ သို့ပေမယ့်ဒီ နံပတ်တစ်အချက်က မကြာခင်ကောင်းမွန်တဲ့ လမ်းကြောင်းပေါ် ရောက်ရှိလာတော့မှာပါ။နိုင်ငံတကာ ဆက်သွယ်ရေး ကုမ္ပဏီအကူညီတွေနဲ့ ဆက်သွယ်ရေးကွန်ယက်တွေ ပြန်လည်ခေါင်းမော့လာတော့မှာပါ၊ဒါကြောင့် သုံးစွဲသူနည်းပါးခြင်းက မကြာခင်ဖြေရှင်းလို့ရမယ့် အပြင်ဆက်သွယ်ရေး လမ်းကြောင်းတွေ ကောင်းမွန်လာနိုင်တဲ့ အတွက် တစ်နိုင်ငံလုံးအတိုင်းတာနဲ့ တိုးတက်မှု တွေဖြစ်လာနိုင်ပါတယ်။ (၂)အင်တာနက်ကို အကြောင်းပြုပြီး တလွဲသုံးစွဲခြင်း ဒါကတော့ လက်ရှိသုံးစွဲသူတွေ၊စာဖတ်သူတွေ မကြာခဏကြုံတွေ့ရတဲ့ ကိစ္စ တစ်ခုပါ၊ကောင်းကျိုးထက် ဆိုးကျိုးကိုသာဦးတည်တဲ့ တလွဲသုံးစွဲခြင်းတွေ ပါ၊ကောလဟာလ သတင်းတွေဖြန့်ဝေမှု။တစ်ယောက်နှင့် တစ်ယောက် ဝေဖန်ထိုးနက်မှုတွေနဲ့ သာနေ့စဉ် လိုလိုမြင်တွေ့ အချိန်ကုန်နေရပါတယ်။ ဒီ နံပတ် ၂ အချက်က နိုင်ငံတကာကလာပြီး ပြုပြင်ပေးလို့ရတဲ့ ကိစ္စမဟုတ် သလို မိမိကိုယ်တိုင်ပြုပြင်ရမှ ရမှာပါ။ဒါတွေကို ဖြေရှင်းဖို့အတွက် တစ်ယောက်နဲ့တစ်ယောက် ကောင်းကျိုးအတွက် မျှဝေသုံးစွဲမယ်ဆိုရင် ကောင်းသောဦးတည်မှုတွေဖြစ်လာပါလိမ့်မယ်။ (၃)အင်တာနက်နှင့် ပတ်သက်သည့် ကောင်းကျိုးများကို လေ့လာမှုနည်းခြင်း လက်ရှိပြည်တွင်းမှာ လူငယ်တွေအဓိက စာဖတ်အားနည်းသွားခြင်းနဲ့ သက်ဆိုင်ပါတယ်၊နိုင်ငံတကာလူငယ်တွေက အင်တာနက် Facebook ကိုအကျိုးရှိရှိ အသုံးပြုနေချိန် ပြည်တွင်းလူငယ်တွေက အင်တာနက် ကိုအသုံးပြုပြီး ဂိမ်းကစားခြင်း တစ်မျိုးကိုသာခုံမှင် နှစ်သက်နေကြတဲ့ အပြင် အခြားသုံးစွဲမှုတွေမှာသာခုံမင်နေကြပါတယ်။အကျိုးရှိတဲ့စာ တွေကိုရွေးချယ် ဖတ်ရှုမှု နည်းပါးလွန်းပြီး စိတ်အပန်းဖြေတဲ့ ထွက်ပေါက်တစ်ခု အနေနဲ့သာအသုံးပြုကြပါတယ်။ ဒါကြောင့် လက်ရှိနိုင်ငံတကာ အတိုင်းတာအရ များစွာနောက်ကျ ကျန်နေတဲ့ နိုင်ငံကို ကူညီကယ်တင်ဖို့အတွက် လက်ရှိကျွန်တော်တို့တွေ ခင်ဗျားတို့တွေ လူငယ်တွေနဲ့သာသက်ဆိုင်ပါတယ်။ အဲဒီအတွက် ကောင်းမွန်တဲ့ ဖြတ်လမ်းက အားလုံးတက်ညီလက်ညီ ကြိုးစားဖို့သာလိုအပ်ပါတယ်။ လက်ရှိပြည်တွင်းမှာ မကြာခင်ကောင်းမွန်လာမယ့် လမ်းကြောင်းတွေပွင့်လာ တော့မည့်အပြင် နိုင်ငံတကာ လူငယ်တွေလည်း မကြာခဏဆိုသလို အင်တာနက်ရဲ့ ကောင်းကျိုး Facebook ရဲ့ ကောင်းကျိုးတွေကို အခါအား လျှော်စွာမျှဝေပေးနေတာကိုနေ့စဉ် မြင်တွေ့နေရပါတယ်။ ဒါတွေကို ကျွန်တော်တို့တွေက ကောင်းမွန်တဲ့ ရှုတောင့်ကနေပြီး သုံးစွဲသူ တွေအချင်းချင်း မျှဝေရင်း အနာဂတ် မြန်မာ့ကွန်ယက်နဲ့ အတူလူငယ်တွေ ပူပေါင်းဆောင်ရွက်ဖို့ အချိန်ကျလာပါပြီ။ ဒါကြောင့် မြန်မာ့စီးပွားရေး နိုင်ငံတကာ နည်းတူအင်တာနက်ကို အခြေခံပြီး လူငယ်တွေ ဦးဆောင်လာ နိုင်လိမ့်မယ် လို့မျှော်လင့်ရင်း နိဂုံးချုပ် လိုက်ပါတယ်။ ခွန်နေ(August Myanmar Media Group) Likes: 82

IP addressအကြောင်းသိကောင်းစရာ

IP Address အကြောင်း သိကောင်းစရာ  ................................................. IP Address ဆိုတာ Internet Protocol Address ဖြစ်ပါတယ်။ မြန်မာလို တည့်တည့် ဘာသာပြန်ရရင် နိုင်ငံတကာ ကွန်ပြူတာ ဆက်သွယ်မှု ကွန်ရက် နားလည်မှု သဘောတူညီချက် လိပ်စာ လို့ အဓိပ္ပါယ် ရောက်ပါတယ်။ ဒီတော့ IT Term တစ်ချို့ က မြန်မာလို့ ဘာသာမပြန်ပဲ အင်္ဂလိပ်လို မှတ်ထားတာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ တစ်ချိန် ကွန်ပြူတာတွေ မပေါ်မှီ၊ အင်တာနက် မပေါ်မှီ တစ်နေရာကနေ တစ်နေရာ စာပို့တဲ့အခါ လိပ်စာ အပြည့်အစုံရေးလို့၊ လူအမည်ရေးလို့ စာတိုက်ပုံးထဲ ထည့်ရပါတယ်။ ယခုလည်း ယင်းသဘောတရားပါပဲ။ ဘယ်ကွန်ပြူတာက ဘယ်ကွန်ပြူတာကို ပို့ပါတယ်။ ဘယ်နိုင်ငံ ကွန်ရက်ကနေ ပို့ပါတယ် အစရှိသဖြင့် သိရှိအောင် အင်တာနက်လိပ်စာ ဆိုပြီး IP Address ဆိုတာ ပေါ်ထွန်းလာပါတယ်။  Physical IP Address IP Address ကို နှစ်မျိုးထပ်ခွဲရင် ပုံမှာ ပြထားတဲ့အတိုင်း ပါပဲ။ Physical Address နဲ့ Virtual Address ပါ။ Physical Address ဆိုတာ ရူပဗေဒဆိုင်ရာ လိပ်စာလို့ ဘာသာမပြန်မိပါစေနဲ့။ ထိတွေ့ကိုင်တွယ်၍ရသော လိပ်စာလို့လည်း ဘာသာမပြန်ရပါဘူး။ အချက်အလက် ပို့လွတ်လိုက်တဲ့ ပစ္စည်းရဲ့ လိပ်စာကို ဆိုလိုခြင်း ဖြစ်ပါတယ်။ ယင်းကတော့ Mac Address ပါ။ Machine Address ဖြစ်ပါတယ်။ ဒါက ထုတ်လုပ်သူတို့ ကွန်ပြူတာ၊ မိုဘိုင်းတွေထဲမှာ ပုံသေ ပါလာပြီးသား လိပ်စာ ဖြစ်ပါတယ်။ Virtual IP Address နောက်တစ်မျိုးကတော့ Virtual Address ပါ။ ထိတွေ့၍ မရသော လိပ်စာလို့ ဘာသာမပြန်ရပါဘူး။ အင်တာနက်ကွန်ရက်တွေမှာ ပို့လွတ်တဲ့အခါ ကွန်ပြူတာ ကြီးက လိုက်ရွေ့ သွားခြင်း မဟုတ်ပဲ အချက်အလက်ကပဲ သွားတာပါ။ ယင်းအချက်အလက်က ဘယ်ကနေလာတယ် ဆိုတာကို Virtual Address နဲ့ ခွဲခြားရပါတယ်။ သူ့ကို ထပ်ခွဲမယ်ဆိုရင် Public IP Address နဲ့ Private IP Address ဆိုပြီး နှစ်မျိုး ထပ်ကွဲနေပြန်ပါသေးတယ်။ Public IP Address Public IP Address ဆိုတာ ပြည်သူ့ IP Address မဟုတ်ပါဘူး။ အင်တာနက် ကွန်ရက်များ အများသူငှာ Public တစ်ခုလုံးက ဘယ်လိပ်စာ ဘာကိုပြောတယ်ဆိုတာ သိအောင် မှတ်သားထားတဲ့ လိပ်စာ ဖြစ်ပါတယ်။ ဥပမာ 203.81.160.0 ကနေ 203.81.175.255 ဆိုတာ မြန်မာပြည်က တရားဝင် ဝယ်ထားတဲ့ IP Address ပါ။ အခြား IP Range လည်း ရှိပါသေးတယ်။ ကားစကားငှားသုံးရရင် ကားနံပါတ် အသေဝယ်ထားတဲ့ သဘော ဖြစ်ပါတယ်။ နိုင်ငံတကာ အင်တာနက်ကွန်ရက်နဲ့ ချိတ်ဆက်တဲ့အခါ ယင်းနံပါတ်အသေနဲ့ သာ သွားလာရခြင်း ဖြစ်ပြီး စီးပွားရေး ပိတ်ဆို့မှုတို့ ဘာတို့လုပ်တဲ့အခါ ယင်း IP Address ကို Ban ရုံပဲ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာပြည်ကနေ PayPal တို့ဘာတို့ ဖွင့်မရသေးခြင်း ဖြစ်ပါတယ်။ မြန်မာပြည် အနေနဲ့လည်း ဘယ်ဆိုဒ်တို့ ဘယ်ဆိုဒ်တို့ကို ကြည့်ခွင့်မရှိဆိုပြီး Proxy server မှာ ပိတ်တဲ့အခါ ပိတ်ချင်တဲ့ ဝဘ်ဆိုဒ်လိပ်စာ /IP Address ကိုထည့်ထားရုံပဲ ဖြစ်ပါတယ်။ ဒါကြောင့် တစ်ချိန်တုန်းက Youtube ဆိုတာ ကြည့်လို့မရခဲ့ပါဘူး။ URL Address Bar မှာ 31.13.82.1 ကို ရိုက်ထည့်ပြီး Enter ခေါက်ကြည့်ပါ။ Facebook ကျလာပါလိမ့်မယ်။ Private IP Address ပုဂ္ဂလိ IP Address လို့ ဘာသာမပြန်ရပါဘူး။ ကျနော် ကတော့ မိမိ အဆင်ပြေသလို ပေးလို့ ရတဲ့ IP Address လို့ပဲ မှတ်ထား မိပါတယ်။ သို့ပေမယ့် အဲ့တစ်ခုတည်းနဲ့ဆိုရင်မှားသွားပါလမ့်မယ်။ ကြိုက်ရာပေးတာ တောင်မှ Class A, Class B, Class C ဆိုပြီး ထပ်ကွဲ ပါသေးတယ်။ Public လို့ခေါ်တဲ့ နိုင်ငံတကာ အင်တာနက်ကွန်ရက်တွေ ပေါ်ကို မသွားပါဘူး။ ကုမ္မဏီတွင်း၊ မြို့ နယ်တွင်း မိမိတို့ Locak စက်တွေမှာ သွားလာတဲ့ IP Address ဖြစ်ပြီး အင်တာနက် သုံးချင်၊ အပြင်ထွက်ချင်တဲ့အခါမှ Public IP Address သို့ ပြောင်းလဲ ပေးပါတယ်။ အနီးစပ်ဆုံး ဥပမာ ပေးရရင် - လိုင်စင်မဲ့ကားတွေ မြို့ထဲသွားတော့မယ်ဆိုမှ လူမြင်လို့ကောင်းမယ့် နံပါတ်တစ်ခုပြောင်းတပ်လိုက်ခြင်း ဖြစ်ပါတယ်။ သို့ပေမယ့် သူ့ Local မှာကျ ဒီကားက ဘယ်သူ့ကားဆိုတာ သိနေပါတယ်။ ဒီသဘောပါပဲ။ Private IP Address က သူ့ Local မှာ အလုပ်လုပ်တဲ့အခါ Local IP Address နဲ့ပဲ အလုပ်လုပ်ပြီး အင်တာနက် ကွန်ရက်ပေါ် ပြေးလွှားပြီဆိုမှ Public IP Address သို့ ပြောင်း လဲ ပေးရပါတယ်။ ဒါကို ကြားမှာ ပြောင်းလဲပေးတဲ့ စနစ်ကိုလည်း Service Provider များက အများစု ဝန်ဆောင်မှု ပေးပါတယ်။ ဥပမာ ကျနော်တို့ ရုံးတွင်းက ကွန်ပြူတာတွေ အင်တာနက်မသုံးဘူး။ မချိတ်ဘူး။ ကွန်ပြူတာအချင်းချင်းပဲ အချက်အလက်တွေပို့မယ်ဆိုရင် Private IP Address နဲ့ တင်လုံလောက်ပါတယ်။ သို့ပေမယ့် ယင်းသို့ ပို့နေရင်း၊ လုပ်နေရင်းက အင်တာနက်လေးသုံးမယ်။ အခြားနိုင်ငံက ရုံးခွဲကို အီးမေးလ်ပို့မယ်ဆိုရင်တော့ အင်တာနက် ဆိုတာကြီး လိုအပ် လာပြီ ဖြစ်ပါတယ်။ ဒီလိုဆိုရင်တော့ Public IP Address ကိုလည်း အသုံးပြုရပြီ ဖြစ်ပါတယ်။ှုIP Address အသုံးဝင်ပုံ စာပို့တဲ့သူတင်မကပါဘူး။ စာတိုက်ပုံးမှာလည်း နံပါတ်ပါရှိပါတယ်။ စာတိုက်ရုံးမှာလည်း လိပ်စာရှိပါတယ်။ စာရမယ့်သူမှာလည်း လိပ်စာရှိပါတယ်။ စာရမယ့်သူ အမည်လည်း ရှိပါတယ်။ ထိုနည်းတူစွာပါပဲ IP Address ဆိုတာ Facebook မှာလည်းရှိရပါတယ်။ Google မှာလည်းရှိပါတယ်။ အီးမေးလ်ပို့မယ့်သူမှာလည်း ရှိရပါမယ်။ အီးမေးလ်ပို့ပေးမယ့် Service Provider မှာလည်း ရှိရ ပါတယ်။ Email လက်ခံမယ့်သူဆီမှာလည်း ရှိရပါတယ်။ ပို့တဲ့သူနဲ့ လက်ခံတဲ့သူကို ခွဲခြားမှုကျ Service Provider က သတ်မှတ်ပေးတဲ့ လိပ်စာနဲ့ ကွန်ပြူတာတို့ရဲ့   Physical Address (Mac Address) က အထောက်အကူ ပြုပေးမှာ ဖြစ်ပါတယ်။ အလွယ်ကူဆုံးဖြစ်အောင် ကြိုးစား ရှင်းပြမိတာလေးပါ။ ဒီထက်ပိုတဲ့ ရှင်းလင်းမှုကို What is IP Address လို့ Google search မှာ ရှာကြည့် ဖတ်ရှု နိုင်ပါတယ်။ ဝီကီမှာလည်း ဖတ်ရှု နိုင်ပါတယ်။ Private IP address range Class A - 10.0.0.0 to 10.255.255.255 Class B -  172.16.0.0 - 172.31.255.255 Class C - 92.168.0.0 - 192.168.255.255 8 bit ပါရှိသော 1 byte မှ စုစုပေါင်း 4 byte ဖွဲ့စည်းမှု ကို IPv4 Address လို့ ခေါ်ပါတယ်။ ကားနံပါတ်လိုပါပဲ။ နံပါတ်တွေ မလောက်တော့တဲ့အခါ IPv6 Address ဆိုပြီး ပေါ်လာမှာ ဖြစ်ပါတယ်။ စုစုပေါင်း ဖွဲ့စည်းမှုက 128 bits တောင် ရှိလာမှာ ဖြစ်ပါတယ်။ ယခုလို လိပ်စာများပြား မှုကြောင့် နောင်ပိုင်း အိုင်တီပစ္စည်းတွေတိုင်းမှာ ကိုယ်ပိုင် IP လိပ်စာများ ရှိလာမယ်လို့ ကြားသိရပါတယ်။ ယင်းအမည်တွေကို အဆင်ပြေသလိုပေးလို့ မရပါဘူး။ ပေးပုံ ပေးနည်း သင်္ချာနဲ့ တိတိကျကျ တွက်ချက်ပြီး ပေးရတာ ဖြစ်ပါတယ်။ Mac Address Machine Address ကတော့ 48 bits ပါ။ ဒါက ကွန်ပြူတာထုတ်လုပ်သူတို့က ၎င်းတို့ ပစ္စည်းအပေါ် ချပေးတဲ့ လိပ်စာ ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် ယင်းလိပ်စာတွေကို ပြောင်းလဲလို့ မရပါဘူး။ Physical Address ဖြစ်လို့ ဖြစ်ပါတယ်။ ဥပမာ - 01-23-45-67-89-ab IP Address အကြောင်းအခြေခံအားဖြင့် အကြမ်းဖျဉ်း သိရှိပြီလို့ မျှော်လင့် ပါတယ်။ . အောင်ခမ်း (TSJ team) learned from RHC Technologies .